Monday, May 4, 2026

သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲ ယနေ့...

မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် G-10 နှင့် G-11 ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲကို ယနေ့ မေ ၄ ရက်နံနက် ၉...

ဟော်မုဇ် ရေလက်ကြားအတွင်း အီရန်၏ ခွင့်ပြုချက်မပါဘဲ...

အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် ဟော်မုဇ် ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားပြီး၊ အီရန်အစိုးရနှင့် ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ၎င်းရေလမ်းကြောင်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် သင်္ဘောအားလုံးကို တိုက်တွန်းထားကြောင်း အီရန်နိုင်ငံ Khatam al-Anbiya...

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ Project Freedom...

ဟော်မုဇ် ရေလက်ကြားအတွင်း ပိတ်မိနေသည့် သင်္ဘောများနှင့် ပတ်သက်၍ အမေရိကန် ရေတပ်၏ "Operation Project Freedom"စစ်ဆင်ရေးတွင် အရပ်ဖက် သင်္ဘောများအား စစ်သင်္ဘောများဖြင့်...

ရန်ကုန်တိုင်းအတွင်း ယခု မေလအတွင်း အုပ်စု(၂)စုခွဲ...

ရန်ကုန်တိုင်းအတွင်း၌ ယခု မေလအတွင်း အုပ်စု(A,B) ခွဲ၍ နံနက် ၅ နာရီမှ ည ၉ နာရီအတွင်း အချိန်(၄)နာရီစီ အလှည့်ကျစနစ်ဖြင့်...
HomeCelebrities' Newsသူရိယကသဝန္ပုိတုိတယ္ဆိုတဲ့ဆုအိမ့္စံ

သူရိယကသဝန္ပုိတုိတယ္ဆိုတဲ့ဆုအိမ့္စံ

“စုစုကသူ့ကိုယုံတယ်။ စုစုမမြင် ရတဲ့နေရာမှာ သူရှိနေတယ်ဆိုရင်တောင် သူ့ကိုယုံကြည်တယ်။ အဓိကတော့ စုစုတို့ချစ်ခြင်းကို ယုံကြည်မှုတွေ၊နားလည်မှုတွေနဲ့တည် ဆောက်ထားတာပါ” လို့ ချစ်သူသူရိယအပေါ် သူ့ရဲ့ ယုံကြည်မှု ကို ဆုအိမ့်စံက ပြောပြလာပါတယ်။ ချစ်သူတိုင်းမှာ သဝန်တို တာမျိုးကရှိတတ်ကြစမြဲဖြစ် တဲ့အတွက် သူတို့နှစ်ဦး ကြားမှာ လည်း သဝန်တိုတာမျိုးရှိတယ်လို့ သိရ ပါတယ်။ သူရိယကသဝန်ပိုတိုတတ် တယ်လို့ ပြောပြလာတဲ့ ဆုအိမ့်စံက…

“နှစ်ယောက်စလုံးကတော့ သဝန်တိုပါတယ်။ ဒါပေမဲ့ သူကသဝန်ပိုတိုတယ်။ တစ်ခါတလေကျ ရင် သူကတအား ဂယက်ထတယ် (ရယ်လျက်)။ ဒါပေမဲ့ တစ်ယောက် နဲ့ တစ်ယောက် စုစုမကြိုက် တာကိုလည်း သူသိသလို သူမကြိုက်တာ ကိုလည်း စုစုသိတယ်။ ဒါကြောင့် သူ မကြိုက်တာကိုလည်း စုစုမလုပ်သလို သူလည်းစုစုမကြိုက်တာကို မလုပ် ဘူး။ သူကတစ်ခါတလေ နယ်မှာရှုတင်သွားပြီးရိုက် ကူးရတာတွေရှိတယ်။ သူရှုတင်ပြီးပြီဆိုတာနဲ့ စုစုဆီဖုန်းချက်ချင်းဆက်တယ်။ အဲဒီတော့ သူ့ကို စုစုယုံတယ်။ စုစုမကြိုက်တာကို သူလုပ်မှာမဟုတ် ဘူးဆိုတာကိုပေါ့။ နှစ်ယောက်က အမြဲအဆက် အသွယ်ရှိတယ်” လို့ပြောပါတယ်။

အနုပညာ အလုပ်နဲ့ပတ်သက်လို့ကတော့ သဝန်တို မှုမရှိဘဲဒါ ကလည်း သူကိုယ်တိုင်ကလည်း အနုပညာရှင် တစ် ယောက်ဖြစ်နေတာကြောင့်ဖြစ်တယ်လို့ ဆုအိမ့် စုက ဆက်ပြောပါ တယ်။

“စုစုကအပြင်လူဆိုရင်တော့ တစ်မျိုးပေါ့လေ။ အပြင်လူဆိုရင်တော့ နားလည်ချင်မှနားလည်မှာ ပေါ့လေ။ ကိုယ်ကလည်းဒီအနုပညာအလုပ်လုပ် နေတဲ့အတွက်ကိုယ်ကလည်းဒါကိုနားလည် တယ်” လို့ ဆုအိမ့်စံကပြောပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲ ယနေ့ မေ ၄ ရက်ကစတင် ဖြေဆိုသူ(၂၂၉)ဦးရှိ

မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် G-10 နှင့် G-11 ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲကို ယနေ့ မေ ၄ ရက်နံနက် ၉ နာရီမှစတင် ၍ သပိတ်ကျင်းမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် မြန်မာစာဘာသာရပ်ကိုဖြေဆိုခဲ့ကြောင်း သိရသည်။ မြန်မာစာဘာသာရပ်အား အ.ထ.က(သပိတ်ကျင်း)တွင် ကျောင်းသား၊ ကျောင်းသူ(၉၆)ဦး၊ အ.ထ.က(၁)မိုးကုတ်တွင် ကျောင်းသား၊ ကျောင်းသူ(၂၂၉)ဦးဖြေဆိုခဲ့ကြကာ သက်ဆိုင်ရာတာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ စာမေးပွဲကို ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်မဆုံးရှုံးစေရေးအတွက်ရည် ရွယ်၍ မေ ၁၁ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဟော်မုဇ် ရေလက်ကြားအတွင်း အီရန်၏ ခွင့်ပြုချက်မပါဘဲ ဝင်ရောက်ခြင်းမပြုရန် သင်္ဘောများကို အီရန်တိုက်တွန်း

အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် ဟော်မုဇ် ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားပြီး၊ အီရန်အစိုးရနှင့် ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ၎င်းရေလမ်းကြောင်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် သင်္ဘောအားလုံးကို တိုက်တွန်းထားကြောင်း အီရန်နိုင်ငံ Khatam al-Anbiya ဌာနချုပ်မှ တပ်မှူး Ali Abdollahi က ပြောကြားခဲ့သည်။ "ကျွန်တော်တို့ဟာ ဟော်မုဇ် ရေလက်ကြားရဲ့ လုံခြုံရေးကို အစွမ်းကုန်ဆောင်ရွက်နေပြီး အခြေအနေအားလုံးကို ထိန်းချုပ်ထားပါတယ်။ ကုန်တင်သင်္ဘောတွေနဲ့ ရေနံတင်သင်္ဘောတွေအနေနဲ့ သူတို့ရဲ့ လုံခြုံရေးကို မထိခိုက်စေဖို့အတွက် ဟော်မုဇ် ရေလက်ကြားမှာ တပ်စွဲထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ဖြတ်သန်းသွားလာဖို့ မကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်" ဟု...

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ Project Freedom တွင် အရပ်ဖက် သင်္ဘောများအား စစ်သင်္ဘောဖြင့် လိုက်ပါစောင့်ရှောက်ရန် အစီအစဉ်မရှိ

ဟော်မုဇ် ရေလက်ကြားအတွင်း ပိတ်မိနေသည့် သင်္ဘောများနှင့် ပတ်သက်၍ အမေရိကန် ရေတပ်၏ "Operation Project Freedom"စစ်ဆင်ရေးတွင် အရပ်ဖက် သင်္ဘောများအား စစ်သင်္ဘောများဖြင့် လိုက်ပါစောင့်ရှောက်ပေးမည့် တာဝန်များ မပါဝင်ကြောင်း၊ သို့သော် သင်္ဘောသားများအတွက် ဘေးကင်းပြီး မိုင်းအန္တရာယ်ကင်းစင်သော ရေလမ်းကြောင်းဆိုင်ရာ အချက်အလက်များကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း Axios သတင်းဌာန၏ သတင်းထောက် Barak Ravid က ပြောကြားသည်။ သူက X လူမှုကွန်ရက်တွင် အောက်ပါအတိုင်း ရေးသားခဲ့သည်။ "အမေရိကန် အရာရှိနှစ်ဦးရဲ့ အဆိုအရ ဟော်မုဇ် ရေလက်ကြား စီမံချက်အသစ်မှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071