Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeArticlesလွမ်းတဲ့နှစ်များ

လွမ်းတဲ့နှစ်များ

မင်း မရှိတော့တဲ့နောက် ငါတို့ ဘာ သာဆက်လက်ရှင်သန်ကြရတဲ့ အချိန်တွေဟာ လွမ်းရတဲ့နှစ်တွေပါ ပဲ။ မင်းမရှိတော့တဲ့ နောက်နေ့တွေမှာ ငါဟာ ပြင်းထန်တဲ့စိတ်သောကနဲ့ နေ့ရက်တွေကို ဖြတ်သန်းခဲ့ရတယ်။ အဲဒီပြင်းထန်တဲ့သောကဟာ တဖြည်း ဖြည်းနဲ့ လျော့ပါးသက်သာရာ ရလာ ခဲ့ပြီး လွမ်းဆွတ်မှုအဖြစ် ကူးပြောင်း သွားခဲ့တယ်။ မင်းမရှိတော့ပေမယ့် မင်းဝတ်ဆင်ခဲ့တဲ့ အင်္ကျီပါးကလေး မှာ ကိုယ်သင်းနံ့ကို ငါရတယ်။ မင်း ရဲ့ ကိုယ်သင်းနံ့လေ။ အဲဒီအင်္ကျီပါး ကလေးက နှိပ်သီးလေးတွေကို ငါ ကြည့်နေမိတယ်။ မင်းမရှိတော့တဲ့ အချိန်တွေမှာလေ။ ကလေးတွေကို မြင်ရတော့ မင်းရှိနေသလို ငါပြန်ခံ စားရတယ်။ မင်းထိုင်သွားခဲ့တဲ့ ထန်း လက်ကုလားထိုင်ဟာ ဟာလာဟင်း လင်းဖြစ်လို့။ အဲဒီထန်းလက်ကုလား ထိုင်ရဲ့ ထောင့်စွန်းမှာ မင်းဝတ်ဆင် ခဲ့တဲ့ အနွေးထည်က ချိတ်ထားလျက် သား။ မင်းစီးသွားတဲ့ ယင်းမာဖိနပ် ဖြူဖြူကလေးက ခုတင်ဘေးနားမှာ။ ပိတ်ထားတဲ့အိမ်တံခါးကို ဖွင့်လိုက် တယ်။ မင်းမရှိဘူး။

အိမ်ရှေ့က ရေကန်ကလေးဟာ တိတ်ဆိတ်လို့၊ ရေကန်ကလေးအနီး က ဗာဒံပင်ဟာ နီကျင်ကျင်အရွက် တွေြေ<ွကကျလို့။ အိမ်ရှေ့က ရေ မြောင်း ကလေးထဲမှာ ရေဟာအနည်း ငယ်မျှသာ။ အိမ်ရှေ့ရေမြောင်းက လေးကို ဖြတ်ကူးတဲ့ တံတားငယ်က လေးဟာ လဲလျောင်း တိတ်ဆိတ်မြဲ သာ။ ရေမြောင်းအစပ်က မြက်ပင် ကလေးတွေ တချို့နွမ်းဖျော့လို့။ သိပ် မကြာခင်မှာ နွေဦးပေါက်လာတော့ မှာ။ အိမ်ရှေ့လမ်းကို တံမြက်စည်း တရှဲရှဲလှည်းလို့ ငါလေ နံနက်စော စောထဲမှာ။ မှတ်မိပါစ။ မင်းအိမ်ကို ငါရောက်စ အဲဒီလို အိမ်ရှေ့လမ်းကို တံမြက်စည်းတရှဲရှဲ လှည်းနေပြီဆို ဝရန်တာမှာ မင်းကိုတွေ့ရတော့တာ။ အဲဒီတုန်းကတော့ တစ်ချိန်မှာ မင်း ဟာ ငါ့ဇနီးဖြစ်လာလိမ့်မယ်လို့ ဘယ် တွေးခဲ့မိမှာလဲ။ မင်းက ဝရန်တာမှာ ရှိနေတာ။ ငါက အိမ်ရှေ့လမ်းမှာ တံမြက်စည်းလှည်းနေတာ။ လကုန် ရင် ငါတို့မိသားစုမှာ မင်းကို ပေးဖို့ အိမ်လခက အဆင်မပြေဘူး။ ဒါကို မင်းက မငြိုငြင်ခဲ့ဘူးလေ။ လကုန် ပြီးနောက်ရက်တွေမှာ ငါတို့မိသားစု အိမ်သုံးစရိတ် အဆင်မပြေဘူး။ ဒါကိုမင်းက လိုအပ်တဲ့ပိုက်ဆံထုတ် ပေးခဲ့တယ်။ ငါဒီအကြောင်းတွေ စဉ်းစားမိတိုင်း မင်းနာမည်ရေးထိုး ထားတဲ့ ဘူတာမှာ ဆိုက်ရောက်လာ တဲ့ ရထားတစ်စင်းလို ကိုယ့်ကိုယ် ကိုယ်ထင်မိပြန်ပေါ့။

ငါဘာတွေပြောပြော၊ ငါဘာ တွေလုပ်လုပ်၊ ငါဘယ်တွေ ရောက် ရောက် နောက်ဆုံးမှာ ငါပြန်လည် ဆိုက်ရောက်ရမှာ မင်းနာမည် ရေး ထိုးထားတဲ့ဘူတာပါပဲ။ မင်းမွေးဖွား ကြီးပြင်းတဲ့ရှမ်းပြည်နယ်ကို အလည် တစ်ခေါက် ငါ့ကိုခေါ်သွားတော့ ငါ ဟာ မင်းရဲ့ခင်ပွန်းဖြစ်နေခဲ့ပြီ။ အိမ် ကလေးထဲမှာ မင်းနဲ့ငါအတူရှိနေ ခဲ့တဲ့အချိန်တွေဟာ လွမ်းရတဲ့နှစ်တွေ ပါပဲ။ မင်းက ငါ့အဝတ်အစားတွေကို လျှော်ပေးတယ်။ မင်းက ငါစားဖို့ ထ မင်းဟင်းချက်ပေးတယ်။ ဆောင်း ရက်တွေဆို မင်းရဲ့ အနွေးထည်ကို ငါက ဝတ်လို့။ မင်းရဲ့အိပ်ရာမှာ ငါ အိပ်ပျော်နေချိန် မင်းက နိုးထလို့ အိမ်ရှင်မတစ်ယောက်ရဲ့ အလုပ်တွေ လုပ်လို့။ မင်းရဲ့နံနက်ခင်းတွေပါပဲ။ မင်းရဲ့ နေ့လယ်ခင်းတွေပါပဲ။ မင်းရဲ့ နေဝင်ချိန်ညနေခင်းတွေပါပဲ။ မင်းရဲ့ ညတွေ မင်းရဲ့သန်းခေါင်ယံတွေလေ။ ငါက ငါဖတ်ဖူးထားတဲ့ ရှမ်းပုံပြင်ထဲ က ခွန်ဆံလောနဲ့ နန်းဦးပြင်တို့ရဲ့ အမည်နာမကို ပြောပြတော့ မင်းငြိမ် ငြိမ်သက်သက် နားထောင်နေခဲ့တယ်။ မင်းက ငါ့ကို ပြောပြခဲ့ဖူးတာတွေ တ ဖြည်းဖြည်းပြန်စဉ်းစားမိတယ်။
ရထားဟာ ဒီဘူတာမှာ ညအိပ် တယ်။ အလွန်ရှည်လျားတဲ့ ညတာ ကြီးလေ။ မိုးကောင်းကင်က ကြဲချ လိုက်တဲ့အိပ်မက်တွေဟာ ရထားကြီး တစ်စင်းနဲ့ အပြည့်ပါပဲ။ ကြယ်ပွင့် သေးသေးကလေးတွေက တဖျပ်ဖျပ် နဲ့လက်လို့။ ညထဲမိုးတိမ်တွေက ငုံ့ ကြည့်ရင်း တဖြည်းဖြည်းရွေ့လို့။ အေးစက်ရှည်လျားတဲ့ သံလမ်းဟာ ကမ္ဘာအဆုံးအထိကိုပါ။ ငါဟာမင်းရဲ့ ချစ်မေတ္တာကို ရခဲ့တယ်။ ငါဟာ ဆောင်းညထဲမှာ အိပ်ပျော်သွားတော့ မင်းက စောင်ပါးကလေးတစ်ထည် လွှမ်းခြုံပေးခဲ့တာ။ ရေနွေးကရားအိုး က တရွှီရွှီမြည်တယ်၊ မီးဖိုပေါ်မှာ မင်းတည်ခဲ့တာ။ မတ်ခွက်ထဲမှာ လက်ဖက်ခြောက်ခတ်လို့ နိုးလာရင် ငါရေနွေးတစ်ခွက်သောက်ဖို့ပေါ့။ သိပ် မကြာ ခင်မှာ နွေဦးပေါက် လာတော့မှာ။ မင်းကွယ်လွန်ခဲ့တာ ဖေဖော်ဝါရီ (၃)။ အိမ်ရှေ့က ဗာဒံ ပင်ဟာ နီကျင်ကျင်သစ်ရွက်တွေ ခြွေ ချတုန်းလေ။ အိမ်ရှေ့က မြောင်းကူး တံတားကလေးပေါ်မှာ ရပ်လို့ငါ မင်း ဈေးထဲကနေ ခြင်းတောင်းဆွဲလို့ ဈေး ထဲက ပြန်လာတော့မလားထင်မိတာ။ အိမ်အောက်မှာ ငြိမ်သက်လို့ စာရေး နေမိငါ မင်းအိမ်ပေါ်မှာ အင်္ကျီတွေ မီးပူထိုးနေမလားလို့ ထင်မိတာ။ လမ်းဘေးကဖေးဆိုင်မှာ ထိုင်လို့ငါ ဒီအချိန်ဆို အိမ်မှာမင်း မုန်းညင်း ပြောနေမလားထင်မိတာ။ ညအခါ တစ်ယောက်တည်း အိပ်ရာမှာ ငါ လဲလျောင်းစဉ် မင်းမြောက်ပိုင်းရှမ်း ပြည်နယ် နမ့်ခမ်းကို ပြန်သွားတယ် လို့ ထင်မိတာ။ ငါအမှတ်ရနေဆဲပါ။ မင်းအင်္ကျီဟောင်းကလေးက ကိုယ် သင်းနံ့ကို ရမိတာ။ မင်းအကြောင်း တွေ စဉ်းစားမိတာ။ လွမ်းရတဲ့နှစ်များ စွာ။

နေမျိုး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071