
အလှမယ်ဟန်သီက သရုပ်ဆောင်ပညာနဲ့ပတ်သက်ပြီး အမေရိကားမှာ သရုပ်ဆောင်သင်တန်းသွားရောက် တက်ရောက်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူအမေရိကားမှာ သရုပ်ဆောင်ပညာနဲ့ပတ်သက်ပြီး သင်ယူခဲ့ရတဲ့ ပညာရပ် များအကြောင်းကို ဟန်သီက . . .
” ဟန်သီအမေရိကားမှာ သရုပ်ဆောင်သင်တန်းသွားတက်တယ်။ သွား တက်တော့ ကိုယ်မသိတဲ့ အရာတွေအများကြီး ဟန်သီသိခဲ့ရတယ်။ ရုပ် ရှင်တစ်ကားကို လူတွေကကြည့်လိုက်ရင်တော့လွယ်လွယ်လေးပေါ့ နော်။ ဒါလေးက ဒီလိုလေးရိုက်ထားတာပဲပေါ့လေ။ ဒါပေမဲ့ ရုပ်ရှင် တစ်ကားရဲ့နောက်ကွယ်မှာ ဘာတွေဘယ်လိုပြင်ဆင်ရတယ်။ ဘယ် နားတွေက ဘယ်လိုအရေးကြီးတယ်။ ဘာကြောင့်သူတို့ရဲ့ ရုပ်ရှင် တွေကအောင်မြင်တာလဲ။ ရုပ်ရှင်ရိုက်တဲ့ ကင်မရာအဟောင်းကြီး တွေကအစ ဟန်သီတို့လိုက်ကြည့်ရတယ်။ ရုပ်ရှင်တွေက ဘယ် လိုကြောင့်ပေါ်လာတာ အဲဒီလိုမျိုးတွေကအစ အသေးစိတ် သင်ခဲ့ရတယ်။
နောက်ပြီးတော့ ကင်မရာတစ်လုံးနဲ့ရုပ်ရှင်ရိုက် လို့ရပေမယ့် ကိုယ်ကသေချာပြင်ဆင်မှုတွေ မရှိဘူးဆိုရင် ရုပ်ရှင် ဇာတ်ကားကောင်းဖြစ်လာမှာ မဟုတ်ဘူးဆိုတာလည်း သင်လာရတယ်”လို့ ပြောပြပါတယ်။ ဒီလိုသင်တန်းတက် ရောက်ခဲ့တဲ့အတွက် မြန်မာပြည်မှာဇာတ်ကားများ ရိုက်ကူးတဲ့အခါမှာ ကိုယ့်အတွက်အရာရာက အဆင်ပြေချောမွေ့နေပြီး သရုပ်ဆောင်ရာမှာလဲ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုတွေအပြည့်အဝရှိနေ တယ်လို့ခံစားရတယ်လို့ ဟန်သီက ပြောပါ တယ်။ သရုပ်ဆောင်သင်တန်းတက်ချင်းနဲ့၊ မတက်ချင်းတို့ရဲ့ ကြားကကွာခြားမှုတွေနဲ့ ပတ်သက်ပြီး ဟန်သီ့ရဲ့အမြင်က . . .
“သင်တန်းတက်တယ်ဆိုတာက ကိုယ် မသိသေးတဲ့ပညာတွေ ကိုယ့်ထက်တော်တဲ့ တက်တဲ့သူတွေဆီကနေ ကိုယ့်ဆရာသမားတွေ ဆီကနေ ပညာယူတာပေါ့နော်။ ဒါက ကိုယ် မမြင်တဲ့အရာတွေ ကိုယ်မသိတာလေးတွေကို သင်ယူတာဖြစ်တယ်။ အခုဆိုလည်း သင်တန်းတွေ မတက်ဘဲအောင်မြင်နေတဲ့သူတွေလည်းအများကြီး ရှိပါတယ်။ ဒါက ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အချင်း (Challange) လို့လည်းပြောလို့ရတယ်ပေါ့နော်။ ဟန်သီကတော့ သင်တန်းတက်လိုက်တဲ့အခါ ကိုယ်မသိသေးတဲ့အရာတွေ ပိုသိလာတယ်လို့ ခံစားရတယ်။ ဆရာသမားတွေက ကိုယ့်ကိုသေ ချာသင်ပြပေးလိုက်တာတွေရှိနေတော့ ကိုယ့်အတွက် ပိုအဆင်ပြေတယ်ပေါ့နော်။ ဒီလိုသင်တန်းကို မတက်ချင်တက်ချင်နဲ့ သွားတက်နေရင်လည်း အပိုပဲပေါ့နော်။ ကိုယ်တကယ်ပညာလိုချင်တယ်ဆိုမှ သွားတက်လို့ရတဲ့အရာတွေလို့ထင်တယ်။ ပြီးတော့ ပညာယူထားတဲ့သူနဲ့ မယူထားတဲ့သူကတော့ တစ်ရက် မဟုတ် တစ်ရက်တော့ကွာမယ်လို့ထင်တယ်”လို့ ပြောပြခဲ့ပါတယ်။
ဇင်မာနွယ်
