ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချီသည် စနေနေ့ (မေလ ၂) တွင် ဟနွိုင်မြို့၌ ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး သူသည် လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို ချီးကျူးဂုဏ်ပြုသည့် မိန့်ခွန်းပြောကြားသွားမည်ဟု ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။
အောက်တိုဘာလတွင် ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် တာကာအိချီ၏ ပထမဆုံးဗီယက်နမ်ခရီးစဉ်သည် စွမ်းအင်လုံခြုံရေး၊ ထောက်ပံ့ရေးကွင်းဆက်၏ ပြန်လည်ရုန်းထနိုင်စွမ်းနှင့် နည်းပညာတီထွင်ဆန်းသစ်မှုတို့တွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ရည်ရွယ်ကြောင်း ဗီယက်နမ်အစိုးရပိုင်မီဒီယာများက သတင်းဖော်ပြခဲ့သည်။
သူသည် စနေနေ့တွင် ဝန်ကြီးချုပ် လီမင်ဟွန်းအပြင် ပြီးခဲ့သည့်လကပင် သမ္မတအဖြစ်လည်းတင်မြှောက်ခံခဲ့ရသော ကွန်မြူနစ်ပါတီခေါင်းဆောင် တိုလမ်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။
ဂျပန်သည် ဗီယက်နမ်၏ အကြီးဆုံး အစိုးရဖွံ့ဖြိုးရေးအကူအညီပေးသူဖြစ်သကဲ့သို့ အဓိကရင်းနှီးမြှုပ်နှံသူနှင့် ကုန်သွယ်ရေးမိတ်ဆက်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုသည် ပြီးခဲ့သည့်နှစ်က ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၅၀ ဘီလျံကျော်သို့ ရောက်ရှိခဲ့သည်။
အရှေ့နှင့် တောင်တရုတ်ပင်လယ်များတွင် တရုတ်၏ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ တောင်းဆိုမှုများနှင့်ပတ်သက်၍ နှစ်နိုင်ငံစလုံးသည် စိုးရိမ်ပူပန်နေပြီး စီးပွားရေးနှင့် လုံခြုံရေးဆက်ဆံရေးများကို တိုးချဲ့ခြင်းဖြင့် အမေရိက လုပ်ဆောင်သော ကုန်သွယ်ရေးအနှောင့်အယှက်များကို ကာကွယ်ရန် ကြိုးပမ်းခဲ့ကြသည်။
သို့သော်လည်း ဟနွိုင်သည် ၎င်း၏ အစဉ်အလာ ဝါးသံတမန်ခင်းမှတဆင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများအားလုံးနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို ထိန်းသိမ်းရန် ရည်ရွယ်ထားပြီး တိုကျိုသည်မူ ပေကျင်းနှင့် အေးစက်နေသည့် ဆက်ဆံရေးသည် မကြာမီလများအတွင်း သိသိသာသာ ယိုယွင်းလာသည်ကို တွေ့မြင်ရသည်။
Ref: စီအင်န်အေ
