ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှ ရေဘေးသင့်သူများကို တိုင်းအစိုးရအဖွဲ့က သြဂုတ် ၁၀ ရက်ညနေပိုင်းတွင် ငါးသိုင်းချောင်းမြို့ရှိ ရွှေရေးဆောင်ကျောင်းတိုက်၌ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က ကြုံတွေ့ရသည့် သဘာဝဘေးများကို အစိုးရနှင့်ပြည်သူလက်တွဲညီညီပူးပေါင်းဆောင်ရွက်ပါက အခက်အခဲများကိုကျော်ဖြတ်နိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် ကျန်း မာရေးကိုအထူးဂရုစိုက်နေထိုင်ကြရန်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်သူများကြုံတွေ့ရသည့်အခက်အခဲများကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး စုပေါင်းအင်အားဖြင့်ဆောင်ရွက်ရမည်ဟုလည်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအမျိုးသ မီးရေးရာအဖွဲ့နာယက၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တို့က ရေဘေးသင့်သူများကိထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြကြောင်း သိရသည်။
