Wednesday, July 15, 2026

ရှမ်းယူနိုက်တက်အက်ဖ်စီအသင်း သုံးပွဲဆက်နိုင်ပွဲရလဒ်နှင့်အတူ အဆင့်(၃) နေရာသို့...

ရန်ကုန်၊ဇူလိုင် ၁၃ Myanmar Women’s League 2026-27 ပြိုင်ပွဲဝင် ရှမ်းယူနိုက်တက်အက်ဖ်စီအသင်းသည် ယခုနှစ်ရာသီ အမှတ်ပေးပြိုင်ပွဲတွင် ရလဒ်ကောင်းရရှိနေပြီး သုံးပွဲဆက် နိုင်ပွဲရရှိထားသည်ကိုတွေ့ရသည်။ ယမန်နေ့ ပဒုမ္မာကွင်းတွင်...

MSME လုပ်ငန်းရှင်များအတွက် ပုံမှန်မဟုတ်သော သီးခြားအာမခံပုံစံဖြင့်...

ပုသိမ်၊ ဇူလိုင်-၁၄ A bank အနေဖြင့် MSME လုပ်ငန်းများအတွက် ဘဏ္ဍာရေးထောက်ပံ့မှုအဖြစ် သမားရိုးကျအာမခံပုံစံမျိုးမဟုတ်ဘဲ လုပ်ငန်းရှင်များ ခံသာနိုင်မည့် သီးခြားအာမခံပုံစံဖြင့် စီစဥ်ဆောင်ရွက်ပေးသွားမည်ဟု A...

ရက် ၁၀၀ စီမံချက်အတွင်း ဓာတ်အားခိုးယူသုံးစွဲမှု...

ယူနစ် ၇ သန်းကျော် အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ နေပြည်တော်၊ ဇူလိုင်-၁၅ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများထံသို့ လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မသမာသောနည်းလမ်းဖြင့် လျှပ်စစ်ဓာတ်အား...

ဇူလိုင် ၂၁ ရက်အထိ ဒေသအများစုတွင်...

ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုမှုအန္တရာယ် သတိပြုရန် မိုးဇလထုတ်ပြန် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေခြင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ဇူလိုင် ၁၅ ရက်မှ...
HomeNewsLocal Newsပုဂ္ဂလိကကျောင်းအချို့ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်...

ပုဂ္ဂလိကကျောင်းအချို့ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ပြော

နေပြည်တော်၊ ဇူလိုင်-၁၃

ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ပုဂ္ဂလိကကျောင်းအချို့သည် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည်ကိုတွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောသည်။

ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့နှင့် ပုဂ္ဂလိကကောလိပ်များ၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသောကျောင်းများနှင့် အမျိုးသားသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသောကျောင်းများမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ဇူလိုင် ၁၃ ရက်က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမတွင် ကျင်းပစဉ် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပုဂ္ဂလိကကျောင်းများတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရှိရသဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ယခုပညာသင်နှစ်ကို ကျောင်းအင်္ဂါရပ်နှင့် စံချိန်စံညွှန်းအသစ်များအတွက် ပြင်ဆင်ချိန်အဖြစ် သတ်မှတ်ထားပြီး လာမည့်ပညာသင်နှစ်တွင် ကျောင်းများအနေဖြင့် လိုအပ်သည့် ပြင်ဆင်မှုများ ပြီးစီးထားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ကျောင်းဖွင့်လှစ်ရာတွင် သတ်မှတ်ထားသည့် စာသင်ခန်းအရေအတွက်နှင့် ကျောင်းဧရိယာ အကျယ်အဝန်းများနှင့် ကိုက်ညီရမည်ဖြစ်ပြီး ကျောင်းတစ်ကျောင်း၏ လက်ခံနိုင်သည့် ကျောင်းသားဦးရေထက် ပိုမိုလက်ခံကာ နှစ်ချိန်စနစ်ဖြင့် သင်ကြားခြင်းကို လာမည့်နှစ်များတွင် လက်ခံမည်မဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။

ပုဂ္ဂလိကကျောင်းများတွင် ဘာသာရပ်သင်ကြားရေးသာမက စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်မှုကဲ့သို့သော ဘာသာရပ်များကိုလည်း လျှော့ချခြင်းမပြုဘဲ သင်ကြားရန် လိုအပ်ကြောင်း၊ ကျောင်းသားကျောင်းသူများ၏ မျိုးချစ်စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်ရေးအတွက် နိုင်ငံတော်သီချင်းသီဆိုခြင်း၊ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် ဇာတိမာန်သီချင်းများ သီဆိုစေခြင်းတို့ကို ဆောင်ရွက်ပေးစေလိုကြောင်းလည်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

ထို့အပြင် ပုဂ္ဂလိကသင်ဆရာ ဆရာမများ၏ အရည်အသွေးတိုးတက်စေရန် လာမည့်နှစ်မှစတင်၍ ကိုးလသင်တန်း တက်ရောက်ပြီးသူများကိုသာ Green Card ထုတ်ပေးမည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံမှုစာရင်းများကို သတ်မှတ်စည်းမျဉ်းများနှင့်အညီ မြို့နယ်ပညာရေးမှူးရုံးများသို့ မှန်ကန်စွာ တင်ပြရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသောကျောင်းများမှ ကျောင်းသားကျောင်းသူများအတွက် ပြည်တွင်းတက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားနိုင်မည့် အခွင့်အလမ်းများရရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှမ်းယူနိုက်တက်အက်ဖ်စီအသင်း သုံးပွဲဆက်နိုင်ပွဲရလဒ်နှင့်အတူ အဆင့်(၃) နေရာသို့ တက်လှမ်း

ရန်ကုန်၊ဇူလိုင် ၁၃ Myanmar Women’s League 2026-27 ပြိုင်ပွဲဝင် ရှမ်းယူနိုက်တက်အက်ဖ်စီအသင်းသည် ယခုနှစ်ရာသီ အမှတ်ပေးပြိုင်ပွဲတွင် ရလဒ်ကောင်းရရှိနေပြီး သုံးပွဲဆက် နိုင်ပွဲရရှိထားသည်ကိုတွေ့ရသည်။ ယမန်နေ့ ပဒုမ္မာကွင်းတွင် ကျင်းပခဲ့သော Myanmar Women’s League 2026-27 ပွဲစဉ်(၅)တွင် ရှမ်းယူနိုက်တက်အက်ဖ်စီအသင်းက ရန်ကုန်စီးတီးအက်ဖ်စီအသင်းကို ငါးဂိုး၊ ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ရှမ်းယူနိုက်တက်အက်ဖ်စီအသင်းသည် ယနေ့နိုင်ပွဲနှင့်အတူ သုံးပွဲဆက်နိုင်ပွဲမှတ်တမ်းအား ရေးထိုးနိုင်ခဲ့ကာ အမှတ်ပေးဇယားအဆင့်(၃)နေရာသို့ ဇွဲကပင်ယူနိုက်တက်အက်ဖ်စီ-ရန်ကုန်ယူနိုက်တက်အက်ဖ်စီအသင်းတို့ ပွဲစဉ်မတိုင်မီ ယာယီတက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်စီးတီးအက်ဖ်စီအသင်းသည် ယမန်နေ့တွင် ပထမပိုင်း၌ ခံစစ်ပိုင်းစွမ်းဆောင်ရည် ကောင်းမွန်ခဲ့သော်လည်း ဒုတိယပိုင်းတွင် အခွင့်အရေးများ ဆက်တိုက်ပေးခဲ့ရပြီးနောက် ရှုံးပွဲကြုံခဲ့ရခြင်းဖြစ်သည်။

MSME လုပ်ငန်းရှင်များအတွက် ပုံမှန်မဟုတ်သော သီးခြားအာမခံပုံစံဖြင့် ချေးငွေဆောင်ရွက်ပေးသွားမည်

ပုသိမ်၊ ဇူလိုင်-၁၄ A bank အနေဖြင့် MSME လုပ်ငန်းများအတွက် ဘဏ္ဍာရေးထောက်ပံ့မှုအဖြစ် သမားရိုးကျအာမခံပုံစံမျိုးမဟုတ်ဘဲ လုပ်ငန်းရှင်များ ခံသာနိုင်မည့် သီးခြားအာမခံပုံစံဖြင့် စီစဥ်ဆောင်ရွက်ပေးသွားမည်ဟု A Bank Public Company limited ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမျိုးဝင်းသန်းက ပြောသည်။ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၄ ရက်က ပုသိမ်မြို့ရှိ ပုသိမ်ဟိုတယ်တွင် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးအခြေခံ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ရာတွင် A Bank ၊ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမျိုးဝင်းသန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်က...

ရက် ၁၀၀ စီမံချက်အတွင်း ဓာတ်အားခိုးယူသုံးစွဲမှု ၃၄၀ ဖော်ထုတ်၊

ယူနစ် ၇ သန်းကျော် အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ နေပြည်တော်၊ ဇူလိုင်-၁၅ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများထံသို့ လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မသမာသောနည်းလမ်းဖြင့် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများ ပပျောက်စေရန် အဖွဲ့များခွဲ၍ အထူးအလေးထား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးဆောင်ရွက်ခဲ့ရာ ရက် ၁၀၀ စီမံချက်ကာလအတွင်း စုစုပေါင်း တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှု အမှုပေါင်း ၃၄၀ ကို စိစစ်တွေ့ရှိခဲ့ကြောင်း သိရသည်။ ယင်းအမှုများတွင် စုစုပေါင်း လျှပ်စစ်ယူနစ် ၇ ဒသမ ၇ သန်းကျော်ကို အလွဲသုံးစားပြုလုပ်ခဲ့ကြသဖြင့် နိုင်ငံတော်မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071