Wednesday, July 15, 2026

ပုဂ္ဂလိကကျောင်းအချို့ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိဟု...

နေပြည်တော်၊ ဇူလိုင်-၁၃ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ပုဂ္ဂလိကကျောင်းအချို့သည် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည်ကိုတွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောသည်။ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့နှင့် ပုဂ္ဂလိကကောလိပ်များ၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့်...

ရှမ်းယူနိုက်တက်အက်ဖ်စီအသင်း သုံးပွဲဆက်နိုင်ပွဲရလဒ်နှင့်အတူ အဆင့်(၃) နေရာသို့...

ရန်ကုန်၊ဇူလိုင် ၁၃ Myanmar Women’s League 2026-27 ပြိုင်ပွဲဝင် ရှမ်းယူနိုက်တက်အက်ဖ်စီအသင်းသည် ယခုနှစ်ရာသီ အမှတ်ပေးပြိုင်ပွဲတွင် ရလဒ်ကောင်းရရှိနေပြီး သုံးပွဲဆက် နိုင်ပွဲရရှိထားသည်ကိုတွေ့ရသည်။ ယမန်နေ့ ပဒုမ္မာကွင်းတွင်...

MSME လုပ်ငန်းရှင်များအတွက် ပုံမှန်မဟုတ်သော သီးခြားအာမခံပုံစံဖြင့်...

ပုသိမ်၊ ဇူလိုင်-၁၄ A bank အနေဖြင့် MSME လုပ်ငန်းများအတွက် ဘဏ္ဍာရေးထောက်ပံ့မှုအဖြစ် သမားရိုးကျအာမခံပုံစံမျိုးမဟုတ်ဘဲ လုပ်ငန်းရှင်များ ခံသာနိုင်မည့် သီးခြားအာမခံပုံစံဖြင့် စီစဥ်ဆောင်ရွက်ပေးသွားမည်ဟု A...

ရက် ၁၀၀ စီမံချက်အတွင်း ဓာတ်အားခိုးယူသုံးစွဲမှု...

ယူနစ် ၇ သန်းကျော် အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ နေပြည်တော်၊ ဇူလိုင်-၁၅ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများထံသို့ လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မသမာသောနည်းလမ်းဖြင့် လျှပ်စစ်ဓာတ်အား...
HomeNewsLocal Newsသံအမတ်ကြီး ဦးမင်းသိမ်းအား ကူဝိတ်နိုင်ငံဆိုင်ရာ...

သံအမတ်ကြီး ဦးမင်းသိမ်းအား ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်

ဩစတြီးယားနိုင်ငံ မြန်မာသံအမတ်ကြီးနှင့် ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးမင်းသိမ်းအား ကူဝိတ်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း သိရသည်။

ဦးမင်းသိမ်းသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာရေးရာများတွင် ဆယ်စုနှစ်ချီ တာဝန်ထမ်းဆောင်ခဲ့သော ဝါရင့် သံတမန်တစ်ဦး ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပုဂ္ဂလိကကျောင်းအချို့ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ပြော

နေပြည်တော်၊ ဇူလိုင်-၁၃ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ပုဂ္ဂလိကကျောင်းအချို့သည် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည်ကိုတွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောသည်။ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့နှင့် ပုဂ္ဂလိကကောလိပ်များ၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသောကျောင်းများနှင့် အမျိုးသားသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသောကျောင်းများမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ဇူလိုင် ၁၃ ရက်က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမတွင် ကျင်းပစဉ် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပုဂ္ဂလိကကျောင်းများတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရှိရသဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်...

ရှမ်းယူနိုက်တက်အက်ဖ်စီအသင်း သုံးပွဲဆက်နိုင်ပွဲရလဒ်နှင့်အတူ အဆင့်(၃) နေရာသို့ တက်လှမ်း

ရန်ကုန်၊ဇူလိုင် ၁၃ Myanmar Women’s League 2026-27 ပြိုင်ပွဲဝင် ရှမ်းယူနိုက်တက်အက်ဖ်စီအသင်းသည် ယခုနှစ်ရာသီ အမှတ်ပေးပြိုင်ပွဲတွင် ရလဒ်ကောင်းရရှိနေပြီး သုံးပွဲဆက် နိုင်ပွဲရရှိထားသည်ကိုတွေ့ရသည်။ ယမန်နေ့ ပဒုမ္မာကွင်းတွင် ကျင်းပခဲ့သော Myanmar Women’s League 2026-27 ပွဲစဉ်(၅)တွင် ရှမ်းယူနိုက်တက်အက်ဖ်စီအသင်းက ရန်ကုန်စီးတီးအက်ဖ်စီအသင်းကို ငါးဂိုး၊ ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ရှမ်းယူနိုက်တက်အက်ဖ်စီအသင်းသည် ယနေ့နိုင်ပွဲနှင့်အတူ သုံးပွဲဆက်နိုင်ပွဲမှတ်တမ်းအား ရေးထိုးနိုင်ခဲ့ကာ အမှတ်ပေးဇယားအဆင့်(၃)နေရာသို့ ဇွဲကပင်ယူနိုက်တက်အက်ဖ်စီ-ရန်ကုန်ယူနိုက်တက်အက်ဖ်စီအသင်းတို့ ပွဲစဉ်မတိုင်မီ ယာယီတက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်စီးတီးအက်ဖ်စီအသင်းသည် ယမန်နေ့တွင် ပထမပိုင်း၌ ခံစစ်ပိုင်းစွမ်းဆောင်ရည် ကောင်းမွန်ခဲ့သော်လည်း ဒုတိယပိုင်းတွင် အခွင့်အရေးများ ဆက်တိုက်ပေးခဲ့ရပြီးနောက် ရှုံးပွဲကြုံခဲ့ရခြင်းဖြစ်သည်။

MSME လုပ်ငန်းရှင်များအတွက် ပုံမှန်မဟုတ်သော သီးခြားအာမခံပုံစံဖြင့် ချေးငွေဆောင်ရွက်ပေးသွားမည်

ပုသိမ်၊ ဇူလိုင်-၁၄ A bank အနေဖြင့် MSME လုပ်ငန်းများအတွက် ဘဏ္ဍာရေးထောက်ပံ့မှုအဖြစ် သမားရိုးကျအာမခံပုံစံမျိုးမဟုတ်ဘဲ လုပ်ငန်းရှင်များ ခံသာနိုင်မည့် သီးခြားအာမခံပုံစံဖြင့် စီစဥ်ဆောင်ရွက်ပေးသွားမည်ဟု A Bank Public Company limited ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမျိုးဝင်းသန်းက ပြောသည်။ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၄ ရက်က ပုသိမ်မြို့ရှိ ပုသိမ်ဟိုတယ်တွင် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးအခြေခံ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ရာတွင် A Bank ၊ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမျိုးဝင်းသန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071