Thursday, April 30, 2026

မအူပင်မြို့တွင် ကဆုန်လပြည့်‌နေ့အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမှု...

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းမြင့်ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၆) ဦး...

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား (၆) ဦးတို့အား လွတ်ငြိမ်းသက်သာဖြင့် ဧပြီလ (၃၀)...

ဝန်းသိုမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ စစ်ကဲကြီးရပ်ကွက်၊ မဟာမှန်ကျောင်းကျောင်းတိုက်၊ စတုဗုဒ္ဓမဟာအတုလစေတီတော်မြတ်ကြီးရှိ မဟာဗောဓိညောင်ပင်တွင် ဧပြီလ (၃၀) ရက် ကဆုန်လပြည့်နေ့ နံနက်က ကဆုန်ညောင်ရေသွန်းပွဲ တော်ကျင်းပသည်။ မြန်မာသက္ကရာဇ်...
HomeCelebrities' Newsဟာသ သရုပ်ဆောင် ကစ်ကစ်ရဲ့...

ဟာသ သရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးအတွက် လိုအပ်တာတွေ သွားရောက် လှူဒါန်း ခဲ့တဲ့ဇေရဲထက်

ဇေရဲထက်က သူ့ ရဲ့ We Love အဖွဲ့သားတွေနဲ့အတူ ဇွန်လ ၁၅ ရက်နေ့ မနက်ပိုင်းက ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဆေး ကုသဆောင် ၂ မှာ ဆေးကုသမှု ခံယူနေတဲ့ ဟာသ သရုပ်ဆောင် ကစ်ကစ်ကို ကျန်းမာရေး အတွက် လိုအပ်တဲ့ဆေးဖိုးငွေနဲ့ အစား အစာ တွေကို သွားရောက်လှူဒါန်းခဲ့ပါ တယ်။ ဒါ့အပြင် ဆေးကုသဆောင် မှာရှိတဲ့ လူနာတစ်ရာကျော်တို့အ တွက်ကိုလည်း ဆေးဖိုးနဲ့ အစားအစာ တွေ လှူဒါန်းပေးအပ်ခဲ့ပါတယ်။ “ကျွန်တော် မကစ်ကို လှူချင်တာ ကြာပါပြီ။ ကိုယ်မအားတဲ့ရက်တွေ၊ ရှုတင်ရှိတဲ့ရက်တွေ ဆက်နေတဲ့ အတွက် လာမလှူဖြစ်တာပါ။ မကစ် က ကျွန်တော်တို့လယ်ဝေးမြို့ ၊နယ် သားချင်းလည်းဖြစ်တယ်။နောက် တစ်ခုက ဆွေမျိုးတော်စပ် ကြည့် မယ်ဆိုရင်လည်း ဆွေမျိုးတော် တာ ပေါ့နော်။ အခုမှသာ လာလှူဖြစ် တာ။ အခုလှူတာကလည်း မကစ် တင်မဟုတ်ပါဘူး။ သူ့ရဲ့ဆေးရုံ တစ်ဆောင် လုံးက လူနာအယောက် တစ်ရာကျော်ကို ကျွန်တော် လှူနိုင် ခဲ့ပါတယ်။အဲဒီအတွက်လည်း တော် တော် ဝမ်းသာပီတိဖြစ်ရပါတယ်” လို့ဇေရဲထက်ကပြောပြပါတယ်။

ဇေရဲထက်က ကစ်ကစ်အတွက် အားပေးစကားပြောခဲ့ပြီးဖြစ်ပုံကို လည်း…

“ကျန်းမာရေးဂရုစိုက်ဖို့ အဓိက မှာကြားခဲ့တယ်။ အစ်မက အစား တအားသောင်းကျန်းတယ်။ ဒီလိုမ ဖြစ်ခင်ကတည်းကလည်း အစားတွေ အချိုတွေ လျှော့စားဖို့ တအားကြီး လွန်လွန်ကဲကဲမစားဖို့ ကျွန်တော်ပြော ပြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဆီး ချိုဖြစ်လာပြီဆိုရင် သွေးတိုး၊ နှလုံး၊ ကျောက်ကပ်ဆိုတာ ဆက်တိုက်ဖြစ် လာတာလေ။ ကျွန်တော့်အဘွား ကိုယ်တိုင် ဒီလိုရောဂါဖြစ်နေတော့ အချိုတွေ လျှော့စားဖို့ ကျွန်တော် ပြောခဲ့ပါတယ်”လို့ သူက ပြောပြပါ တယ်။ အခုလို ကိုယ့်အနုပညာလော ကသားတွေ နာမကျန်းဖြစ်နေကြ တာမြင် ရတော့ ရင်ထဲမှာ ခံစားရ သလို၊ ကစ်ကစ်အပြင် ပရိသတ်သိပ် မသိတဲ့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် တချို့ဆေးရုံ တက်ရောက်နေကြ ရတာကိုလည်း မြင်တွေ့ခဲ့ရတဲ့ အတွက်အလွန်ပင် စိတ်မကောင်း ဖြစ်ခဲ့ရတယ်လို့ ဇေရဲထက်က ပြောပြ ပါတယ်။

ဇင်မာနွယ်၊
ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071