Wednesday, July 29, 2026

ဒီဇယ်ဆီနှင့် သဘာဝဓာတ်ငွေ့ရည်(LNG)အပေါ် အခွန်ကင်းလွတ်ခွင့် သုံးလ...

နေပြည်တော်၊ ဇူလိုင် ၂၉ ဒီဇယ်ဆီ နှင့် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas) အပေါ်  အခွန်ကင်းလွတ်ခွင့် သုံးလထပ်မံတိုးမြှင့်ရန် ဇူလိုင် ၂၈...

တရုတ်နိုင်ငံ ကျင်းဟိုင်ပြည်နယ်တွင် ငလျင်များလှုပ်ခတ်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျင်းဟိုင်ပြည်နယ်ရှိ ဝေးလံခေါင်းပါးသော ရှင်းဟိုင်းကောင်တီတွင် ဇူလိုင်လ ၂၈ ရက် နေ့ နံနက် ၁၁း၁၆ နာရီက ပြင်းအား...

​EU ဆီကနေ ပိုက်ဆံ ပိုရဖို့အတွက်...

​ဗလာဒီမီယာ ဇယ်လန်းစကီးဟာ ဥရောပဆီကနေ ပိုက်ဆံရဖို့ နည်းလမ်းမျိုးစုံ သုံးနေတာဖြစ်ပြီး အီရန်ကြောင့် ယူကရိန်းအတွက် ခြိမ်းခြောက်မှုဖြစ်နေတယ်ဆိုတဲ့ သူ့ရဲ့ လတ်တလော ပြောဆိုချက်တွေဟာလည်း ဒီရည်ရွယ်ချက်ပါပဲလို့...

ဂျပန်တောင်ပိုင်း ငလျင်ကြောင့် ‌ေ-သဆုံးသူ ၁၃...

တိုကျို၊ ဇူလိုင် ၂၉ ဂျပန်နိုင်ငံတောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အား ၇ ဒသမ ၁ ရှိ ငလျင်ကြောင့် ‌ေ-သဆုံးသူ ၁၃ ဦးအထိ...
HomeNewsLocal Newsသဘာဝဘေး အန္တရာယ်ကြုံတွေ့ရသည့် ပြည်သူများအတွက်...

သဘာဝဘေး အန္တရာယ်ကြုံတွေ့ရသည့် ပြည်သူများအတွက် စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးမည်

မုန်တိုင်းဖြတ်ကျော် ဝင်ရောက်နိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် နေထိုင်သည့် ပြည်သူများအတွက် သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်းသို့ ရခိုင်ကမ်းခြေမှ တဆင့် ဖြတ်ကျော်ဝင်ရောက်မည့် မိုခါမုန်တိုင်း‌သည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများရှိ ဒေသအချို့သို့ ဖြတ်ကျော်တိုက်ခတ်မည်ဖြစ်သည့်အတွက် မုန်တိုင်းဖြတ်ကျော်မည့် လမ်းကြောင်းတစ်လျှောက်တွင်ရှိသော ပြည်သူများအနေဖြင့် စားဝတ်နေရေးတွင် အခက်အခဲမရှိစေရေးနှင့် စားသုံးဆီအတွက် စိတ်ပူပန်ကြောင့်ကြမှု မရှိစေရေးတို့အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယင်းကဲ့သို့ စီစဉ်ရောင်းချပေးခြင်း ဖြစ်ကြောင်း သိရသည်။

မုန်တိုင်းဒဏ်အများဆုံး ခံရနိုင်ခြေရှိသည့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ အသင်းခွဲများတွင် အရေးကြုံပါက စားသုံးဆီများ ပြတ်လပ်မှုမရှိစေရေးအတွက် အသင့်ပြင်ဆင်ထားကြောင်းလည်း အသိပေးထားသည်။

ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) “မိုခါ(MOCHA)” သည် မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ(MOCHA)”အဖြစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မိုး/ဇလမှ အသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒီဇယ်ဆီနှင့် သဘာဝဓာတ်ငွေ့ရည်(LNG)အပေါ် အခွန်ကင်းလွတ်ခွင့် သုံးလ ထပ်မံတိုးမြှင့်ရေး ပြည်ထောင်စုလွှတ်တော် အတည်ပြု

နေပြည်တော်၊ ဇူလိုင် ၂၉ ဒီဇယ်ဆီ နှင့် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas) အပေါ်  အခွန်ကင်းလွတ်ခွင့် သုံးလထပ်မံတိုးမြှင့်ရန် ဇူလိုင် ၂၈ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးတွင် ဒီဇယ်ဆီ HSD (500 ppm) အပေါ် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်နှင့် သဘာဝဓာတ်ငွေ့ရည် (LNG) အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်တို့အား ၂၀၂၆ ခုနှစ် ဇွန်၊ ဇူလိုင်နှင့်...

တရုတ်နိုင်ငံ ကျင်းဟိုင်ပြည်နယ်တွင် ငလျင်များလှုပ်ခတ်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျင်းဟိုင်ပြည်နယ်ရှိ ဝေးလံခေါင်းပါးသော ရှင်းဟိုင်းကောင်တီတွင် ဇူလိုင်လ ၂၈ ရက် နေ့ နံနက် ၁၁း၁၆ နာရီက ပြင်းအား ၅ ဒဿမ ၇ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ၁၈ မိနစ်အကြာတွင် ပြင်းအား ၅ ဒဿမ ၈ ပမာဏရှိ ဒုတိယမြောက် ငလျင်ထပ်မံလှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ မြေငလျင်ကွန်ရက်စင်တာက ပြောကြားခဲ့သည်။        ထို့အပြင် မွန်းလွဲပိုင်းတွင် ပြင်းအား ၅ ရှိသည့် နောက်ထပ်ငလျင်တစ်ခု သည် ထိုဒေသတွင် လှုပ်ခတ်ခဲ့ကြောင်းလည်း စင်တာက...

​EU ဆီကနေ ပိုက်ဆံ ပိုရဖို့အတွက် အီရန်အရေးကိစ္စကို ဇယ်လန်းစကီးအသုံးချနေဟုဆို

​ဗလာဒီမီယာ ဇယ်လန်းစကီးဟာ ဥရောပဆီကနေ ပိုက်ဆံရဖို့ နည်းလမ်းမျိုးစုံ သုံးနေတာဖြစ်ပြီး အီရန်ကြောင့် ယူကရိန်းအတွက် ခြိမ်းခြောက်မှုဖြစ်နေတယ်ဆိုတဲ့ သူ့ရဲ့ လတ်တလော ပြောဆိုချက်တွေဟာလည်း ဒီရည်ရွယ်ချက်ပါပဲလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အထူးသံတမန် Rodion Miroshnik က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။ ​Miroshnik က TASS သတင်းဌာနနဲ့ အင်တာဗျူးမှာ "လက်ရှိအခြေအနေမှာ ဇယ်လန်းစကီးဟာ ဒါတွေအားလုံးကို PR(ပုံရိပ်မြှင့်တင်ရေး)ကိစ္စအတွက် သုံးနေတာပါ။ ဒါပေမဲ့ ဒီလို PR လုပ်တာဟာ ဘာရည်ရွယ်ချက်လဲဆိုတာ သိပ်ကို ပေါ်လွင်ပြီး ပိုက်ဆံအဖြစ် ပြောင်းလဲလို့ရမယ့် ကိစ္စလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071