Wednesday, August 12, 2026

ရိုးရာဖိုက်တာ စောမင်းမင်း Inner Cycle...

ရန်ကုန်၊ ဩဂုတ် ၁၂ မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာ စောမင်းမင်းသည် ONE Championship ၏ Inner Cycle 27 ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဆူရီယန်လက်နှင့်...

၃၇ ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ...

နေပြည်တော်၊ ဩဂုတ် ၁၂ (၃၇) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (37th ASOEN and Related Meetings)...

ဖလမ်းမြို့တွင် 400 Volt ကာဗာ...

ဖလမ်း၊ ဩဂုတ်-၁၂ ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဖလမ်းမြို့ သစ္စာလမ်းမတစ်လျှောက်တွင် 400 Volt ကာဗာ လျှပ်စစ်မီးကြိုးများ ပြန်လည်သွယ်တန်းလျက် ရှိကြောင်း...

ငဝန်တာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျသည့်နေရာတွင်...

လေးမျက်နှာ၊ ဩဂုတ်-၁၂ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ငဝန်မြစ်ရေတို-က်စားမှုကြောင့် ငဝန်တာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျသည့်နေရာတွင် Sheet Pile ရို-က်၍ ကာရံခြင်းလုပ်ငန်းဆောင်ရွက်နေကြောင်း...
HomeInternationalဟော်မုဇ် ရေလက်ကြားကို အမေရိကန်...

ဟော်မုဇ် ရေလက်ကြားကို အမေရိကန် ထိန်းချုပ်ထား၊ အခြေအနေ ပြောင်းဖို့ ကြိုးစားရင် အီရန်ကို တိုက်ခိုက်မယ်လို့ ထရမ့် ပြောပြန်

​အမေရိကန်ဟာ ဟော်မုဇ် ရေလက်ကြားကို အပြည့်အဝ ထိန်းချုပ်ထားပြီး အီရန်အစ္စလာမ် သမ္မတနိုင်ငံဘက်က လက်ရှိအခြေအနေကို ဘာပဲဖြစ်ဖြစ် ပြောင်းလဲဖို့ ကြိုးစားလာရင် တိုက်ခိုက်ဖို့ အသင့်ဖြစ်နေတယ်လို့ ဝါရှင်တန်အနီးက အင်ဒရူးစ်လေတပ်စခန်းမှာ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားရင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောခဲ့တာဖြစ်ပါတယ်။

​”ကျုပ်တို့ အခုအချိန်မှာ ဟော်မုဇ် ရေလက်ကြားကို လုံးဝ ထိန်းချုပ်ထားပါတယ်။ ကျုပ်တို့ ပိုင်သွားပြီ။ တစ်ချိန်ချိန်မှာ သူတို့ (အီရန်) မဟုတ်တာတစ်ခုခု လုပ်လာရင်တော့ သူတို့ အမှုန့်ဖြစ်သွားလိမ့်မယ်” လို့ ထရမ့်က ပြောခဲ့ပါတယ်။

​အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အီရန်ကို စစ်စတင်တိုက်ခိုက်ခဲ့ကြတာပါ။ ဇွန်လထဲမှာတော့ ဝါရှင်တန်နဲ့ တီဟီရန်တို့ဟာ လီဘနွန်အပါအဝင် စစ်မျက်နှာအားလုံးမှာ ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ နားလည်မှုစာချွန်လွှာ(MoU) တစ်ခု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ဇူလိုင် ၈ ရက်နေ့ စောစောပိုင်းမှာတော့ အီရန်ဘက်က ဟော်မုဇ် ရေလက်ကြားနဲ့ ပတ်သက်တဲ့ အရင်သဘောတူညီချက်တွေကို ချိုးဖောက်တယ်ဆိုပြီး အမေရိကန်က အီရန်အပေါ် အကြီးအကျယ် လေကြောင်းတိုက်ခိုက်မှုတွေ ပြန်စခဲ့ပါတယ်။

​ဩဂုတ် ၂ ရက်နေ့မှာတော့ ထရမ့်က အီရန်နဲ့ သဘောတူညီချက်ရဖို့အတွက် စီစဉ်ထားတဲ့ အဓိက တို-က်ခိုက်မှုကို ဖျ-က်သိမ်းဖို့ သဘောတူခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ထရမ့်ရဲ့ ပြောပြချက်အရ အနာဂတ် သဘောတူညီချက် အကြမ်းကို နှစ်ဖက်လုံးက သဘောတူထားကြပြီဖြစ်လို့ အီရန်နဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေက တိုက်ခိုက်မှု မလုပ်ဖို့ ဝါရှင်တန်ကို တောင်းဆိုခဲ့ကြတာပါ။ ဩဂုတ် ၆ ရက်နေ့မှာ ဆော်ဒီ TV လိုင်း Al Arabiya က အဆင့်မြင့် သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ဝါရှင်တန်နဲ့ တီဟီရန်တို့အကြား ကြားဝင်စေ့စပ် ဆွေးနွေးမှုတွေဟာ နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရိုးရာဖိုက်တာ စောမင်းမင်း Inner Cycle 27 တွင် ထိုင်းဖိုက်တာ ဆူရီယန်လက်နှင့် ထိပ်တိုက်တွေ့မည်

ရန်ကုန်၊ ဩဂုတ် ၁၂ မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာ စောမင်းမင်းသည် ONE Championship ၏ Inner Cycle 27 ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဆူရီယန်လက်နှင့် ထိပ်တိုက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ONE က တရားဝင် ကြေညာလိုက်သည်။ စောမင်းမင်းနှင့် ဆူရီယန်လက်တို့၏ ပွဲစဉ်ကို လာမည့် ဩဂုတ် ၂၁ ရက် (သောကြာနေ့) တွင် ကျင်းပမည့် ONE Friday Fights ၏ တစ်ပတ်ခြားအပြီး ပြန်လည်ကျင်းပသည့် Inner Cycle 27 ပွဲတွင် ထည့်သွင်းထားခြင်းဖြစ်သည်။ ပြိုင်ဘက် ထိုင်းဖိုက်တာ...

၃၇ ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပ

နေပြည်တော်၊ ဩဂုတ် ၁၂ (၃၇) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (37th ASOEN and Related Meetings) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူ၍ Virtual စနစ်ဖြင့် ဩဂုတ် ၁၀ ရက်မှ ၁၃ ရက်အထိ လက်ခံကျင်းပလျက်ရှိကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို နေပြည်တော်ရှိ PARKROYAL Hotel ၌ ဗဟိုပြု၍ ကျင်းပနေခြင်းဖြစ်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ရာသီဥတုပြောင်းလဲမှု၊...

ဖလမ်းမြို့တွင် 400 Volt ကာဗာ လျှပ်စစ်မီးကြိုးများ ပြန်လည်သွယ်တန်းလျက်ရှိ

ဖလမ်း၊ ဩဂုတ်-၁၂ ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဖလမ်းမြို့ သစ္စာလမ်းမတစ်လျှောက်တွင် 400 Volt ကာဗာ လျှပ်စစ်မီးကြိုးများ ပြန်လည်သွယ်တန်းလျက် ရှိကြောင်း သိရသည်။ ယခင်က ဖလမ်းမြို့နှင့် အနီးအနားရှိ ကျေးရွာများကို မဟာဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခဲ့ပြီး ဖလမ်းမြို့နယ်အတွင်း 400 Volt လျှပ်စစ်ဓာတ်အားပေးလိုင်း ၂၆ မိုင် ရှိသည့်အနက် အကြမ်းဖက်ဖြစ်စဉ်များကြောင့် 400 Volt လျှပ်စစ်ဓာတ်အားလိုင်း ခုနစ်မိုင်ခန့် ပျ-က်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ လက်ရှိ မဟာဓာတ်အားလိုင်းနှင့် အသေးစားရေအားလျှပ်စစ်စက်ရုံတို့မှတစ်ဆင့် လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးချိန်တွင် အဆင်သင့်ဖြစ်စေရေးအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071