Home Music သီချင်းအသစ်ထွက်ပြီး ပရိတ်သတ်ရဲ့တုံ့ပြန်မှုကိုစောင့်ကြည့်ချင်တဲ့ အဆိုတော်ဖြိုးကြီး

သီချင်းအသစ်ထွက်ပြီး ပရိတ်သတ်ရဲ့တုံ့ပြန်မှုကိုစောင့်ကြည့်ချင်တဲ့ အဆိုတော်ဖြိုးကြီး

0
279

ဂီတလောကထဲမှာ အချိန်အတန်ကြာ ပျောက်ကွယ်နေတဲ့ ဖြိုးကြီး တစ်ယောက် ပရိသတ်နဲ့ အဆက်အသွယ်ပြတ်တောက်နေတာ ကြာပြီ ဆိုတော့ တွေ့ဆုံတဲ့အချိန်လေးမှာ အင်တာဗျူးဖြစ်ခဲ့တော့…

”ကျွန်တော့်ရဲ့Weak Point ပါ။ ကျွန်တော်အမြဲတမ်း အပြောခံ ရတယ်။ ကျွန်တော်လုပ်စရာရှိတာလုပ်တယ်။ လုပ်စရာမလိုတဲ့ဟာတွေ မလုပ်တော့ဘူး” လို့ ဖြိုးကြီးက ခပ်ပြတ်ပြတ်ပဲ ပြောပါတယ်။ ဂီတနဲ့ ပတ်သက်လို့ သီချင်းအသစ်တွေ ထွက်လာဖို့ ရှိတယ်ဆိုတဲ့ ဖြိုးကြီးက …

”ဇွန်လ ၂၃ရက်နေ့မှာ ကျွန်တော် Single သီချင်းတစ်ပုဒ် ကို အွန်လိုင်းမှာ ဖြန့်ဖို့ရှိပါတယ်။ တေးရေးကတော့ မောင်မောင်ဇော် လတ်ပါ။ သီချင်းပုံစံကတော့ Acoustic Unplugged ဘက်ကို သွားထားပါတယ်။ နောက်ပြီးတော့ အဲဒီသီချင်းကိုပဲ Music Video ရိုက်ထားပါတယ်။ အဲဒါကိုလည်း You Tube မှာရော၊ နောက်ပြီး အွန်လိုင်းအသုံးပြု ပြီး နားထောင်လို့ရတဲ့နေရာတော်တော်များများမှာပါ နားထောင်လို့ရအောင် လုပ်ထားပါတယ်” လို့ ပြောပါတယ်။

မှတ်မှတ်ရရပြောရရင် ပြီးခဲ့တဲ့ သင်္ကြန်တုန်းက ဖျော်ဖြေ ရေးစင်မြင့်ထက်မှာ ပရိသတ်ပြန်လည်တွေ့ခဲ့ရတဲ့ ဖြိုးကြီးကို တစ်ကိုယ်တော်ရှိုး၊ ဒါမှမဟုတ် အတွဲရှိုးလေးတွေ လုပ်ဖို့အစီ အစဉ်ရှိ၊ မရှိမေးတဲ့အခါ …

”အခုလောလောဆယ် ကျွန်တော် နံပါတ်တစ် အလုပ်ချင်ဆုံး အလုပ်ကတော့ ကျွန်တော့်သီချင်းအသစ်တွေ ပရိသတ်ကိုပေးချင်တယ်။ အခုကျွန်တော့် အခွေအတွက် လုပ်ထားတဲ့ သီချင်းအသစ်တွေကို ပရိ သတ် ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုပဲ စောင့်ကြည့်ချင်တယ်။ လုပ်ကြည့် ချင်တယ်။ အဲဒါပါပဲ။ အဲဒါပြီးတော့မှပဲ Second Plan ၊ Third Plan ကို စဉ်းစားပါမယ်။ အားလုံးက ပရိသတ်အပေါ်မှာပဲ မူတည်တယ်ဗျာ။ အဓိကက ဘာပဲလုပ်လုပ် ပရိသတ်နားထောင်ချင်မှ ဆိုလို့ရတာကိုး။ ပရိသတ်နားမထောင်ချင်ရင် ဆိုလို့မရဘူး။ အဲဒီတော့ ပရိသတ်က အဓိကပါပဲ”လို့ ဖြိုးကြီးက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here