Home News Local News ဟဲဟိုးဒေသထွက် ဟင်းသီးဟင်းရွက်များ အခြောက်ပြုလုပ်ကာ ဂျပန်နှင့် ကိုရီးယားဈေးကွက်သို့ တင်ပို့ရောင်းချနေ

ဟဲဟိုးဒေသထွက် ဟင်းသီးဟင်းရွက်များ အခြောက်ပြုလုပ်ကာ ဂျပန်နှင့် ကိုရီးယားဈေးကွက်သို့ တင်ပို့ရောင်းချနေ

0
82

ကလော၊ စက်တင်ဘာ ၆

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ဟဲဟိုးမြို့ ဝါးရုံပင်ကျေးရွာရှိ Myanmar Belle ဟင်းသီးဟင်းရွက် အခြောက်ခံစက်ရုံမှ ဒေသထွက် ဂေါ်ဖီထုပ်၊ မုန်လာဥအရွက်၊ မုန်လာဥအနီ၊ မုန်လာဥအဖြူနှင့် ဟင်းနုနယ်ရွက်တို့ကို အခြောက်ပြုလုပ်ကာ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုပါစက်ရုံတွင် ဒေသအတွင်းမှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များကို အခြောက်ခံထုတ်ကုန်များအဖြစ် ပြုလုပ်ပြီး ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိရာ ဒေသထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲကာ ပြည်ပဈေးကွက်သို့ တင်ပို့နေခြင်းဖြစ်သည်။

Myanmar Belle ဟင်းသီးဟင်းရွက် အခြောက်ခံစက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ ဟဲဟိုးကျောင်းသို့ သွားရောက်ခဲ့ပြီး ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံဆွေးနွေးကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ကလောမြို့နယ်၊ အင်းပြင်ကျေးရွာတွင် ပြိုကျပျက်စီးခဲ့သည့် တံတားအခြေအနေကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် လက်ရှိဆောင်ရွက်ထားရှိသည့် ယာယီတံတားအခြေအနေ၊ ဒေသခံများ သွားလာရေးအဆင်ပြေစေရန် ဆောင်ရွက်ထားရှိမှုများနှင့် ပျ-က်စီးသွားသည့် တံတားကို အသစ်ပြန်လည်တည်ဆောက်မည့် အခြေအနေများကို စစ်ဆေးခဲ့ကြောင်း သိရသည်။