Friday, May 1, 2026

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်...

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊...

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...
HomeMyanmar Theatrical Traditionသီးလေးသီး မျှော်စင်ကျွန်း ၁၁...

သီးလေးသီး မျှော်စင်ကျွန်း ၁၁ နှစ် ပြည့် အငြိမ့်ပွဲကို ယခုနှစ်အတွင်း ပြုလုပ်သွားမည်


သီးလေးသီးမျှော်စင်ကျွန်း ၁၁ နှစ်ပြည့်ပွဲကို ဒီနှစ်ထဲမှာ ပြုလုပ် သွားမယ်လို့ သီးလေးသီးအဖွဲ့မှ လူ ရွှင်တော် ပန်းသီးက ပြောလာပါ တယ်။ အဆိုပါပွဲလုပ်ဖို့ အတွက်ကို လည်း ဦးဇာဂနာနဲ့ တိုင်ပင်နေဆဲ ဖြစ်ပြီး သူတို့အနေနဲ့ကတော့ မျှော် စင်ကျွန်းမှာပဲ လုပ်ချင်ပါတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ လုပ်ချင်တာက တော့ အဲဒီနေရာပေါ့လေ။ ဒါပေမဲ့ ပရိသတ်တွေလာနိုင်တဲ့အားနဲ့ Indoor ဖြစ်မလား Outdoor ဖြစ် မလားဆိုတာကတော့ နည်းနည်းစဉ်း စားရဦးမယ်။ ကျွန်တော်တို့ အနေနဲ့ ကတော့ နှစ်စဉ်ရယ်လို့တော့ မလုပ် ဖြစ်ဘူး။ ကျွန်တော်တို့ အပြင်မှာ က နေရင်းနဲ့ အမှတ်တရအနေနဲ့က လိုက်တာမျိုးတွေတော့ရှိတယ်။ ဒီနှစ် ကတော့ ဒါကို သီးသန့်ပွဲလုပ်ဖို့ စီ စဉ်မှာပါ။ စပွန်ဆာရမယ်ဆိုရင်တော့Free Show လုပ်ချင်ပါတယ်။ ကိုယ့် ပရိသတ်တွေ လွတ်လွတ်လပ်လပ် ကြည့်လို့ ရအောင်ပေါ့လေ” လို့ မျှော် စင်ကျွန်း ၁၁ နှစ်ပြည့်ပွဲနဲ့ ပတ်သက် လို့ ပန်းသီးကေ ပြာပြပါတယ်။ သီး လေးသီးအငြိမ့်အဖွဲ့ရဲ့သက်တမ်းကတော့ ၁၅ နှစ်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။ အနုပညာလောကမှာ ၁၅ နှစ်တာ ကာလအထိ ဖြတ်သန်းခဲ့ပြီးပြီဖြစ်တဲ့ သီးလေးသီးအငြိမ့်အဖွဲ့အနေနဲ့ သူ တို့ရဲ့ ဖြတ်သန်းမှုအပေါ် ဘယ်လို သုံးသပ်မိလဲလို့ မေးတော့ …

“ကျွန်တော်တို့က မနေ့တစ်နေ့ ကလိုပဲ ကျွန်တော်တို့တွေက ခံစား နေရတာ။ ကျွန်တော်တို့ အသက်တွေ ကြီးလာပြီ။ ကိုယ့်ထက်အသက်တစ် ဝက်ငယ်တဲ့ လူငယ်တွေရောက်လာ ပြီ။ ရောက်လာသော်ငြားလည်း ကျွန် တော်တို့မှာ ကျွန်တော်တို့ လုပ်ချင် တဲ့အလုပ်တွေကို လုပ်နေရတဲ့အတွက် အားရကျေနပ်မှု မရှိသေးဘူး။ ဘာ တွေလုပ်ပြချင်သေးလဲဆိုတဲ့ စိတ်က လေးတွေနဲ့ပဲ နေ့တိုင်းရှင်သန်နေ တာ။ အဲဒီတော့ ဒီနေ့ဒီအချိန်အထိ ကိုယ်လုပ်နေတဲ့အလုပ်ကို အားရ ကျေနပ်မှုမရှိသေးဘူး။ ဆက်ကြိုးစား ရဦးမှာပဲ။ ကျွန်တော်တို့ ကာလက တော့ စစ်အုပ်ချုပ်ရေးကာလပေါ့ လေ။ အခုကတော့ပွင့်လင်းမြင်သာမှု ရှိတဲ့ ဒီမိုကရေစီစနစ်တစ်ခုမှာ ဆို တော့ ကွာတာကတော့ ဆီနဲ့ ရေပေါ့ လေ။

ကွာတာကတော့ ပြောမယ်ဆို ရင်တော့ အများကြီးပါပဲ။ တော် တော်ကွာသွားပါပြီ။ ပြက်လုံးတစ် လုံးပြက်မယ်ဆိုရင်တောင် ကျွန် တော်တို့က မပွင့်လင်းသေးတဲ့ အချိန် မှာ ပြက်ရတာက အရသာတစ်မျိုး၊ ပွင့်ပွင့်လင်းလင်းဖြစ်လာပြီဆိုတဲ့ အချိန်ကြမှ ပြက်ရတဲ့အရသာတစ်မျိုးအဲဒီနှစ်မျိုးက ဘယ်လိုမှကိုနှိုင်းယှဉ် လို့ မရပါဘူး”လို့ ပြောပါတယ်။

သီးလေးသီးအနေနဲ့ လက်ရှိ အစိုးရကိုကော ဘယ်လိုထောက်ပြ နေဖြစ်လဲလို့မေးတော့…

“လက်ရှိအစိုးရကိုတော့ နေ့ တိုင်းကိုပဲ ဖေ့စ်ဘွတ်ခ်မှာ ထောက်ပြ နေတာပါပဲ။ ဒီနေ့လည်း ထောက်ပြ နေတယ်။ မနက်ဖြန်လည်း ထောက် ပြနေဦးမယ်။ ထောက်စရာတွေတော့ အများကြီးပါပဲ။ ဘယ်အစိုးရ တက် တက် ကျွန်တော်တို့ တိုင်းပြည်ကို အုပ်ချုပ်တဲ့အစိုးရကတော့ ထောက် ပြခံရမှာပါပဲ။ ဝေဖန်ခံရမှာပဲ။ တိုး တက်ချင်ရင်တော့ အစိုးရကိုထောက် တာလည်း ထောက်ပေါ့။ပြည်သူကိုယ် တိုင်ကလည်း နံပါတ် ၁ စည်းကမ်းရှိ ဖို့ လိုအပ်ပါတယ်။
အစိုးရလည်း စည်းကမ်းရှိမယ်၊ ပြည်သူလည်း စည်းကမ်းရှိမယ်။ ဒီမို ကရေစီစနစ်တစ်ခုကို စည်းနဲ့ကမ်းနဲ့ ကိုယ်စီအသိစိတ်ဓာတ်နဲ့သွားမယ် ဆိုရင် အမြန်ဆုံးကျွန်တော်တို့တိုး တက်နိုင်မှာပါ”လို့ ပန်းသီးက ပြော ပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး ပွဲစျေး မြင်ကွင်းများ

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရား တို့အား ရည်မှန်းထားတော်မူသော ရုပ်ပွားတော် လေးဆူသည် အရပ်မျက်နှာအသီးသီးသို့ မျက်နှာမူလျက် ကျောတော်များကပ်၍ တင့်တယ်စွာ စံတော်မူဟန်ဖြင့် တည်ထားကိုးကွယ်ထားသည်။

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀) ကျော်အား ပဲဆွမ်းလောင်းလှူ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊ တာ ဝန်ရှိသူများက ရွှေယဉ်မျှော်စေတီတော်ရှိ မဟာဗောဓိပင်အားညောင်ရေသွန်းလောင်းပူဇော်ပြီးနောက် ဘားအံမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၅၇)ကျောင်းနှင့် သီလရှင်ကျောင်း(၁၅)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်(၂,၃၈၀)ပါးတို့အား မိုးတွင်းကာလ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရန်ရည်ရွယ်၍ မတ်ပဲ၊ ကုလားပဲ၊ ပဲဝါခြမ်းနှင့် ပဲဖြူလေး(ပဲအမျိုးမျိုး) တို့ကိုလောင်းလှူခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွင် ပဲဆွမ်းလောင်းလှူသောအလေ့အထသည် ရှေးယခင်ကတည်းကရှိခဲ့ကာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကဆုန်လပြည့်နေ့၌ ပဲဆွမ်းလောင်းလှူခြင်းသည် ထူးခြားသည့်အစဉ်...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော နိုင်ငံတော်အလုပ်သမားနေ့၌ ၎င်း၏ လုပ်သားအင်အားဆိုင်ရာ မဟာဗျူဟာကို ဖွဲ့စည်းပုံဆိုင်ရာ၌ အကြီးအကျယ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဒ်ချနန် ဝေါင်ဆာဝတ်က ၎င်း၏ မိန့်ခွန်းတွင် နိုင်ငံ့လုပ်သားအင်အားအတွက် အန္တရာယ်နှစ်ရပ်ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ယင်းတို့မှာ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ထောက်ပံ့ရေးကွင်းဆက် မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသော ပြင်ပစီးပွားရေး ဖိအားများဖြစ်ပြီး ယင်းနှင့်အတူ ဉာဏ်ရည်တု (AI) နည်းပညာ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071