လန်ဒန်၊ မတ်လ ၁၅ ရက်
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာသည် အရှေ့အလယ်ပိုင်းအခြေအနေနှင့် ဟော်မုဇ်ရေလက်ကြား ပိ-တ်ဆို့မှုကြောင့် ကမ္ဘာတစ်ဝန်း သင်္ဘောလိုင်းများ အနှောင့်အယှက်ဖြစ်နေမှုကို ဆွေးနွေးရန် တနင်္ဂနွေနေ့ညနေပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် စကားပြောဆိုခဲ့ကြကြောင်း သိရသည်။
ပုံမှန်သင်္ဘောလိုင်းလမ်းကြောင်းများ၌ ပြန်လည်သွားလာနိုင်စေရန်နှင့် ကမ္ဘာတစ်ဝန်း မြှင့်တက်လျက်ရှိသည့် ကုန်ကျစရိတ်များကို လျှော့ချနိုင်ရန်အတွက် အဆိုပါ အရေးပါသော ရေလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရေးသည် အရေးကြီးကြောင်း စတာမာက အလေးပေးပြောကြားခဲ့သည်ဟု ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ခေါင်းဆောင်နှစ်ဦးစလုံးသည် ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ နီးကပ်စွာ ဆက်သွယ်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။
ကမ္ဘာ့ရေနံ၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ အချက်အချာကျသည့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် “အကောင်းဆုံးနှင့် အားလုံး ပါဝင်သော နည်းလမ်း” မှာ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခကို အဆုံးသတ်ရန်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေမှာ ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေနေကြောင်း ဗြိတိန်စွမ်းအင်ဝန်ကြီး အက်ဒ်မီလီဘန်းက တနင်္ဂနွေနေ့ အစောပိုင်းတွင် သတိပေးပြောကြားခဲ့သည်။
“အခုတွေ့နေရတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဈေးနှုန်းတွေ ထိုးတက်နေတာဟာ ရေလက်ကြား ကို ပိတ်ဆို့ထားလို့ ဖြစ်ရတာပါ” ဟု မီလီဘန်းက ဗြိတိန်မီဒီယာများ ကို ပြောကြားခဲ့ပြီး ရေလက်ကြားပြန်ဖွင့်ရန်အတွက် မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။
ဟော်မုဇ်ရေလက်ကြားကို ဖွင့်ထားနိုင်ရန်အတွက် “နိုင်ငံအများအပြား” က စစ်သင်္ဘောများ ကို စေလွှတ်သွားမည်ဖြစ်ကြောင်း ထရမ့်ပ်က စနေနေ့တွင် လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကိုမူ မဖော်ပြခဲ့ပေ။
ဖေဖော်ဝါရီလ ၂၈ ရက် နေ့တွင် အစ္စရေးနှင့် အမေရိကတို့သည် တေရန်နှင့် အခြားအီရန်မြို့များကို ပူးပေါင်းတို-က်ခိုက်ခဲ့ရာ အီရန်၏ အဓိပတိ အလီခါမေနီ၊ ထိပ်တန်းစစ်ဗိုလ်ချုပ်များနှင့် အရပ်သား ၁,၃၀၀ ကျော် ေ-သဆုံးခဲ့သည်။ အီရန်ကလည်း အရှေ့အလယ်ပိုင်းတစ်လွှားရှိ အစ္စရေးနှင့် အမေရိကန် အခြေစိုက်စခန်းများ၊ ပိုင်ဆိုင်မှုများကို ပ-စ်မှတ်ထားကာ ဒုံးကျည်နှင့် ဒရုန်းများဖြင့် လှိုင်းလုံးကြီးများသဖွယ် ပြန်လည်တို-က်ခိုက်ခဲ့သည်။
တို-က်ခိုက်မှုများသည် တတိယပတ်အတွင်းသို့ ရောက်ရှိလာပြီး ဟော်မုဇ်ရေလက်ကြားသည်လည်း ပိ-တ်ဆို့ခံထားရသဖြင့် ကမ္ဘာ့ စွမ်းအင်နှင့် စီးပွားရေးဈေးကွက်များကို အနှောင့်အယှက်ဖြစ်မှုမှာ ပိုမိုပြင်းထန်လာနေသည်။
မိုဂျတာဘာ ခါမေနီက အီရန်၏ အဓိပတိအဖြစ် ပထမဆုံးအကြိမ် ပြောကြားသည့် မိန့်ခွန်းတွင် ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားမည်ဟု ကတိပြုပြောကြားခဲ့ကြောင်း သိရသည်။
Ref: ရှင်ဟွာ
