ဖလမ်း၊ ဩဂုတ်-၁၂
ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဖလမ်းမြို့ သစ္စာလမ်းမတစ်လျှောက်တွင် 400 Volt ကာဗာ လျှပ်စစ်မီးကြိုးများ ပြန်လည်သွယ်တန်းလျက် ရှိကြောင်း သိရသည်။
ယခင်က ဖလမ်းမြို့နှင့် အနီးအနားရှိ ကျေးရွာများကို မဟာဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခဲ့ပြီး ဖလမ်းမြို့နယ်အတွင်း 400 Volt လျှပ်စစ်ဓာတ်အားပေးလိုင်း ၂၆ မိုင် ရှိသည့်အနက် အကြမ်းဖက်ဖြစ်စဉ်များကြောင့် 400 Volt လျှပ်စစ်ဓာတ်အားလိုင်း ခုနစ်မိုင်ခန့် ပျ-က်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
လက်ရှိ မဟာဓာတ်အားလိုင်းနှင့် အသေးစားရေအားလျှပ်စစ်စက်ရုံတို့မှတစ်ဆင့် လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးချိန်တွင် အဆင်သင့်ဖြစ်စေရေးအတွက် လျှပ်စစ်မီးကြိုးများ ပြန်လည်သွယ်တန်းပြင်ဆင်နေမှုများကို လုပ်ဆောင်နေခြင်းဖြစ်သည်။
ယမန်နေ့က ပြင်ဆင်နေမှု အခြေအနေများကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် တာဝန်ရှိသူများနှင့်အတူသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
