နာမည်ကြီး ရုပ်ရှင်ဇာတ်ကာများဖြင့် ရုပ်ရှင်ဓာတ်ပုံအက ယ်ဒမီဆုများရရှိခဲ့သည့် ဓာတ်ပုံပညာရှင် ဦးသန်းညွန့်(ပန်းသာ) မှာ ယမန်နေ့ ဖေဖော်ဝါရီ (၁၄)ရက် နံနက်ပိုင်းက ကွယ်လွန်သွားခဲ့ပြီဖြစ်ကာ ၎င်း၏ ဈာပနကို မနက်ဖြန် ဖေဖော်ဝါရီ (၁၆)ရက် ၌ ရန်ကုန်မြို့ရေဝေးသုဿန်တွင် သဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းသည် ၁၉၉၃ခုနှစ်၌ “မြစ်တို့၏ မာယာ”၊ ၁၉၉၅ ခုနှစ်၌ “ပုဂံမှာ သာတဲ့လ”၊ ၁၉၉၈ ခုနှစ်၌ “ညမင်းသား”၊၂၀၀၀ပြည့်နှစ်၌ “မောင့်မူပိုင်ရှင်”၊၂၀၀၆ ခုနှစ်၌ “ပန်းပျိုးသူတို့ အလ င်္ကာ” ၊၂၀၀၈ ခုနှစ်၌ “ကြိုးတန်း” ဇာတ်ကားတို့ဖြင့်အကယ် ဒမီဆု ( ၆)ဆုရရှိထားသူဖြစ်သည်။
ဆရာ ဦးသန့်းညွှန့်သည် လေဖြတ်ရောဂါ၊ ကျောက်ကပ်ရော ဂါ၊ အသည်းခြောက် ရောဂါဝေဒနာများ ခံစားနေရသူဖြစ်ကာ ရန်ကုန်မြို့ရှိ သူ၏နေအိမ်၌ပင် ကွယ်လွန်ခဲ့ပြီး၊ ကွယ် လွန်ချိန်တွင် အသက် (၇၆) နှစ်အရွယ်ရှိပြီဖြစ်ကြောင်း သိရသည်။
“ခေါက်ထီးကလေး မလုံ့တလုံ ဇာတ်ကားတစ်ကားမှာပဲ ဆုံခဲ့ဖူးတဲ့ ဝါရင့်ကင်မရာပညာရှင် ဘဘဦးသန်းညွန့် ကွယ်လွန်ကြောင်း သိရလို့ မိသားစုနဲ့အတူ နှမြောကြေကွဲရပါတယ်။ မြစ်တို့၏ မာယာ ဇာတ်ကားကို ဆေးကျောင်းသားဘဝက ရုံမှာ တိုးကြည့်ခဲ့ရပြီး ဒီကားကဓာတ်ပုံ အကယ်ဒမီရမှာပဲလို့တန်းပြီး ခန့်မှန်းခဲ့တာ။ သူလက်စွမ်းဖြစ်နေတယ် ညွန့်ညွန့်ကောင်းရာသုဂတိမှာ ငြိမ်းချမ်းပါစေ” ဟု ဇာတ်ညွှန်း မိုးနီလွင်က ၎င်း၏ လူမှုကွန် ရက်စာမျက်နှာတွင်ရေးသားမျှဝေထား သည်။
ဓာတ်ပုံ-U Aye Kyu Lay
