Monday, September 7, 2026

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် PTTEP က...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ရေဘေးသင့်ပြည်သူများအတွက် PTTEP International Limited (Yangon Branch) သည် ကျပ်သိန်း ၉၀၀ ကျော် တန်ဖိုးရှိ...

တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်း၊ ပြည်ထောင်စုကားလမ်းမကြီး...

တနင်္သာရီ၊ စက်တင်ဘာ ၇ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့ရှိ တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းသွားပြီဖြစ်ပြီး ရေဖုံးလွှမ်းမှုကြောင့် ယာဉ်သွားလာမှု ပြတ်တောက်ခဲ့သည့် ပြည်ထောင်စုကားလမ်းမကြီးတွင်လည်း မော်တော်ယာဉ်များ...

မန္တလေးတိုင်းရှိ အာမခံအလုပ်သမား ၁၂၇,၀၀၀ ကျော်ကို...

မန္တလေး၊ စက်တင်ဘာ ၇ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျုံးဝင်အာမခံအလုပ်သမား ၁၂၇,၂၇၆ ဦးအတွက် အလုပ်သမားဆေးရုံကြီး (မန္တလေး) အပါအဝင် ဆေးရုံ၊ ဆေးခန်း ၁၈ ခုဖြင့်...

လှိုင်မြို့နယ်မှ ဓာတ်အားပျေ-ာက်ဆုံးမှုများပြားသည့် ဖီဒါပေါ်ရှိ ခေတ်ဟောင်း(Analog)မီတာများအား...

ဓာတ်အားပျေ-ာက်ဆုံးမှုများပြားသည့် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှ ဖီဒါပေါ်ရှိ ခေတ်ဟောင်း(Analog)မီတာများအား Smart Digital မီတာများဖြင့်အစားထိုးလဲလှယ်သွားမည်ဖြစ် ကြောင်း သိရသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှတာဝန်ရှိသူများက လှိုင်မြို့နယ်အတွင်း...
HomeNewsLocal News​ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ ရန်ပယ်ချောင်းကူး...

​ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ ရန်ပယ်ချောင်းကူး တံတားပြုပြင်ရေးလုပ်ငန်းများ စက်တင်ဘာလကုန်အပြီး ဆောင်ရွက်နေ​​ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ ရေလယ်တိုင် နိမ့်ကျမှုဖြစ်ပွားခဲ့သော တံတားအမှတ် (၃၄၃) ရန်ပယ်ချောင်းကူး ရထားလမ်းတံတား ပြုပြင်ခြင်းလုပ်ငန်းများကို စက်တင်ဘာလ နောက်ဆုံးပတ်တွင် အပြီးသတ်နိုင်ရေးအတွက် စက်တင်ဘာ ၄ ရက်နေ့က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

​အဆိုပါ ရန်ပယ်ချောင်းကူး ရထားလမ်းတံတားသည် ၁၉၉၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သော တံတားတစ်စင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေ စီးဆင်းရာမှ ရေလယ်တိုင်များ နိမ့်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

​လက်ရှိတွင် ရေလယ်တိုင်အမှတ် (၂) နှင့် (၃) တို့အား စက်ဂျက်များဖြင့် မတင်ခြင်း၊ ရေစီးကြောင်း လမ်းကြောင်းပြောင်းလဲရေးအတွက် ရေကာတားများ ပြုလုပ်ခြင်းတို့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတ်မှတ်ချိန်အတွင်း ရထားများ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် တံတားပြုပြင်ခြင်းနှင့်အတူ သံလမ်းခင်းခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

​တံတားပြုပြင်နေသည့် ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစေရန်အတွက် ရန်ကုန်-ပျဉ်းမနား-တောင်တွင်းကြီးမှတစ်ဆင့် ပုဂံသို့ လမ်းကြောင်းပြောင်းလဲ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် PTTEP က ကျပ်သိန်း ၉၀၀ ကျော် တန်ဖိုးရှိ အရေးပေါ် ကူညီကယ်ဆယ်ရေး ထောက်ပံ့ငွေ ပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ရေဘေးသင့်ပြည်သူများအတွက် PTTEP International Limited (Yangon Branch) သည် ကျပ်သိန်း ၉၀၀ ကျော် တန်ဖိုးရှိ အရေးပေါ်ကူညီကယ်ဆယ်ရေး ထောက်ပံ့ငွေအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ အတွင်း တရားဝင် ပေးအပ်လှူဒါန်းခဲ့ပါသည်။အဆိုပါ လှူဒါန်းမှုသည် ရေဘေးသင့်ဒေသများရှိ အရေးပေါ်ယာယီနေထိုင်ရေးဆိုင်ရာ လိုအပ်ချက်များနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် မိုးကာရွက်များနှင့် အိတ်ဆောင်ဆိုလာမီးဆိုင်းများကို ပံ့ပိုးပေးနိုင်ရန် အသုံးပြုသွားမည်ဖြစ်ပါသည်။ ယခုထောက်ပံ့မှုသည် ရေဘေးသင့်ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို အဓိကထား ကူညီပံ့ပိုးခြင်းဖြစ်ပြီး ဒေသတွင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့်...

တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်း၊ ပြည်ထောင်စုကားလမ်းမကြီး ပြန်လည်သွားလာနိုင်ပြီ

တနင်္သာရီ၊ စက်တင်ဘာ ၇ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့ရှိ တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းသွားပြီဖြစ်ပြီး ရေဖုံးလွှမ်းမှုကြောင့် ယာဉ်သွားလာမှု ပြတ်တောက်ခဲ့သည့် ပြည်ထောင်စုကားလမ်းမကြီးတွင်လည်း မော်တော်ယာဉ်များ ပုံမှန်ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။ တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ လယ်တောင်ယာရွာပတ်ဝန်းကျင်တွင် ရေဖုံးလွှမ်းမှုကြောင့် မော်တော်ယာဉ်များ ပိတ်မိခဲ့သော်လည်း စက်တင်ဘာ ၅ ရက်မှစ၍ ရေပြန်လည်ကျဆင်းလာသဖြင့် ကား၊ ဆိုင်ကယ်နှင့် အခြားယာဉ်များ ပုံမှန်ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် ဒေသခံထောင်ပေါင်းများစွာ ရေဘေးသင့်ခဲ့ပြီး စာသင်ကျောင်းအချို့ ခေတ္တပိတ်ထားခဲ့ရသည့်အပြင် ပြည်ထောင်စုကားလမ်းမကြီး၏ နေရာအချို့တွင်လည်း လမ်းပန်းဆက်သွယ်ရေး...

မန္တလေးတိုင်းရှိ အာမခံအလုပ်သမား ၁၂၇,၀၀၀ ကျော်ကို ဆေးရုံ၊ ဆေးခန်း ၁၈ ခုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

မန္တလေး၊ စက်တင်ဘာ ၇ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျုံးဝင်အာမခံအလုပ်သမား ၁၂၇,၂၇၆ ဦးအတွက် အလုပ်သမားဆေးရုံကြီး (မန္တလေး) အပါအဝင် ဆေးရုံ၊ ဆေးခန်း ၁၈ ခုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အာမခံအလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံရရှိစေရန် အလုပ်သမားဆေးရုံကြီး (မန္တလေး)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ခြောက်ခု၊ ဌာနကြီးဆေးခန်း ငါးခုနှင့် စာချုပ်ဆေးခန်း ခြောက်ခုတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။ ထို့အပြင် ရွေ့လျားဆေးကုသယာဉ် (MMU) များဖြင့် စက်ရုံ၊ အလုပ်ရုံများအရောက် ကွင်းဆင်းကာ ဆေးကုသပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်းနှင့် ECG နှလုံးစစ်ဆေးပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ အာမခံအလုပ်သမားများ စိုက်ထုတ်ကုန်ကျထားသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071