Monday, August 3, 2026

ရေပြန်ကျချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ...

လေးမျက်နှာ၊ ဩဂုတ် ၂ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ပြည်ပဝယ်လိုအားကောင်း၍ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ...

မကွေး၊ ဩဂုတ် ၂ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားကောင်းလာခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းဆက်လက်မြင့်တက်ကာ...

လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေး၌ အဆင့်မြင့်နည်းပညာအသုံးပြုကာစောင့်ကြည့်ကူညီ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရပ်ကွက်/ကျေးရွာ(၁၄)ခုအ တွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ၍ ရေဘေးသင့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ကူညီရွှေ့ပြောင်းခြင်းများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့...

လေးမျက်နှာမြို့နယ် ရေဘေးကယ် ဆယ်ရေးလုပ်ငန်းသုံး ကားနှင့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာ တာ တာဘောင်ကျိုးကျမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ မီး သတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊...
HomeInternationalသက်ဆင်သွားမည့် ထိုင်းတောင်ပိုင်းတွင်ဗုံ-းပေါက်ကွဲ၍ လူ...

သက်ဆင်သွားမည့် ထိုင်းတောင်ပိုင်းတွင်ဗုံ-းပေါက်ကွဲ၍ လူ တစ်ဦး ‌ေ-သဆုံး

ထိုင်းနိုင်ငံတော်ပိုင်း ပြည်နယ်များသို့ ဝန်ကြီးချုပ်ဟောင်းသက်ဆင် မသွားရောက်မီတွင် တနင်္ဂနွေနေ့မနက်ပိုင်းက ဗုံ-းပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။

ယာလာပြည်နယ် Bannange Sata ခရိုင်ရှိ ဈေးဝယ်စင်တာတစ်ခု၏ ရှေ့တွင် စနေနေ့ညပိုင်းက ဗုံ-းပေါက်ကွဲရာ အရပ်သားတစ်ဦး ‌ေ-သဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရရှိခဲ့သည်။

Mini BigC ဈေးဝယ်စင်တာရှေ့ အမှတ် ၁၀ အဝေးပြေးလမ်းမပေါ်တွင် ဒေသခံရဲတပ်ဖွဲ့ဝင် ၇ ဦး ကင်းလှည့်နေချိန် ည ၈ နာရီ ၂၀ မိနစ်ခန့်က ဗုံ-းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် Tuan Ibrawheng Nimi အမည်ရ အမျိုးသားတစ်ဦး ‌ေ- သဆုံးပြီး ရဲတပ်ဖွဲ့ဝင်များနှင့် အခြားအရပ်သား လေးဦး ဒဏ်ရာရခဲ့သည်ဟု Bannang Sata ရဲစခန်းမှ ရဲဗိုလ်မှူး ဝိုရာဝစ် နာနာခွန်က ပြောဆိုခဲ့သည်။

နာရာသီဝပ်ပြည်နယ် မြောင်ခရိုင်ရှိ နာရာသီဝပ်လေဆိပ် လေကြောင်းထိန်းချုပ်ရေးမျှော်စင်အနီး ရပ်ထားသည့် မီးသတ်ကားတစ်စီးပေါ်တွင်လည်း ဗုံ-းပေါက်ကွဲမှုဖြစ်ခဲ့သည်။ တနင်္ဂနွေနေ့ မနက်ပိုင်းတွင် သက်ဆင်ရှင်နာဝပ်ထရာ၏ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိမလာမီလေးတွင် အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သက်ဆင် ရောက်မလာမီ တစ်နာရီခန့်အလို နံနက် ၈း၅၀ နာရီတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လေဆိပ်လုံခြုံရေးဝန်ထမ်း လေးဦး ဒဏ်ရာရရှိခဲ့သည်။ သက်ဆင်၏ လေယာဉ် မဆင်းသက်မီတွင် တာဝန်ရှိသူများက သံသယဖြစ်ဖွယ် ယာဉ်အားလုံးကို လေဆိပ်နှင့်ဝေးရာသို့ ရွှေ့ပြောင်းစေခဲ့သည်။

သက်ဆင်သည် ဒုတိယဝန်ကြီးချုပ် Phumtham Wechayachai၊ တရားရေးဝန်ကြီး Tawee Sodsong တို့နှင့်အတူ နာရာသီဝပ်ကို ရောက်ရှိလာခဲ့သည်။ အဆိုပါခရီးသည် ဆယ်စုနှစ် ၂ ခုခန့်အတွင်း သက်ဆင်၏ ပထမဆုံး ထိုင်းတောင်ပိုင်းခရီးစဉ်ဖြစ်ပြီး သူ့ကို နွေးထွေးစွာကြိုဆိုခဲ့သည်ဟု သက်ဆင်က ပြောကြားခဲ့သည်။

သက်ဆင်သည် နာရာသီဝပ်အပြင် ပတ္တာနီနှင့် ယာလာပြည်နယ်များသို့လည်း သွားရောက်မည်ဖြစ်သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေပြန်ကျချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ် ပြောကြား

လေးမျက်နှာ၊ ဩဂုတ် ၂ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားသည်။ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက် (၅) ခုနှင့် ကျေးရွာ (၄၅) ရွာအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသဖြင့် ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများအနက် ခတ္တူကျေးရွာအုပ်စု၊ ရွာသစ်စုကျေးရွာ ဓမ္မာရုံရှိ ရေဘေးသင့်ပြည်သူများကို ဩဂုတ် ၂ ရက်က သွားရောက်တွေ့ဆုံစဉ် ယင်းကဲ့သို့...

ပြည်ပဝယ်လိုအားကောင်း၍ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ ကျပ် ၅,၀၀၀ အထိ မြင့်တက်

မကွေး၊ ဩဂုတ် ၂ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားကောင်းလာခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းဆက်လက်မြင့်တက်ကာ အရောင်းအဝယ်သွက်လက်လျက်ရှိကြောင်း ဆိပ်ဖြူကြက်သွန်နီဈေးကွက်မှ သိရသည်။ အုံးမှင်၊ လက်ဆည်၊ ဆူးလေကုန်း၊ တပ်မ၊ ဝဲမ၊ ဘဲကျ၊ တပေါင်းနှင့် ကူရှည်အလယ်စု ကျေးရွာများမှ ကြက်သွန်နီများ ပွဲရုံဈေးကွက်သို့ နေ့စဉ် ပိဿာချိန် ၅ သောင်းခန့် ဝင်ရောက်လျက်ရှိသော်လည်း ဝယ်လိုအားများပြီး ကုန်ဝင်နည်းနေသဖြင့် ဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဆိပ်ဖြူဈေးကွက်တွင် ဇူလိုင်လဆန်းပိုင်းက ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်...

လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေး၌ အဆင့်မြင့်နည်းပညာအသုံးပြုကာစောင့်ကြည့်ကူညီ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရပ်ကွက်/ကျေးရွာ(၁၄)ခုအ တွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ၍ ရေဘေးသင့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ကူညီရွှေ့ပြောင်းခြင်းများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကူညီရွှေ့ပြောင်းပေးရာ၌ ဧရာဝ တီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ Manpack(ကျောလွယ်ဂြိုလ်တုဆက်သွယ်ရေးစနစ်)ဖြင့် သမာရိုးကျမြေပြင်ဆက်သွယ်ရေးစနစ်များမရှိသော ဆက်သွယ်မူပြတ်တောက်ထားသည့်အခြေအနေများတွင် ဆက်သွယ်မူရရှိနိုင်ရန် သယ်ဆောင်အသုံးပြုနိုင်သည့် ဂြိုလ်တုဆက်သွယ်ရေးစနစ်၊ အသံစနစ်၊တိုက်ရိုက်ရုပ်မြင်စနစ်များဖြင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး Command and Control Center(C3)မှလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ကူညီရွှေ့ပြောင်းခြင်းလုပ်ငန်းများအားနှင့် မြေပြင်အခြေအနေအားစောင့်ကြည့်ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071