သီပေါ၊ဩဂုတ်-၁၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သီပေါဘုရားကြီးဝင်းအတွင်း ဖွင့်လှစ်ထားသည့် သီပေါသီတဂူစက္ခုဒါနဆေးရုံ၌ (၅၇) ကြိမ်မြောက် အခမဲ့မျက်စိကုသမှုအစီအစဉ်ကို စက်တင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမဲ့မျက်စိကုသမှုအစီအစဉ်တွင် မျက်စိဝေဒနာရှင်များအနေဖြင့် လာရောက်၍ မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် လိုအပ်သည့် ကုသမှုများကို အခမဲ့ခံ ယူနိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။
မျက်စိဝေဒနာရှင်များအနေဖြင့် စက် တင်ဘာ ၁၅ ရက် နောက်ဆုံးထား၍ သီပေါသီတဂူစက္ခုဒါနဆေးရုံသို့ လာရောက်စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသမှုခံယူနိုင်ကြောင်း အသိပေးထားသည်။
အခမဲ့မျက်စိကုသမှုအစီအစဉ်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး မျက်စိဝေဒနာရှင်များအနေဖြင့် သတ်မှတ်ရက်အတွင်း လာရောက်ကုသမှုခံယူနိုင်ကြောင်း သိရသည်။
