Saturday, September 19, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeCelebrities' Newsသီချင်းခွေထုတ်ဖို့အမေနဲ့တိုင်ပင်နေတုန်းပာ ချမ်းမြေ့မောင်ချို

သီချင်းခွေထုတ်ဖို့အမေနဲ့တိုင်ပင်နေတုန်းပာ ချမ်းမြေ့မောင်ချို

Myanmar Idol Season-3 ပြိုင်ပွဲမှာ ပရိသတ် အားပေး ချစ်ခင်မှုကို တစ်ခဲနက်ရရှိခဲ့တဲ့ ပြိုင်ပွဲဝင်ကတော့ ချမ်းမြေ့ မောင်ချိုပဲ ဖြစ်ပါတယ်။ သူ့ရဲ့အသံချိုချိုလေးနဲ့ ပရိ သတ်တွေကို ဖမ်းစားနိုင်ပြီး ပြိုင်ပွဲဝင်တွေထဲမှာ အသက်အငယ်ဆုံးပြိုင်ပွဲ ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ Myanmar Idol Season-3 ရဲ့ ဖိုင်နယ်ပြိုင်ပွဲ မတိုင်ခင်ကတည်းက ချမ်းမြေ့မောင်ချိုဟာ သုခကမ္ဘာ ဆေးရုံကြီးမှာ ကျန်းမာရေးအရ ဆေး ကုသမှုခံယူခဲ့ရ ပါတယ်။ သူဟာ ပြိုင်ပွဲကို လူနာတင်ယာဉ်နဲ့ လာခဲ့ရတာ ဖြစ်ပြီး နေမကောင်းတဲ့ကြားက ပရိသတ်အတွက် သီချင်းတစ်ပုဒ်သီဆိုဖျော်ဖြေပေးသွားခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲ မှာချမ်းမြေ့မောင်ချိုက 1st Runner Up ဆုကို ရရှိခဲ့ပြီး Winner ဆုကိုတော့ ဖြိုးမြတ် အောင်က ရရှိခဲ့ပါတယ်။Winner ဆုရရှိခဲ့တဲ့ ဖြိုးမြတ် အောင် အတွက်လည်း ချမ်းမြေ့မောင်ချိုက အခုလို ဂုဏ်ပြုစကားပြော ပါတယ်။

“တအားဝမ်းသာပါတယ်။ Winner ဆုကသူနဲ့လည်း ထိုက်တန်တယ်။ သူဘယ် လောက်ကြိုးစား ထားလဲဆိုတာ ပရိသတ် ကြီး လည်းသိပါတယ်။ အဲဒီနေ့က ‘သင့်အ တွက် မနက်ဖြန်’ဆိုတဲ့ သီ ချင်းကိုသိပ်ဆို ချင်ခဲ့တာ။ Winner ရမှ ဒီသီချင်းရမှာ ဆိုတော့ မနည်းမရရအောင် လာရောက် ပြီး သီဆိုဖြစ်ခဲ့တာ။ တစ်ပုဒ်လုံး ကောင်း ကောင်း ပြီးဆုံးအောင် သီဆိုနိုင်ခဲ့တော့ တအားလည်း ပျော်ပါတယ်။ ညီမကို ကိုဖြိုးမြတ်အောင်က ဒီသီချင်းကို လက်ဆောင်ပေး လိုက်တော့ ဒုတိယ ဆုရတာထက်တောင် ပိုပြီးတော့ ပျော်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။ ပြိုင်ပွဲကလည်း ပြီးသွား ပြီဆိုတော့ အနုပညာအလုပ်တွေ ဆက်လက်လုပ် ကိုင်သွား ဖို့အစီအစဉ်ရှိလား။ သီချင်းခွေလုပ်ဖို့ရော အမေနဲ့တိုင် ပင်ဖြစ်လား ဆိုတာကို ချမ်းမြေ့မောင်ချိုက…

“သီချင်းခွေထွက်ဖို့တော့ နည်းနည်းကြာဦးမယ်။ သီချင်းတစ်ပုဒ်စ၊ နှစ် ပုဒ်စလောက်ပဲ လုပ်ဖို့ အစီအစဉ်ရှိ ပါတယ်။ အရွယ်သုံးပါးကြိုက်မယ့် ပုံစံလေးတွေဆို ဖြစ်မှာပါ။ သီချင်းခွေ လုပ်ဖို့ကတော့ အမေနဲ့ တိုင်ပင်နေတုန်းပါ”လို့ ပြောပြခဲ့ပါတယ်။ ပြိုင် ပွဲယှဉ်ပြိုင်နေစဉ် တစ် လျှောက်မှာ အဖေကလည်း သင်္ဘောပေါ်ကနေ အားတက် အောင် အားပေးတယ်ဆိုတဲ့ ချမ်းမြေ့မောင်ချိုက…

“ပြိုင်ပွဲယှဉ်ပြိုင်နေစဉ် တစ် လျှောက်လုံး အဖေက အနားမှာမရှိပေမယ့် သင်္ဘောပေါ်ကနေ သူ အချိန်ရရင်ရသလို ကြည့်ရှုပြီး အားပေးတယ်။ အဖေလည်း ပြန်လာ တော့မှာဆိုတော့ စောင့်နေပါတယ်။ Party လုပ်ဖို့”လို့ ပြောပြခဲ့ပါ သေးတယ်။ ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတစ်လျှောက် အကြိုက်ဆုံး ပြိုင်ပွဲဝင်တွေ ရှိခဲ့လား။ နောက် Season မှာ ပါဝင်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်တွေအတွက် အကြံပေးစကားပြော ပေးပါဦးဆိုတော့ ချမ်းမြေ့မောင်ချိုက “ပြိုင်ပွဲဝင် တွေ အကုန်လုံးကို ကြိုက်ပါတယ်။ အကုန်လုံးက ကိုယ့်အရည် အချင်း နဲ့ကိုယ် ရှိကြတော့ အကုန်လုံးကို သဘောကျတယ်။ အကုန်လုံးက စည်းစည်းလုံးလုံးနဲ့ တအားလည်း ဂရုစိုက်ကြတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ Stress အဲဒီလောက် မထားဘဲနဲ့ ကိုယ်ချစ်တဲ့အလုပ်ကို အကောင်း ဆုံးဖြစ်အောင် ယှဉ်ပြိုင်ကြပါ”လို့ ပြောပါတယ်။ ပြိုင်ပွဲတစ်လျှောက် အားပေးကြတဲ့ ပရိသတ်ကြီး အကုန်လုံးကို ကျေးဇူးအများကြီး တင်ပြီး သီချင်းတွေလည်း ဆက်လက်လုပ်သွားဖို့ရှိတာကြောင့် အားပေးကြပါဦး လို့လည်း ချမ်းမြေ့မောင်ချိုက ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း

Ads Space Available


Continue reading

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီမှ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးအတွက် ဒုတိယနေ့အဖြစ်တွေ့ဆုံစဥ် ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က NSPNC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးမည့်အခြေအနေများ၊ ဆွေးနွေးညှိနှိုင်းမည့် အကြောင်းအရာများ၊ ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအားဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့ ရွေးချယ်ရေးသဘာပတိအဖွဲ့ဖွဲ့စည်းပြီး နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆)ဦးအတွက် နိုင်ငံရေးပါတီကိုယ်စားလှယ်များက မဲပေးရွေးချယ်ကြကာ အမြဲတမ်းအလုပ်အဖွဲ့ကိုယ်စားလှယ်(၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုအတည်ပြုခဲ့ကြောင်း သိရသည်။ ထို့ပြင်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် အရည်အသွေးကောင်း ဝါမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သင်ကြားပို့ချဆွေးနွေး​ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် မြို့နယ်စိုက်ပျိုရေးဦးစီးဌာနမှ ဝါသီးနှံမျိုးသန့်စံပြစိုက်အကျိုးဆောင်တောင်သူများအား ကွန်ပေါင်းမြေဩဇာ GBS 15:15:15+TE (၁၁၇)အိတ်ကိုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက မှာကြားခဲ့ကြောင်း သိရသည်။ ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်လာစေရန်နှင့် ရထားလမ်းအသုံးပြုသွားလာသည့် ဒေသခံပြည်သူများနှင့် ခရီးသွားများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဝန်ကြီး ဦးဇေယျာဦးက စက်တင်ဘာ ၁၇ ရက်တွင် ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် ရထားလမ်းကူး (Level Crossing) များ၏ အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထိုသို့စစ်ဆေးရာတွင် ရထားလမ်းကူးများ၌ မောင်းတံဂိတ်များ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071