Thursday, June 25, 2026

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ...

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက်...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း...

အားကစားသမားပေါင်း (၂၂၆) ဦး ပါဝင်ယှဉ်ပြိုင်သည့်...

​၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံ ပစ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ် နှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ဇွန်လ (၂၁) ရက်မှ (၂၃)...
HomePopular Academy2018 Academyအကယ်ဒမီ ဆန်ကာတင် ဇာတ်ကားတွေအပေါ်...

အကယ်ဒမီ ဆန်ကာတင် ဇာတ်ကားတွေအပေါ် စာနယ်ဇင်းဆရာဦးဝင်းငြိမ်းရဲ့သုံးသပ်ချက်

အနုပညာရှင်​တွေကို တစ်​နှစ်​တစ်​ခါ ပေးအပ်​ချီးမြှင့်​တဲ့ အကယ်​ဒမီပေးပွဲဆိုတာ​ မြန်​မာတစ်​နိုင်​ငံလုံးက အနုပညာရှင်​တွေ သာမက၊ ပရိသတ်​တွေကပါ စိတ်​ဝင်​စားကြတဲ့ ပွဲ တစ်​ပွဲပါ။ ကိုယ်​ချစ်​ခင်​ရတဲ့ အနုပညာရှင်​မင်းသား၊ မင်းသမီး ဘယ်သူ ရသွားမလဲဆိုပြီး တစ်​နိုင်​ငံလုံးနီးပါး ရင်​ခုန်​စိတ်​လှုပ်​ရှားစွာ စောင့်​ကြည့်ကြတဲ့ ပွဲတစ်​ပွဲလည်း ဖြစ်​ပါတယ်။ မတ်​လ ၂၃ ရက်​နေ့မှာ ကျင်းပပြုလုပ်​မယ့် အကယ်​ဒမီပေးပွဲနဲ့ ပတ်​သက်​ပြီး စာနယ်​ဇင်း ဆရာဦးဝင်းငြိမ်းကလည်း စာနယ်​ဇင်း ဆရာ တစ်​ယောက်​အနေနဲ့ အကယ်​ဒမီခန့်​မှန်းတွေ ကိုလည်း အခုလို ပြောပြခဲ့ပါတယ်​။…

“၂ဝ၁၈ ခုနှစ်​ ပထမ လေးလပိုင်း လောက်​မှာ ခရစ္စတီးနားခီရဲ့ ဇာတ်​ကား ဥပါ တံမျဉ်​နဲ့ မုဒြာရဲ့ခေါ်သံ ဒီကားနှစ်​ကားက Quality လည်း ကောင်းတယ်​။ ရိုက်​ကူးတင်​ပြပုံ လည်းကောင်းတဲ့အတွက်​ ပရိသတ်​တွေ စိတ်​ဝင်​စားပြီး ပေါက်​လည်း ပေါက်​ခဲ့တယ်​။ ဒီကားနှစ်​ကားကတော့ သေချာပေါက်​ ၂ဝ၁၈ ခုနှစ်မှာ လွှမ်းမိုးတော့မှာပဲလို့ ထင်​ခဲ့တယ်​။ ဒါပေမဲ့ ခရစ္စတီးနားခီရဲ့ ဇာတ်​ကား နှစ်​ကား နောက်​မှာ ရုံတင်​လာတဲ့ကားတွေကလည်း တော်​တော်​များများ ကောင်းတဲ့ ကားတွေ ဖြစ်​လာတယ်​။ အထူးသဖြင့်​ မြန်​မာနိုင်​ငံက ဗုဒ္ဓ ဘာ သာဝင်​များ ကြိုက်​နှစ်​သက်​တဲ့ မုန်းစွဲ ဆိုတဲ့ကားက မြန်​မာပြည်​ရဲ့ မြို့နယ်​တွေမှာ ပြနေတုန်းပဲ ရှိသေးတယ်​။ ဒီဇာတ်​ကားက ပရိသတ်​အားပေးမှု အများဆုံးဖြစ်​တယ်​။ ကျွန်​တော့်​စိတ်​အထင်​ပြောရရင်​ မုန်းစွဲသည်​အကယ်​ ဒမီဆု အများကြီးကို သိမ်းပိုက်​သွား လိမ့်​မယ်​လို့ ထင်​တယ်​။ ရုပ်​ရှင်​ရွေး ချယ်​ရေးအဖွဲ့ကလည်း အထူးဆု တောင်​ ငါးဆု ပေးမယ်​လို့ အသံထွက်​လာတာ ကြားရတယ်။ အဆိုပါဆုတွေ ကိုလည်း မုန်းစွဲက အကုန်​လုံးနီးပါး သိမ်းပိုက်​သွားနိုင်​မယ်​ထင်​တယ်​လို့ လည်း ပြောပြခဲ့ပါတယ်​။ အမျိုးသား ဇာတ်​ဆောင်​၊ အမျိုးသမီးဇာတ်​ဆောင်​ဆုတွေနဲ့ ပတ်​သက်​ပြီးတော့ လည်း ဆရာဦးဝင်းငြိမ်းက အခုလို ပြောပြခဲ့ပါသေးတယ်​။…

“အကယ်​ဒမီက အမျိုးသား ဇာတ်​ဆောင်​ဆိုရင်​ ပြေးမလွတ်​နိုင်​တာက နေတိုး ဖြစ်​မှာပါ။ အမျိုးသမီး ဇာတ်​ဆောင်​က သမ္မတကြီးထံ ပေးစာ ဇာတ်​ကားက ဖွေးဖွေး ဖြစ်​မလား၊ သို့တည်းမဟုတ်​ ဥပါယ်တံမျဉ်​က သက်​မွန်​မြင့်​ ဖြစ်​မလား။ ဒါမှမဟုတ်​ မီက ပိုင်​ဖြိုးသု ဖြစ်​မလား။ ဒီသုံးယောက်​စီမှာ ဝဲ နေတယ်​လို့ ကျွန်​တော်​ထင်​တယ်​။ နေတိုးက တော့ ရဖို့ အများကြီးရှိတယ်​။ အခြား မင်း သားတွေ ပြန်​ကြည့်​ပြန်​တော့ နေတိုးလောက်​ လုပ်​ပိုင်​ခွင့်​မရှိဘူးလို့ ထင်​တယ်​။ နေတိုးက မုန်းစွဲမှာ လုပ်​ပိုင်​ခွင့်​ အပြည့်​အဝ ရသွား တယ်​။ ဆိုးတဲ့ ဘဝမှာ ဆိုးတဲ့ စရိုက်​တွေနဲ့၊ ကောင်းတဲ့ဘဝမှာ အငြိမ်​စရိုက်​တွေနဲ့ သူ့ အနေနဲ့ Chance များတယ်​။ အမျိုး သမီး ဇာတ်​ပို့ဆုဆိုလည်း မြန်​မာနိုင်​ငံ တစ်​ဝှမ်းလုံး က မအေးသောင်း၊ မအေးသောင်းလို့ပြောနေ တဲ့ အတွက်​ မအေးသောင်း (အေးဝတ်​ရည်​သောင်း) ရသွားမယ်​ ထင်​တယ်​။ သူကလည်း လင်​ဆိုးမယားတစ်​ဖားဖား ဆိုသလို၊ ပထမ ဘဝမှာ သူ့အမျိုးသားကို တအားချစ်​တယ်​။ ထန်းပင်​ပေါ်တက်​ပြီး ထန်းရည်​သောက်​နေ တဲ့ ယောက်ျားကို အောက်​ကနေခေါ်ပြီး အဲ့ လောက်​တောင်​ ချစ်​တဲ့မိန်းမ။ ဒီဘက်​ဘဝကို ပြန်​ရောက်​ပြန်​တော့လည်း သူ့စိတ်​ထဲမှာ ဒီဘုန်းကြီးက စိတ်​အထင်​နဲ့ သူ့ယောက်​ကျားလို့ ထင်​နေတယ်​။ ဘုန်းကြီးကလည်း သိတယ်​။ ဘုန်းဘုန်းကို တစ်​နေရာရာမှာ မြင်​ဖူးတယ်​ပြောတော့ ဘုန်းကြီးကလည်း ပြော လိုက်​တယ်​။ သံသရာဆိုတာ အရှည်​ကြီးတဲ့ တစ်​နေရာ မဟုတ်​တစ်​နေရာ ကြုံဖူးတာဖြစ်​မှာပါ” လို့ ပါးပါးနပ်​နပ်​ဖြေသွားတယ်​။

ဒါပေမဲ့ ဘုန်းကြီးနောက်​ကို သူ တ ကောက်​ကောက်​လိုက်​တယ်​။ ဘုန်းကြီး တောင်​ စည်းတားယူရတဲ့အထိ ဖြစ်​သွား တယ်​။ ဒီနေရာမှာ အေးဝတ်​ရည်​သောင်း ရဲ့ လုပ်​ပိုင်​ခွင့်​တွေက အများကြီး ဖြစ်​သွား တယ်​။ သူလည်း အမျိုးသမီး ဇာတ်​ပို့ဆု ဖြစ်​နိုင်​တယ်။ နောက်​တစ်​ယောက်​ထင်​တာရှိ တယ်​။ ခင်​ဇာခြည်​ကျော်​ကလည်း တစ်​ဦး တည်းသော သားလေးကို ဘုန်းကြီး ဘဝ ရောက်​သွားတော့ စွန့်​လွှတ်​လိုက်​ရတယ်​။ အသည်းအသန်​လုပ်​ပြ သွားတယ်​။ ကျွန်​တော်​တို့ မြန်​မာလူမျိုးတွေကလည်း ပစ်​ခတ်​လုပ်​ရတဲ့ အိုက်​တင်​မျိုးဆို သဘောကျကြတယ်။ ခင်​ဇာခြည်​ကျော်​လည်း ဖြစ်​ကောင်း ဖြစ်​နိုင်​ပါတယ်​ဆိုပြီးတော့လည်း ပြောပြခဲ့ပါသေး တယ်​။

ခိုင်ဝါဝင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071