သာကေတမြို့နယ် ဝက်စုမှတ်တိုင်အနီးပေါက်ကွဲမှုဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုရှိ
ရန်ကုန်မြို့၊သာကေတမြို့နယ်၊ဝက်စုမှတ်တိုင်အနီး၌ ဇန်နဝါရီ ၂၉ ရက်ညနေ ၅ နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ဖြစ်စဥ်အနီးနေသူများထံမှ သိရသည်။
” Fortune Plaza နားမှာဗုံးပေါက်တာ ဗုံးလည်းပေါက်ပြီးကောအပြန်အလှန်ပစ်သံတွေကြားရတော့တာပဲ သိပ်အကြာကြီးတော့မဟုတ်ဘူး ဗုံးပေါက်သံကတော့အတော်ကျယ်တယ် လူများတဲ့အချိန်ဖြစ်နေတော့ကြောက်ပြီးပြေးရတာ”ဟုအခင်းဖြစ်နေရာအနီးနေသူတစ်ဦးကပြောသည်။
ဗုံးပေါက်မှုနှင့်အပြန်အလှန်ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊မရှိအား မသိရှိရသေးသော်လည်း လူနာတင်ကားများမှာအရေးပေါ်မီးများ၊ဥသြသံများပေး၍ ရောက်ရှိလာပြီးပြန်လည်မောင်းနှင်သွားခဲ့သည်ဟု သိရသည်။
“ဒဏ်ရာရတဲ့သူတွေကတော့ရှိဖို့များတယ် အဲ့နားကညနေဖက်ဆိုရင်ဖြတ်သွားဖြစ်လာအရမ်းများတယ် လူနာတင်ကားတွေလာတယ် ဘယ်လိုဖြစ်တယ်ဆိုတာကတော့သေချာမသိဘူး”ဟုဖြစ်စဥ်အနီးနေသူတစ်ဦးကပြောသည်။
အခင်းဖြစ်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များက လမ်းများတွင် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး ရပ်ကွက်များအတွင်းသို့လည်း ဝင်ရောက်စစ်ဆေးလျက်ရှိသည်။
Zaw Gyi
သာေကတၿမိဳ႕နယ္ ဝက္စုမွတ္တိုင္အနီးေပါက္ကြဲမႈျဖစ္ၿပီး အျပန္အလွန္ပစ္ခတ္မႈရွိ
ရန္ကုန္ၿမိဳ႕၊သာေကတၿမိဳ႕နယ္၊ဝက္စုမွတ္တိုင္အနီး၌ ဇန္နဝါရီ ၂၉ ရက္ညေန ၅ နာရီခြဲခန္႔က ဗုံးေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ အျပန္အလွန္ပစ္ခတ္မႈမ်ားျဖစ္ေပၚခဲ့ျခင္းျဖစ္သည္ဟု ျဖစ္စဥ္အနီးေနသူမ်ားထံမွ သိရသည္။
” Fortune Plaza နားမွာဗုံးေပါက္တာ ဗုံးလည္းေပါက္ၿပီးေကာအျပန္အလွန္ပစ္သံေတြၾကားရေတာ့တာပဲ သိပ္အၾကာႀကီးေတာ့မဟုတ္ဘူး ဗုံးေပါက္သံကေတာ့အေတာ္က်ယ္တယ္ လူမ်ားတဲ့အခ်ိန္ျဖစ္ေနေတာ့ေၾကာက္ၿပီးေျပးရတာ”ဟုအခင္းျဖစ္ေနရာအနီးေနသူတစ္ဦးကေျပာသည္။
ဗုံးေပါက္မႈႏွင့္အျပန္အလွန္ပစ္ခတ္မႈမ်ားေၾကာင့္ ထိခိုက္ဒဏ္ရာရရွိမႈ ရွိ၊မရွိအား မသိရွိရေသးေသာ္လည္း လူနာတင္ကားမ်ားမွာအေရးေပၚမီးမ်ား၊ဥၾသသံမ်ားေပး၍ ေရာက္ရွိလာၿပီးျပန္လည္ေမာင္းႏွင္သြားခဲ့သည္ဟု သိရသည္။
“ဒဏ္ရာရတဲ့သူေတြကေတာ့ရွိဖို႔မ်ားတယ္ အဲ့နားကညေနဖက္ဆိုရင္ျဖတ္သြားျဖစ္လာအရမ္းမ်ားတယ္ လူနာတင္ကားေတြလာတယ္ ဘယ္လိုျဖစ္တယ္ဆိုတာကေတာ့ေသခ်ာမသိဘူး”ဟုျဖစ္စဥ္အနီးေနသူတစ္ဦးကေျပာသည္။
အခင္းျဖစ္ၿပီးေနာက္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက လမ္းမ်ားတြင္ ပိတ္ဆို႔စစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိၿပီး ရပ္ကြက္မ်ားအတြင္းသို႔လည္း ဝင္ေရာက္စစ္ေဆးလ်က္ရွိသည္။
