Friday, August 7, 2026

အိုင်သပြုလမ်းဆုံတွင် ငဝန်မြစ်ရေ ပြန်လည်ကျဆင်း၊ အုပ်ချုပ်ရေးအဖွဲ့များ...

လေးမျက်နှာ၊ သြဂုတ်-၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံဧရိယာအတွင်း၌ ငဝန်မြစ်ရေ ပြန်လည်ကျဆင်းနေပြီ ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၆ ရက် မွန်းလွဲ ၁...

ဆည်တော်ကြီးရေလှောင်တမံမှ ရေထိန်းညှိလွှတ်ထားမှုကြောင့် ချောင်းမကြီးချောင်းရေ မြင့်တက်လာပြီး...

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များပြားလာသည့်အတွက် ရေထိန်းညှိ လျှော့ချမှုများ ပြုလုပ်ခဲ့ရသည်။ ထို့ကြောင့် ချောင်းမကြီးအနီးရှိ ကျေးရွာများအတွင်း ရေဝင်ရောက်ကာ မန္တလေး-မိုးကုတ်ကားလမ်း၊ တံငါတောင်ကျေးရွာအနီး...

ဟင်္သာတတွင် ကူညီကယ်ဆယ်ရေးယာဉ်များ စက်သုံးဆီ အခက်အခဲမရှိ...

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း သွားရောက်ကူညီနေသည့် အနယ်နယ်အရပ်ရပ်မှ ကူညီကယ်ဆယ်ရေး မော်တော်ယာဉ်များ စက်သုံးဆီ အခက်အခဲ မရှိစေရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၉ ဆိုင်တွင်...

သီရိလင်္ကာ၌နိုင်ငံအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ် စတင်

ကိုလံဘို၊ ဩဂုတ် ၇ ရက် သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်မည့် နိုင်ငံအဆင့် စွန့်ပစ်ပစ္စည်း...
HomeInternationalသူအသတ်ခံရလျှင် သမ္မတလည်း လုပ်ကြံခံရလိမ့်မည်--ဆာရာ

သူအသတ်ခံရလျှင် သမ္မတလည်း လုပ်ကြံခံရလိမ့်မည်–ဆာရာ

သူ အသတ်ခံခဲ့ရပါက သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာကို လုပ်ကြံသတ်ဖြတ်ခိုင်းမည်ဖြစ်ကြောင်း ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာ ဒူတာတေးက စနေနေ့တွင် ပြောကြားလိုက်သည့်အတွက် သင့်တော်သည့် အရေးယူဆောင်ရွက်မှုကိုချက်ချင်းလုပ်သွားမည်ဟု မားကို့စ်၏ ရုံးက ကတိပြုခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၏ သြဇာအကြီးဆုံး နိုင်ငံရေးမိသားစုနှစ်ခုအကြား အကွဲအပြဲ ကြီးမားကျယ်ပြန့်လာသည့် လက္ခဏာရပ်အဖြစ် နံနက်အစောပိုင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဒူတာတေးက သူ လူသတ်သမားတစ်ဦးနှင့် စကားပြောခဲ့ကြောင်းနှင့် သူသာ အသတ်ခံခဲ့ရပါက မားကို့စ်၊ သူ့ဇနီးနှင့် ဖိလစ်ပိုင်အောက်လွှတ်တော် ဥက္ကဌတို့ကို သတ်ဖြတ်ရန် သူ့ကို ညွှန်ကြားခဲ့ကြောင်း ပြောဆိုခဲ့သည်။

“ကျွန်မ လူတစ်ယောက်နဲ့ စကားပြောထားပါတယ်၊ ကျွန်မ အသတ်ခံရရင် ဘီဘီအမ်(မားကို့စ်) လီဇာ အေရာနက်တာ(သမ္မတကတော်) နဲ့ မာတင် ရိုမြူလ်ဒက်ဇ်(လွှတ်တော် ဥက္ကဌ) တို့ကို သတ်ပစ်လိုက်ပါလို့ ပြောခဲ့တယ်၊ နောက်နေတာမဟုတ်ဘူး၊ ရီစရာမဟုတ်ဘူးနော်” ဟု ဒူတာတေးက ပြောခဲ့ပြီး သူတို့ကို မသတ်နိုင်မချင်း တာဝန်ကို ရပ်မပစ်ရန် ပြောခဲ့ကြောင်းနှင့် သူကလည်း လိုက်နာမည်ဟု ပြန်ပြောခဲ့ကြောင်း ဆိုခဲ့သည်။

ဒူတာတေးသည် ကွန်ဂရက်၏ အောက်လွှတ်တော်ခန်းမတွင် သူ၏ အရာရှိချုပ်နှင့်အတူရှိနေခဲ့စဉ်က သူ့အနြေ့ဖင့် ရန်သူ့နယ်မြေတွင် ရောက်ရှိနေခြင်းဖြစ်သောကြောင့် လုံလုံခြုံခြုံနေထိုင်ရန် အွန်လိုင်း မှတ်ချက်ပေးသူတစ်ဦးက တိုက်တွန်းခဲ့မှုကို တုန့်ပြန်ခဲ့သည်။ သူ့အပေါ် ခြိမ်းခြောက်မှုတစ်စုံတရာရှိနေခြင်းနှင့်ပတ်သက်၍မူ ဒူတာတေးက ဖွင့်ဟပြောဆိုသွားခြင်း မရှိပေ။

ဒုသမ္မတ၏ ရှင်းလင်းပြတ်သားသော ထုတ်ဖော်ပြောဆိုချက်အရ သူ့အပေါ် လုပ်ကြံမှုတစ်ခု အောင်မြင်ခဲ့လျှင် သမ္မတကို လုပ်ကြံသတ်ဖြတ်ရန် သဘောတူစာချုပ်ထားသည့် သဘောဖြစ်ကြောင်းနှင့် အမှုဆောင်အတွင်းဝန်က အဆိုပါ ခြိမ်းခြောက်မှုနှင့်ပတ်သက်ပြီး သင့်တော်သော အရေးယူဆောင်ရွက်မှု ချက်ချင်းလုပ်ဆောင်ရန် သမ္မတလုံခြုံရေးကွပ်ကဲမှုအဖွဲ့ထံ လွှဲပြောင်းခဲ့သည်ဟု သမ္မတ၏ ဆက်သွယ်ရေးရုံးက တုန့်ပြန်ပြောဆိုခဲ့သည်။

သမ္မတရုံး၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုခဲ့မှုအပေါ် ဒူတာတေး၏ရုံးက လတ်တလော တုန့်ပြန်ဖြေကြားခြင်း မရှိသေးဟု သိရသည်။

Ref: စီအင်န်အင်န်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိုင်သပြုလမ်းဆုံတွင် ငဝန်မြစ်ရေ ပြန်လည်ကျဆင်း၊ အုပ်ချုပ်ရေးအဖွဲ့များ နီးကပ်စွာ စောင့်ကြည့်လျက်ရှိ

လေးမျက်နှာ၊ သြဂုတ်-၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံဧရိယာအတွင်း၌ ငဝန်မြစ်ရေ ပြန်လည်ကျဆင်းနေပြီ ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၆ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန် တိုင်းတာချက်များအရ သိသိသာသာ ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါ ရေပြန်လည်ကျဆင်းသွားမှုနှင့်အတူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လမ်းပန်းဆက်သွယ်ရေး ပြန်လည်အဆင်ပြေချောမွေ့စေရေးတို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော အဖွဲ့က မြို့၏ ရေဝင်ရောက်မှုအခြေအနေနှင့် နောက်ဆက်တွဲ ဘေးအန္တရာယ်များ ရှိ/မရှိကို အမြဲမပြတ် နီးကပ်စွာ စစ်ဆေးစောင့်ကြည့် ဆောင်ရွက်လျက်ရှိကြောင်း...

ဆည်တော်ကြီးရေလှောင်တမံမှ ရေထိန်းညှိလွှတ်ထားမှုကြောင့် ချောင်းမကြီးချောင်းရေ မြင့်တက်လာပြီး မန္တလေး-မိုးကုတ်ကားလမ်း ရေကျော်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များပြားလာသည့်အတွက် ရေထိန်းညှိ လျှော့ချမှုများ ပြုလုပ်ခဲ့ရသည်။ ထို့ကြောင့် ချောင်းမကြီးအနီးရှိ ကျေးရွာများအတွင်း ရေဝင်ရောက်ကာ မန္တလေး-မိုးကုတ်ကားလမ်း၊ တံငါတောင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၂၅/၁ နှင့် ၅ ကြားတွင် ယနေ့နံနက် ၆ နာရီမှစ၍ သုံးပေခန့် ရေကျော်လွန်လျက်ရှိသည်။ အဆိုပါ မန္တလေး-မိုးကုတ် ကားလမ်းပေါ် ရေကျော်လွန်နေသည့် အခြေအနေများကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံလူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နံနက် ၈ နာရီခွဲမှစတင်ကာ ခရီးသွားလာသူများ လုံခြုံစွာ ဖြတ်သန်းနိုင်ရေး၊...

ဟင်္သာတတွင် ကူညီကယ်ဆယ်ရေးယာဉ်များ စက်သုံးဆီ အခက်အခဲမရှိ ဝယ်ယူနိုင်ရန် စီစဉ်ပေးထား

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း သွားရောက်ကူညီနေသည့် အနယ်နယ်အရပ်ရပ်မှ ကူညီကယ်ဆယ်ရေး မော်တော်ယာဉ်များ စက်သုံးဆီ အခက်အခဲ မရှိစေရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၉ ဆိုင်တွင် လိုအပ်သည့် ပမာဏအတိုင်း လွတ်လပ်စွာ ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည်။ ထို့အပြင် ရွှေ့ပြောင်းကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနေသည့် ဖိုက်ဘာလှေများနှင့် ပဲ့ထောင်များအတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လှူဒါန်းမှုဖြင့် စက်သုံးဆီများကို အခမဲ့ ထောက်ပံ့ပေးလျက်ရှိသည်။ ဩဂုတ်လ ၆ ရက်နေ့တွင် ကယ်ဆယ်ရေးလှေများအတွက် ဓာတ်ဆီ ၂၆၅ ဂါလံနှင့် ဒီဇယ်ဆီ ၁၃ ဂါလံတို့ကို အခမဲ့ ခွဲဝေပေးခဲ့ပြီး ယနေ့အထိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071