Saturday, December 13, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeCelebrities' Newsသမီးဖြစ်သူ ငယ်ရွယ်သေးတဲ့အတွက် အနုပညာ...

သမီးဖြစ်သူ ငယ်ရွယ်သေးတဲ့အတွက် အနုပညာ လောကထဲမှာပဲပျော်သွားမှာ ကြောက်နေသူ ခိုင်သင်းကြည်

အကယ်ဒမီဗန်းကိုင် ဖြစ်ခဲ့ဖူးသူ ခိုင်သင်းကြည်က အခုနှစ်အကယ်ဒမီပေးပွဲစင်မြင့်ထက်မှာ သမီးလေး စံထိပ်ထား ဦးကို အကူမောင်မယ် တစ်ဦးအဖြစ် ပြန်မြင်တွေ့ရတဲ့ အတွက် မိခင်တစ်ယောက်အနေနဲ့ ပီတိဖြစ်နေသူပါ။ သမီးလေးကို ကြည့်ပြီး ကိုယ်တိုင်အကယ်ဒမီဗန်းကိုင် လုပ်ခဲ့ချိန်က အကြောင်းတွေကိုလည်း ပြန်ပြောင်း တွေးမိသေးတယ်လို့ဆိုတဲ့ ခိုင်သင်းကြည်က…

“သူကဝါသနာပါတယ်လေ။ စင်ပေါ်မှာ ဒီလိုမျိုးလေးတွေ လုပ်တယ်ဆိုတော့လည်း သူ့ကိုကြည့် ပြီး ကိုယ်လည်းပျော်ပါတယ်။ ကိုယ့်သမီးလေးအတွက် ပီတိဖြစ်တာပေါ့။ ကိုယ်တွေလည်း အကယ်ဒမီဗန်း ကိုင်လုပ်ဖူး တယ်လေ။ ဗန်းကိုင်က လာတာမဟုတ်ပေမယ့် ကြော်ငြာတွေ ရိုက်ကူးနေပြီး ဇာတ်ကားတွေမရိုက် သေးတဲ့အချိန်တုန်းက ဗန်းကိုင်ဆိုပြီး မခိုင်တို့ကို ခေါ်ခိုင်းလို့ လုပ်ခဲ့ရတာဆိုတော့ ကိုယ့်တုန်းက အကြောင်းတွေကို ပြန်ပြီးတွေးတာပေါ့။ ကိုယ့် သမီးလေးတောင် ဗန်းကိုင်တဲ့ အရွယ်ရောက်လာပြီလားပေါ့ အဲဒီလိုမျိုးလေးတွေးမိပါတယ်” လို့ပြောပါတယ်။ ခိုင်သင်း ကြည်ရဲ့ တစ်ဦးတည်း သောသမီးလေး စံထိပ်ထားဦးကတော့ မိခင်ရဲ့အနုပညာအမွေကို ဆက်ခံမယ့်သူတစ်ဦးပါ။ အနု ပညာဝါသနာပါတာကို သဘောကျပေမယ့်လည်း တစ်ဖက် က လည်းအသက်ငယ်နေသေးတဲ့အတွက် အနုပညာ လောက ထဲမှာပဲ ပျော်သွားမှာကြောက်နေသေး ကြောင်းကို ခိုင်သင်း ကြည်က…

“အမှန်အတိုင်းပြောရရင်တော့ သူ့ကို မခိုင်တို့လို ရုပ်ရှင်လောကထဲ ဝင်ပြီး ရုပ်ရှင်ဇာတ်ကားတွေ ရိုက် ကူးတယ် ဆိုတာမျိုး မလုပ်စေချင်သေးဘူး။ အရွယ်ကငယ်လည်း တအားငယ်သေးတယ်။ အခုမှ အသက်၁၅နှစ်ပဲ ရှိသေးတယ်။ ပညာရေးက ဟိုမ ရောက်ဒီမရောက်ဖြစ်သွားမှာလေ။ ပညာရေးက လည်း တအားတော်တဲ့ထဲမှာ မပါဘူးဆိုတော့ ပညာရေးမှာတအားကြီး ထူးချွန်တာမျိုး မဟုတ် တောင်မှ တအားညံ့တာမျိုး မဖြစ် စေချင်ဘူး။ မခိုင်တို့လို အလယ်အလတ်လူရိုသေ၊ ရှင်ရိုသေလေး ဘွဲ့လေး တစ်ခုတော့ ရစေချင်သေး တယ်။ အခု သူကIGCSE ပေါ့၊ မြန်မာလိုဆို ၁ဝတန်း ဖြစ်မှာပေါ့။ အဲဒါကို မအောင်ဘဲနဲ့ အနုပညာလော ကထဲမှာပဲ ပျော်သွားမှာလည်း ကြောက် တယ်လေ။ အနုပညာ လောကထဲ ကို လုံးလုံးကြီးတော့ မဝင်စေချင်ပါဘူး။ အခုလိုကြိုးကြားကြိုကြားနဲ့ တောင်မှ အလုပ်တွေ များပြီး ကျောင်းတွေ ပျက်တယ်။ အကယ် ဒမီပွဲ အတွက်ဆိုရင် ၂ရက် ၃ရက်လောက် ကြိုတိုက်ရတယ်။ ကျောင်းတွေ လည်း ခွင့်ယူရတယ်။ ကျူရှင်တွေ လည်းပျက်တယ်။ တော် ကြာနေ မင်္ဂလာဆောင် အတွက် ဗန်းကိုင်တာ ရှိတယ်။ ကြော်ငြာရိုက်ကူး ရှိတယ်။ အလှ ဓာတ်ပုံ ရိုက်တာတွေ တောင် လာလာ ပြော ပေ မယ့် အများကြီး ရိုက်ပေးလို့မရဘူး။ သူ ကျောင်း တအား ပျက်ရတော့စာတွေက တအား လိုက်ရမှာများတယ်။ မခိုင် နဲ့သူကြော်ငြာရိုက်ကူး ဖို့ရှိတယ်။ ဓာတ်ပုံ ရိုက်ဖို့ရှိတယ်။ အဲဒါမျိုးလေး နည်း နည်းပါးပါးပဲ လက်ခံတယ်။ ဇာတ်ကားရိုက် ကူးဖို့ တော့ ခွင့်မပြုသေးပါဘူး” လို့ပြောပါတယ်။

ခိုင်ဝေလွင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071