Saturday, May 2, 2026

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်...

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊...

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...
HomeMoviesသမိုင်းဝင် ဘောဘောကြီးစေတီတော် ငလျင်ဒ_ဏ်ကြောင့်...

သမိုင်းဝင် ဘောဘောကြီးစေတီတော် ငလျင်ဒ_ဏ်ကြောင့် အက်ကွဲကြောင်း ၉ ခုဖြစ်ပေါ်၊ မိုးမကျမီ အချိန်မီပြုပြင်နေယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာမြို့ဟောင်း၏ အထင်ကရပြယုဂ်ဖြစ်သော ဘောဘောကြီးစေတီတော်သည် မန္တလေးငလျင်ကြီးဒ_ဏ်ကြောင့် ထိခိုက်မှုများရှိခဲ့ရာ လက်ရှိတွင် ရှေးမူမပျက်ပြန်လည်ပြုပြင်လျက်ရှိသည်။

မြန်မာ့သမိုင်းဦး ပျူခေတ်ဗိသုကာလက်ရာများထဲမှ ထူးခြားသည့် ဆလင်ဒါပုံသဏ္ဌာန်အခြေခံ ငှက်ပျောဖူးပုံရှိသော ဘောဘောကြီးစေတီတော်သည် နှစ်ပေါင်းထောင်ချီသက်တမ်းရှိပြီ ဖြစ်သည်။ အဆိုပါစေတီတော်သည် ရာဇဝင်သမိုင်းများအရ သရေခေတ္တရာမင်းဆက်၏ ဒွတ်တပေါင်မင်းကြီးနှင့် ဗိဿနိုးဘုရင်မ ပန်ထွာမိဖုရားတို့၏ “ပွေးဖို၊ ပွေးမ” ဘဝအကြောင်းအရာများနှင့် ဆက်စပ်ပြီး လူသိများထင်ရှားသည့် စေတီတော်တစ်ဆူလည်း ဖြစ်သည်။

ငလျင်ဒ_ဏ်ကြောင့် စေတီတော်၏ လုံးပတ်နေရာများတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့သည့်အပြင်၊ စေတီကိုယ်ထည်ပေါ်၌ ပေါက်ရောက်နေသော ညောင်ပင်ငယ်များသည်လည်း ရေရှည်တွင် အဆောက်အအုံကြံ့ခိုင်မှုကို ထိခိုက်စေနိုင်သည့်အတွက် ထိန်းသိမ်းပြုပြင်ရန် လိုအပ်သည့်အခြေအနေသို့ ရောက်ရှိနေခြင်းဖြစ်သည်။

အဆိုပါ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းခွင်ကို ဧပြီ ၂၇ ရက်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် လာရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ရှေးဟောင်းသုတေသနပညာရှင်များနှင့် တာဝန်ရှိသူများက စေတီတော်ကြီး၏ အက်ကွဲကြောင်းများကို စနစ်တကျဖာထေးနေမှုနှင့် ညောင်ပင်များဖယ်ရှားနေသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိုးရာသီမရောက်မီ အက်ကွဲကြောင်းများအတွင်း မိုးရေဝင်ရောက်ပြီး ပိုမိုမပျက်စီးစေရန် အချိန်မီအပြီးသတ်ရန် မှာကြားခဲ့သည်။ ထို့ပြင် အနီးနားရှိ ဘုရားကြီးနှင့် ဘုရားမာစေတီတော်များကိုလည်း ကြံ့ခိုင်မှုစစ်ဆေး၍ လိုအပ်သည်များ ဆက်လက်ပြင်ဆင်သွားရန် ညွှန်ကြားခဲ့သည်။

ယခုကဲ့သို့ စနစ်တကျ ပြုပြင်ထိန်းသိမ်းနေခြင်းကြောင့် ပြည်မြို့သို့ လာရောက်ကြသည့် ခရီးသွားများနှင့် ဘုရားဖူးပြည်သူများအနေဖြင့် သမိုင်းဝင်အမွေအနှစ်များကို ပိုမိုစိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်တော့မည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး ပွဲစျေး မြင်ကွင်းများ

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရား တို့အား ရည်မှန်းထားတော်မူသော ရုပ်ပွားတော် လေးဆူသည် အရပ်မျက်နှာအသီးသီးသို့ မျက်နှာမူလျက် ကျောတော်များကပ်၍ တင့်တယ်စွာ စံတော်မူဟန်ဖြင့် တည်ထားကိုးကွယ်ထားသည်။

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀) ကျော်အား ပဲဆွမ်းလောင်းလှူ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊ တာ ဝန်ရှိသူများက ရွှေယဉ်မျှော်စေတီတော်ရှိ မဟာဗောဓိပင်အားညောင်ရေသွန်းလောင်းပူဇော်ပြီးနောက် ဘားအံမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၅၇)ကျောင်းနှင့် သီလရှင်ကျောင်း(၁၅)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်(၂,၃၈၀)ပါးတို့အား မိုးတွင်းကာလ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရန်ရည်ရွယ်၍ မတ်ပဲ၊ ကုလားပဲ၊ ပဲဝါခြမ်းနှင့် ပဲဖြူလေး(ပဲအမျိုးမျိုး) တို့ကိုလောင်းလှူခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွင် ပဲဆွမ်းလောင်းလှူသောအလေ့အထသည် ရှေးယခင်ကတည်းကရှိခဲ့ကာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကဆုန်လပြည့်နေ့၌ ပဲဆွမ်းလောင်းလှူခြင်းသည် ထူးခြားသည့်အစဉ်...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော နိုင်ငံတော်အလုပ်သမားနေ့၌ ၎င်း၏ လုပ်သားအင်အားဆိုင်ရာ မဟာဗျူဟာကို ဖွဲ့စည်းပုံဆိုင်ရာ၌ အကြီးအကျယ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဒ်ချနန် ဝေါင်ဆာဝတ်က ၎င်း၏ မိန့်ခွန်းတွင် နိုင်ငံ့လုပ်သားအင်အားအတွက် အန္တရာယ်နှစ်ရပ်ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ယင်းတို့မှာ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ထောက်ပံ့ရေးကွင်းဆက် မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသော ပြင်ပစီးပွားရေး ဖိအားများဖြစ်ပြီး ယင်းနှင့်အတူ ဉာဏ်ရည်တု (AI) နည်းပညာ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071