Wednesday, June 17, 2026

ရှန်ဟိုင်းရောက် နိုင်ငံတော်သမ္မတထံသို့ မြိုတော်ဝန် လာရောက်...

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ...

ဖလမ်းမြို့တွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ပြန်လည်လည်ပတ်၊ ကာကွယ်ဆေးထိုးနှံမှုများ...

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ကလေးငယ်များအား အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးလျက်ရှိပြီး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း ပုံမှန်ပြန်လည်ဆောင်ရွက်နေကြောင်း...

ဖလမ်းမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင်...

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ ကျင်းပလျက်ရှိသော Placement Test အထူးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ အဆိုပါ Placement...

မက်ဆီ၏ ပထမဆုံး Hat-trick ဖြင့်...

ယခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ပြိုင်ပွဲ၏ ပထမဆုံး Hat-trick ကို သွင်းယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်ကိုလည်း လိုက်မီသွားခဲ့ကြောင်း သိရသည်။ Ballon...
HomeMoviesသမိုင်းဝင်သန်လျင်ကျိုက်ခေါက်စေတီတော်မြတ်ကြီးရှိ ဘိုးဘိုးကြီးနန်းနှင့် စောင်းတန်းပြန်လည်ပြုပြင်နေ...

သမိုင်းဝင်သန်လျင်ကျိုက်ခေါက်စေတီတော်မြတ်ကြီးရှိ ဘိုးဘိုးကြီးနန်းနှင့် စောင်းတန်းပြန်လည်ပြုပြင်နေ ကုသိုလ်တော်ပါဝင်လှူဒါန်းနိုင်ရန် နှိုးဆော်ရန်ကုန်မြို့၏ တစ်ဖက်ကမ်း သန်လျင်မြို့တွင် ကိန်းဝပ်စံပယ်တော်မူသော ရှေးဟောင်းသမိုင်းဝင် ကျိုက်ခေါက်စေတီတော်မြတ်ကြီး၌ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဝတ်ပြုကြည်ညိုနိုင်စေရန်အတွက် ဘိုးဘိုးကြီးနန်းနှင့်နတ်ရှင်နောင်အုတ်ဂူ တည်ရှိရာဖက် ​စောင်းတန်း အခြမ်းအား ပြန်လည်ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါစောင်းတန်းအခြမ်းရှိ ဟောင်းနွမ်းပျက်စီးနေသော အစိတ်အပိုင်းများကို ဖယ်ရှားကာ ရေရှည်တည်တံ့ခိုင်မြဲစေမည့် ပြုပြင်မွမ်းမံမှုများကို လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ ဘုရားဖူးဧည့်သည်များ သွားလာရအဆင်ပြေစေရန် စနစ်တကျ ပြင်ဆင်နေခြင်း ဖြစ်သည်။
ကျိုက်ခေါက်စေတီတော်တွင် ရှေးခေတ်မွန်နှင့် မြန်မာလက်ရာများစွာ ရှိသည့်အပြင်၊ သမိုင်းဝင် တောင်ငူခေတ် နတ်ရှင်နောင်၏ အုတ်ဂူမှာလည်း ယခုပြုပြင်နေသည့် ဘိုးဘိုးကြီးစောင်းတန်းအနီးတွင် တည်ရှိသဖြင့် သမိုင်းဝင်လက်ရာများ ပေါကြွယ်ဝသော ဘုရားကြီးလည်း ဖြစ်သည်။

မိမိတို့ တတ်စွမ်းသမျှ ပါဝင်လှူဒါန်းခြင်းဖြင့် ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီး၏ သာသနာ့အဆောက်အအုံများ ရေရှည်တည်တံ့စေရေးတွင် လက်တွဲကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှန်ဟိုင်းရောက် နိုင်ငံတော်သမ္မတထံသို့ မြိုတော်ဝန် လာရောက် ဂါရဝပြုတွေ့ဆုံ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ ယနေ့ညနေပိုင်းတွင် ရှန်ဟိုင်းမြို့တော်ဝန် မစ္စတာ ကုန်းကျန့် (Gong Zheng) က ရှန်ဟိုင်းမြို့ရှိ Fairmont Peace Hotel ၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့် ရှန်ဟိုင်းမြို့တော်ဝန်တို့သည် မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ တိုးမြှင့်ဆောင်ရွက်ရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ သယ်ယူပို့ဆောင်ရေး၊...

ဖလမ်းမြို့တွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ပြန်လည်လည်ပတ်၊ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်နေ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ကလေးငယ်များအား အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးလျက်ရှိပြီး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း ပုံမှန်ပြန်လည်ဆောင်ရွက်နေကြောင်း သိရသည်။ ဖလမ်းမြို့ကို ဧပြီလအတွင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဒေသခံအများစုမှာ နေရပ်သို့ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ဘိလပ်မြေ၊ အမိုးသွပ်နှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ဒေသတွင်း ကျန်းမာရေး၊ ပညာရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖလမ်းမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ ကျင်းပလျက်ရှိသော Placement Test အထူးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ အဆိုပါ Placement Test အထူးအစီအစဉ်သည် အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ ကျောင်းပြင်ပသို့ ရောက်ရှိခဲ့သော ကျောင်းနေအရွယ် ကလေးများအား ပညာရေးစနစ်အတွင်း ပြန်လည်ဝင်ရောက်နိုင်စေရန် အရည်အချင်းစစ်ဆေးသည့် အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း သိရသည်။ “စာရင်းအရတော့ ဖလမ်းမြို့နယ်တစ်ခုလုံးမှာ ဖြေဆိုသူ ၃,၀၀၀ ကျော်ရှိပါတယ်။ ဒါပေမယ့် ပျ-က်ကွက်သူအချို့ရှိတာကြောင့် အမှန်တကယ် ဖြေဆိုသူက ၃,၀၀၀ နီးပါးရှိပါတယ်” ဟု ဖလမ်းမြို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071