Monday, February 2, 2026

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းခွင်အသုံးချနည်းပညာရပ်များဖြန့်ဝေနိုင်ရန် RSE Refresher...

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းခွင်အသုံး ချနည်းပညာရပ်များဖြန့်ဝေနိုင်ရန် RSE လက်မှတ်ရ အင်ဂျင်နီယာများအတွက် RSE Refresher Course သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ဖွင့်လှစ်သွားမည်ဖြစ်...

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မင်းကင်းမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့

မင်းကင်းမြို့ကိုဗဟိုပြု၍ ယနေ့ ဖေဖော်ဝါရီ ၂ ရက် နံနက် ၆ နာရီ ၃၄ မိနစ် ၅ စက္ကန့်က အင်အားအနည်းငယ်ရှိသော...

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး လူကယ်ပြန်ဝန်ကြီးဌာန အသိပေးထုတ်ပြန်

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်ရမည့် အချက်အလက်များကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယနေ့ ဖေဖေါ်ဝါရီ(၂) ရက်၌ အသိပေးထုတ်ပြန်ထားသည်။ ရာသီဥတုဖြစ်စဉ်များနှင့် ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း...

မုံရွာမြို့၊ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်နှင့် ရွှေတောင်ဦး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်နှင့် ရွှေတောင်ဦး လယ်တီဝိပဿနာ ရိပ်သာကြီးများ၏ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကောသလဥာဏ၏ ဝိဇာတမွေးနေ့ မင်္ဂလာနှင့် ဂုဏဝိသိဌပူဇော်ပွဲမင်္ဂလာကို...
HomeMoviesသတင်းမေးသူ တစ်စုံတစ်ယောက်

သတင်းမေးသူ တစ်စုံတစ်ယောက်

စွန်တစ်ကောင် လေထဲပျံဝဲနေတာက အစ
မြက်ခင်းပေါ် လိပ်ပြာလေး လမ်း လျှောက်နေတာ အဆုံး
တမေ့တမော လိုက်ငေးကြည့်ရင်း
ရန်ကုန် ဘယ်မှာလဲ မေးမိတယ်။

အထပ်မြင့် တိုက်ကြီးတွေဟာ ရန်ကုန်လား
ကားတွေကျပ်နေတဲ့ လမ်းတွေဟာ ရန်ကုန်လား
ဘတ်စ်ကား လက်တန်းကို မြဲမြဲကိုင်ရင်း
ရန်ကုန် ဘယ်မှာလဲ မေးမိတယ်။

ချွေးနဲ့စပြီး ချွေးနဲ့ ပြန်ဆုံးရတဲ့ ဘဝတွေပါ
သွေးတစ်စက်စက်ကျပြမှ လူရာဝင်နိုင်မှာတဲ့လား
ကိုယ့်အလံကိုယ် မထူမတ်နိုင်သေးရင်တောင်မှ
သူများလွှင့်ထားတဲ့ အလံတလူလူကို
ကြည့်ရဲအောင် ကြည့်ရမယ်

လမ်းတွေဟာ ထာဝရတည်မြဲနေမယ်လို့ မယုံဘူး
ရန်ကုန် ဘယ်မှာလဲ မေးမိတယ်။

ရန်ကုန်ဟာ မက်နေရင်း လန့်နိုးသွားတဲ့ အိပ်မက်
ရန်ကုန်ဟာ ဆိုနေရင်း အသံဝင်သွားတဲ့ သီချင်း
ရန်ကုန်ဟာ ပြေးနေရင်း လမ်းချော်သွားတဲ့ ရထား
လမ်းဘေး လက်ဖက်ရည်ဆိုင်ထဲ ဝင်ရှာမိတယ်
လမ်းဘေးထမင်းဆိုင်ထဲ လိုက်ရှာမိတယ်
လမ်းဘေးစင်တာကြီးတွေထဲ တက်ရှာမိတယ်
ရန်ကုန်ဟာ ပုန်းကွယ်နေတဲ့ နတ်သမီးပဲ။

ရောက်နေဆဲအရပ်မှာ ရပ်နေလို့ မဖြစ်ဘူးတဲ့
နတ်သမီးလေးက အိပ်မက်သေးသေးလေးပေးတယ်
ရန်ကုန် ဘယ်မှာလဲမေးရင်း လန့်နိုးလာခဲ့ပြီ
ရန်ကုန် ဘယ်မှာလဲ ။

ရတုသစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071