Sunday, May 3, 2026

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...

ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များဆက်ကပ်လှူဒါန်း

သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များကို ယနေ့ မေ ၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း...

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M...

ဟနွိုင်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် တာကာအိချီ တွေ့မည်

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချီသည် စနေနေ့ (မေလ ၂) တွင် ဟနွိုင်မြို့၌ ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး သူသည် လွတ်လပ်ပြီး ပွင့်လင်းသော...
HomeArticlesအကယ္ဒမီ ဂုဏ္ထူး

အကယ္ဒမီ ဂုဏ္ထူး

၂ဝ၁၈ ခုနှစ်အတွက် အကယ်ဒမီ နီး သထက်နီးလာပြီ။ ရင်ခုန်နှုန်း လည်း မြန်လာပြီ။ ပရိသတ်စိတ်ဝင် စားမှုအားလည်း မြင့်တက် လာပြီ။

မတ်လ ၂၃ ရက် နီးလေ ပိုရင်ခုန်လေ။ အိပ်မက်တွေ မက်လို့ ကောင်းလေပဲ။

ဒီနှစ်မှာလည်းပဲ ဆု ၁၁ ဆုနဲ့ အထူးဆုအပါ ၁၂ ဆုပေးဖို့ ဆုံးဖြတ် ထားပြီးသားပါ။ နောက် ထပ်ဆု တစ်ဆုကတော့ တစ်သက်တာဆုပါ။

တစ်သက်တာဆုကိုတော့၊ အသက် ၈ဝ ကျော်ဖြစ်ရပြီး၊ အနုပညာကို သေတပန်သက် တစ်ဆုံး ချစ်မြတ်နိုးစွာ လုပ်ကိုင်ခဲ့ပြီး ထူး ချွန်ထက်မြက် သမိုင်းနောက်ခံတို့ရှိရမည်လို့ သတ်မှတ်ထားပါတယ်။ သို့သော် ယင်းဆုကို၊ အကဲဖြတ်အဖွဲ့ဝင်များမှ ရွေးချယ်မှာ မဟုတ် ဘဲ၊ ရုပ်ရှင်အစည်း အရုံးနာယကကြီးများနဲ့ အလုပ်အမှုဆောင်အဖွဲ့က ရွေးချယ်မှာဖြစ်ပါ တယ်။

ရွေးချယ်တာလည်း စနစ်ကျတယ်၊ အမှတ် ပေးစနစ်ကလည်း ကောင်းပါတယ်။ အကဲဖြတ် အဖွဲ့တွေလည်း ပင်ပန်းလှပါပြီ။ တစ်နေ့ ၂ ကားနှုန်းနဲ့ ကြည့်လာတာ၊ ၂ဝ၁၈၊ ဒီဇင်ဘာ ၁ဝ ရက်နေ့ကတည်းက ကြည့်လာတာဆို ဒီနေ့ထိ ပါဆို သုံးလ တင်းတင်းပြည့်ခဲ့ပြီ။

အဖွဲ့ဝင်တွေထဲမှာ သက်ကြီး ပညာရှင်တွေ ပါဝင်ပြီး၊ သက်လတ် ပညာရှင်တွေ များပါတယ်။ အားလုံး အဖွဲ့ဝင် ၄ဝ ပါ။ ၈၃ ကားထဲက ၂၅ ကားရွေးပြီး ဆန်ကာတင်အဆင့် ကြည့်ကြတယ်။ အဲဒီဆန်ကာတင်မှာ အကဲဖြတ်အဖွဲ့ ပညာရှင် ငါးဦး ထပ်မံ ဖြည့်စွက်ပါတယ်။ ပေါင်း ၄၅ ဦးနဲ့ စိစစ်ရွေးချယ်နေကြတယ်။

ရွေးချယ်သူတွေရဲ့ အဓိကတာ ဝန်က The best အကောင်းဆုံးကို ရွေးချယ်ရတာပါ။ အမှားမခံပါဘူး။ ရုံမှာသွားကြည့်တာမျိုးလည်း မဟုတ်ပါဘူး။ ဇာတ်ကားတစ်ကားကြည့် တိုင်း ဆု ၁၁ ဆုစာကြည့်ရတာ အသေးစိတ်မှတ်ရတာ မလွယ်ဘူး။ ဒီတစ်ခေါက်က အခုကား ကြည့်ရ တာ၊ မနှစ်က ၅၃ ကား။ ဒီနှစ်ဆန်ကာတင် ၂၅ ကား၊ မနှစ်က ဆန်ကာ တင် ၁၂ ကား။ ဒီ နှစ်ပိုများပါတယ်။

ပြောမယ်ဆို၊ ပြိုင်အားတွေ အရမ်း ပြင်းထန်လာတယ်။ အများ ကြီးခက်ခဲလာပါ တယ်။ ကျန်းမာရေးလည်း ထိခိုက်လာကြ တယ်။ ဘာလို့လဲဆို၊ အာရုံစိုက်ရတာ များ လွန်းလို့ပါ။

စည်းမျဉ်းစည်းကမ်းအရ၊ ဆန်ကာတင် ၂၅ ကား စာရင်းထဲတွင် ပါဝင်လာတဲ့ ဇာတ်ကားရှင် အကဲဖြတ် အဖွဲ့ဝင်အချို့အပြီးအပိုင်ထွက်ပေးရတယ်။ လစ်လပ်သွားတဲ့ နေရာမှာ ကြည့်ရှုသူထဲကပဲ အတတ်ပညာ ရှင် တစ်ဦးကိုပဲ အစားထိုးရတယ်။ ဥပမာ နောက်ခံတေးဂီတက တစ်ဦးဇာတ်ကား ပါနေလို့ ထွက်ပေးရရင်၊ လက်ရှိထဲက ဂီတ ပညာနားလည်သူ၊ တကယ်လို့ ဇာတ်ညွှန်း ထွက်ရရင်၊ ဇာတ်ညွှန်း ပညာ နားလည်သူကို အစားထိုးပါတယ်။ ဘယ်လိုမဆို ငါးဦး ပြည့်အောင် ဆောင်ရွက်ရပါတယ်။

နောက်တစ်ချက်က လူငယ်၊ လူသစ် တို့ရဲ့ အားမာန်တွေ ပါဝင်လာပါတယ်။ အရည်အသွေးမီ၊ အရည်အသွေးကောင်း တွေ တွေ့ရှိရတယ်။ ကြိုးစားအားထုတ်မှုတွေ မြင်တွေ့နေ ရတယ်။

Bollywood မှာ နောက်ဆုံး ဆန်ကာ တင်ကို ရွေးချယ်သူတစ်ဦးတည်းပါ။ ရုပ်ရှင် အနုပညာ ကျောင်းအုပ်ကြီး၊ ရုပ်ရှင်ပညာ ဂုရုကြီး Mr.Jarvid ဖြစ်ပါတယ်။ ရုပ်ရှင် တစ်လောကလုံးကလည်း ချစ်ခင်လေးစား ကြတယ်။ ဆရာကြီးကို ယုံကြည်မှုအပြည့် ရှိတယ်။

ရုပ်ရှင်ထူးချွန်ဆိုမှတော့ အကောင်း ဆုံး The best ကို ရွေးရမှာပါ။ စံချိန် စံညွှန်းနဲ့ ရွေးရတာ။ ဒီအချိန်မှာ ချစ်ခြင်း၊ မုန်းခြင်းတွေ မရှိရဘူး။ အဲဒါတွေ အားလုံး အပြင် မှာထားခဲ့ရပြီး မုန်းလည်း တော်နေ ရင် the best ဖြစ်နေရင် ရွေးရမှာပဲ။

ဒီနှစ် အထူးဆုရွေးချယ်နိုင်ပေမယ့် ပညာရပ်တွေ ကန့်သတ်ထားတယ်။ ရွေး ချယ်ခွင့်ရှိမှာက
(က) ကလေးသရုပ်ဆောင်
(ခ) အထူးပြုမိတ်ကပ်
(ဂ) ဝတ်စားဆင်ယင်မှု
(ဃ) Visual Effect & Animation
(င)Sound Design

ဖော်ပြပါ ငါးမျိုးထဲကပဲ အထူးဆု ရွေး ချယ်ခွင့်ရှိတာပါ။ အဲဒီဆုကိုတော့၊ အကဲဖြတ် အဖွဲ့ဝင် အားလုံးက တူညီတဲ့ အမှတ်များပေးပြီး ရွေးချယ်ရမှာပါ။ သိသာ မြင်သာတဲ့ပညာ ရပ်ဆိုင်ရာ၊ ထူးခြားမှုရှိရမှာ အပြင်ဇာတ်ကို လည်း အထောက်အပံ့ပေးနိုင်တဲ့ စွမ်းဆောင် ရည်မြင့်မားဖို့ လိုမယ်။ ဟိုအရင်နှစ်ကလို ဇာတ်ကားဆုပေးပြီးတဲ့အပြင်၊ ဇာတ်ကား တစ် ကားကိုပဲ အထူးဆုပေးတာမျိုး မရှိတော့ဘူး။

ဒီနှစ်ကတော့ …ပြင်ဆင်မှုတွေ လုပ် ထားလို့ အကယ်ဒမီပွဲတင့်တယ်လှပမှာပါလို့ ယုံကြည်ပါတယ်။

တစ်သက်တာဆု အတွက်တော့ ဘဘ ဘိုကလေးတင့်အောင်၊ ဒေါ်ခင်လေးဆွေ၊ ဒေါ် မြင့်မြင့်ခင်၊ ဒါရိုက်တာ ဦးဝင်းဖေ၊ ဦးအောင်လွင် တို့ကို မှတ်တမ်းတင်ထားပါတယ်။

မနှစ်က တစ်သက်တာဆုချီးမြှင့်ရာမှာ ဘဘဘိုကလေးတင့်အောင်နဲ့ ပတ်သက်ပြီး ရုပ်ရှင်စာပေ၊ ဂီတ ဖြတ်သန်းမှုကို ဒါရိုက်တာ ဝိုင်းက ပရိ သတ်ရင်ထဲရောက်အောင် တင်ဆက် နိုင်ခဲ့ပြီး၊ ဂီတမှူးကိုသက် (OASIS) က ဘဘရဲ့ ထင်ရှားကျော်ကြားတဲ့ တေးသီချင်းကို ပြန် လည်ချယ်မှုန်း တင်ဆက်ခဲ့သလို ဒါရိုက်တာ မောင်ဗေဒါက တေးသရုပ်အကများဖြင့် တင် ဆက်ခဲ့ရာမှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ် အောင်ဆန်းစုကြည် တက်ရောက်ချီးမြှင့်ခြင်း နှင့်အတူ ပရိသတ်ရင်ထဲရောက်ခဲ့တာကို မှတ် တမ်းတင်နိုင်ခဲ့ပါတယ်။ ရင်ထဲစွဲကျန်ခဲ့တယ်။ ဘဘအတွက် ချီးမြှောက် တင်ဆက်ခွင့်ရခဲ့တဲ့ အတွက် များစွာ ပီတိဖြစ်ခဲ့ရတယ်။

ဒီနှစ်လည်းပဲ၊ ဒါရိုက်တာ ဝိုင်း၊ ဂီတမှူး ကိုသက်၊ ဒါရိုက်တာ မောင်ဗေဒါတို့ သုံးဦးကပဲ တစ်သက်တာ ဆုရှင်အတွက် ဖျော်ဖြေရေး တင်ဆက်မှုကို ပြင်ဆင်ကြိုးစားအားထုတ်နေ ကြပြီ။

ဒီနှစ်အကယ်ဒမီအခင်းအကျင်း သာယာ လှပဖို့၊ ဝိုင်းဝန်းကြိုးစားနေပါပြီ။

မတ်လ ၂၃ ရက်နေ့ အကယ်ဒမီ ရင်ခုန် သံများ ခြိမ့်ခြိမ့်သဲသဲ အောင်ပွဲခံနိုင်ပါစေလို့ ဆန္ဒပြုရင်း။

အောင်ကျော်ထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071