Wednesday, May 6, 2026

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း...

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ...

ခရီးသွားပြည်သူတွေ အဓိကအားထားလာရတဲ့ မြန်မာ့မီးရထား

ရန်ကုန်ကိုရောက်လာကြသူများနဲ့ ရန်ကုန်ကအပြန် ----------------------------------------------------------------------- မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ကဏ္ဍပေါင်းစုံအတွက် တစ်နိုင်ငံလုံးရှိဒေသအသီးသီးမှ ပြည်သူများဟာ ရောက်ရှိလာကြပါတယ်။ အလုပ်ရှိတဲ့သူက အလုပ်လုပ်ကိုင်ရင်းဖြစ်စေ၊ ပညာသင်တဲ့သူတွေက...

မြန်မာ့တိုင်းရင်းဆေးဝါး လုပ်ငန်းရှင် ၃၇၀၀ ကျော်...

နိုင်ငံအတွင်း မြန်မာ့တိုင်းရင်းဆေးဝါးများကို တရားဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်ပေါင်း ၃၇၀၀ ကျော်ရှိနေကြောင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။ မြန်မာ့တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ရောင်းချရာတွင် တိုင်းရင်းဆေးဝါးဥပဒေနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန၏...
HomeArticlesဟမ်းဆက်လိုလူ

ဟမ်းဆက်လိုလူ

မိုးသည် သဲကြီးမဲကြီးမရွာဘဲ တဖွဲဖွဲကျကာ စွေနေသဖြင့် ချမ်းပြည့်တစ်ယောက် မြင့်အောင်တို့ အိမ်ဘက် ထွက်လာခဲ့သည်။ မြင့် အောင်တို့ အိမ်ကိုရောက်တော့ မြင့် အောင်က ငူငူငိုင်ငိုင်နှင့် ထိုင်နေပါ သည်။ ထို့ကြောင့် ချမ်းပြည့်လည်း ဘာမှမပြောဘဲ မြင့်အောင်နှင့် ခပ်လှမ်းလှမ်းမှာထိုင်ချလိုက်ပါသည်။

ချမ်းပြည့်ထိုင်နေသည်မှာ ဆယ် မိနစ်ကျော်ပင် ကြာသွားပေပြီ။ သို့ သော် မြင့်အောင်သည်လည်း ထိုင်မြဲ အတိုင်း ဆက်ထိုင်နေကာ ချမ်းပြည့် ကိုနှုတ်ဆက်စကားပင် မဆိုသေးချေ။ ထို့ကြောင့် ချမ်းပြည့်တစ်ယောက် စိတ်မရှည်ဖြစ်ကာ

”ဟေ့ကောင် မြင့်အောင်။ မင်း ကြည့်ရတာလည်း မယားသေသွားတဲ့ မုဆိုးဖိုကြီးကျနေတာပဲ။ ရွှင်ရွှင်ပျပျ ကို မရှိဘူး”

”ဘယ်လိုလုပ်ပျော်နိုင်မှာလဲ ကို ချမ်းပြည့်ရာ။ ဒီလောက် အဆင်မပြေ မှုတွေ များနေတာကို”

”မင်းတကယ် အဆင်မပြေဖြစ်နေ တာက ဘာလဲ။ ဘာကြောင့် အဆင် မပြေဖြစ်နေတာလဲ။ အဆင်ပြေ အောင် ဘယ်လိုမှ လုပ်လို့မရတော့ ဘူးလား”

”ဒီလိုပါပဲ ကိုချမ်းပြည့်ရာ။ ကျွန်တော်ကိုက အဆင်မပြေမှုတွေရဲ့ အထိုးအနှက်ခံရဖို့ လူဖြစ်လာတယ် ထင်ပါရဲ့ဗျာ”

ချမ်းပြည့်လည်း မြင့်အောင်၏ စိတ်ပျက်သံကဲနေသော စကားသံများ ကြောင့် စိတ်မကောင်းဖြစ်ကာ ”မင်း ဟာကလည်း မဟုတ်သေးပါဘူး မြင့် အောင်ရာ။ မင်းအခု ပူလောင်နေရ တယ်ဆိုတာ မင်းမိသားစုဝင် တစ်ဦး ဦး သေလို့လား”

”မဟုတ်ဘူး”

”အဲဒါဆို မင်းရဲ့ အိုးအိမ်ပျက်စီး ဆုံးရှုံးသွားလို့လား”

”အဲဒါလည်း မဟုတ်ဘူး ကိုချမ်း ပြည့်”

”ဒါဆို မင်းမိသားစုတစ်ဦးဦး ဒါ မှမဟုတ် မင်းမှာ ရောဂါဝေဒနာ ခံစားနေရလို့လား”

”ကိုချမ်းပြည့်ပြောတာတွေ တစ် ခုမှမဟုတ်ပါဘူးဗျာ။ ကျွန်တော် အခု ပူလောင်နေရတာ ငွေရေးကြေးရေး ကြောင့်ပါဗျာ”

မြင့်အောင်ထံမှ မထင်မှတ်ဘဲ ကြားလိုက်ရတဲ့ စကားကြောင့် ချမ်း ပြည့်လည်း မျက်လုံးပြူးမတတ် အံ့သြ သွားကာ

”ဘာ! ငွေကြောင့်ဟုတ်လား။မင်းကွာ။ ငွေကြောင့်များ ပူလောင် နေရတယ်လို့။ ငွေဆိုတာ ရှာတတ် သူအတွက် မရှားဘူးကွ”

”ဟာဗျာ ကိုချမ်းပြည့်ကလည်း ငွေဆိုတာ ဒုတိယ ဘုရားသခင်ဗျ။ငွေရှိမှ သွားချင်တာသွားနိုင်မယ်။ ငွေရှိမှ စားချင်တာစားနိုင်မယ်။ ဝတ် ချင်တာ ဝတ်နိုင်မယ်”

”မဟုတ်သေးဘူး မြင့်အောင်။မင်းတွေးနေတာတွေ မဟုတ်သေး ဘူး။ ငွေက ဒုတိယဘုရားသခင်ဆို တာ ပိုပြီးတော့တောင် မဟုတ်သေး ဘူး။ ဟောဒီလောကကြီးထဲမှာ ဆင်း ရဲချမ်းသာမရွေး လိုအပ်နေကြတာ ပျော်ရွှင်မှုကွ ပျော်ရွှင်မှု။ သိရဲ့လား။မင်းကျမှ ငွေက ဒုတိယ ဘုရားသခင် ဖြစ်ရတယ်လို့။ ဖြစ်ရင်းဖြစ် ပျော်ရွှင် မှုကပဲ ဘုရားသခင်ဖြစ်သင့်တာ။ ကဲ … ငါပြောတာမှားလား”

”ခင်ဗျားမှန်လား မှားလား ကျွန် တော်မသိဘူး ကိုချမ်းပြည့်ရာ။ ကျွန် တော်သိတာက ငွေရှိရင် ပျော်ရွှင်ရ မယ်။ ငွေမရှိရင် ဘယ်သူကမှ လူရာ မသွင်းချင်ဘူး။ ဘယ်သူကမှလည်း မယုံကြည်ဘူး။ ငွေသာရှိရင် ဘဝရဲ့ လေးပုံ သုံးပုံဟာ အလိုလိုပြည့်စုံပြီး သား ဖြစ်သွားလိမ့်မယ်”

”မဟုတ်သေးဘူး မြင့်အောင်။မင်းတော့ မဟုတ်တော့ဘူး။ မင်း အတွေးတွေ မှားနေပြီ။ မင်းကို ငါ တစ်ခုမေးမယ်။ မင်းအမှန်အတိုင်း ဖြေမလား”

”ဖြေမယ် ကိုချမ်းပြည့်ရာ”

”အေး။ အဲဒါဆို မင်းတကယ် ပျော်ချင်လား”

”ဘယ်လိုမေးလိုက်ပါလိမ့်ကို ချမ်းပြည့်ရာ။ လူရယ်လို့ ဖြစ်လာရင် မပျော်ချင်တဲ့လူ ဘယ်သူရှိမှာလဲ”

”ဟုတ်ပြီ။ အဲဒါဆို မင်းဘာဖြစ် လို့ ပျော်ဖို့ မကြိုးစားတာလဲ”

”ပျော်ရွှင်မှုဆိုတာ လွယ်လွယ် လုပ်ယူလို့ ရတဲ့အရာမှ မဟုတ်တာ။ကြိုးစားလုပ်ယူတော့ရော ပျော်ရွှင်ရ မယ်တဲ့လား”

ချမ်းပြည့်လည်း မြင့်အောင်နား လည်အောင် ဘယ်လိုရှင်းပြလျှင် ရမလဲဟုတွေးကာ ”ရတာပေါ့ မြင့် အောင်ရ။ မင်းကို ငါပြောပြမယ်။ အရင်ဆုံး မင်းကိုယ်မင်း ဟမ်းဆက် (ဖုန်း) တစ်လုံးလို့ မြင်လိုက်။ ပြီးရင် မင်းမှာ မှတ်ဥာဏ်က 8 GB ရှိတယ် လို့ မှတ်လိုက်။ အခုမင်းက မင်းခေါင်း ထဲမှာရှိတဲ့ 8 GB ထဲက 7.95 GBလောက်က မင်းတွေ့ကြုံခဲ့ရတဲ့ ပျော် ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေကို မှတ်သား ထားရတယ်။ အဲဒီလိုမှတ်ထားရတဲ့ 7.95 GB ထဲမှာလည်း ပျော်ရွှင်မှုထက် ဝမ်းနည်းမှုတွေက ပိုများနေတယ်။အဲဒီတော့ မင်းဘာတွေးတွေး အဆင် မပြေမှုတွေကိုပဲ အရင်ဆုံးတွေးမိ တယ်။ အဲဒီလိုတွေးမိတာတွေ များ လာတော့ မင်းမှာ ဘာပျော်ရွှင်မှုမှ မရှိဘူးလို့ မြင်လာတယ်။ တကယ်က ပျော်ရွှင်မှုမရှိတော့တာ မဟုတ်ဘူး။မင်းကိုယ်တိုင်က ပျော်ရွှင်အောင် မနေတတ်တော့တာ။ ဘာဖြစ်လို့ အဲဒီလိုမနေတတ်တော့တာလဲ ဆို တော့ မင်းမှတ်ဥာဏ်ထဲက စိတ်ဒုက္ခ ဖြစ်စရာတွေကို မင်းဖျက်မပစ်ခဲ့ဘဲ ဆက်သိမ်းထားနေမိလို့ပဲ”

”ဟုတ်တယ် ကိုချမ်းပြည့်ရာ။ကျွန်တော့်ခေါင်းထဲက စိတ်ဒုက္ခဖြစ်စ ရာတွေကို သိမ်းထားမိတာ အခုမှ သတိထားမိတယ်”

”အေးပါကွာ။သတိထားမိပြီးရင် ဖျက်သင့်တာမှန်သမျှကို ဖျက်ပစ်ဖို့ သာ ကြိုးစားပေတော့။ အဲဒီလို စိတ် ဒုက္ခဖြစ်စရာတွေကို အကုန်လုံးဖျက် ပြီးရင်တော့ မင်းဆီမှာ စိတ်သုခဖြစ် စရာတွေက ကျန်တော့မယ်ဆိုတာ ငါရဲရဲကြီး အာမခံရဲတယ်”

”ကျေးဇူးပဲ ကိုချမ်းပြည့်ရာ။ကျွန်တော်လည်း မလိုအပ်တာတွေ အကုန်လုံးကို အခုပဲဖျက်ပစ်လိုက် တော့မယ်”

”အေး . . .ဖျက် ဖျက်။ မဟုတ်ရင် မင်းလည်း ဟမ်းဆက် (ဖုန်း)တစ်လုံးလို သုံးစားမရတဲ့အထိ ဟန်းသွားလိမ့်မယ်”

ဟိန်းထက်စံ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071