Sunday, September 20, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍...

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန်...

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး...

အမြန်လမ်းတွင် “မြတ်မန္တလာထွန်း” အဝေးပြေးခရီးသည်တင်(Express)ကားပေါ် သစ်ပင်လဲကျ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့လယ် ၃ နာရီခွဲကျော်ခန့်က "မြတ်မန္တလာထွန်း" အဝေးပြေးခရီးသည်တင်ကားပေါ်သို့ သစ်ပင်လဲကျခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီး၏...
HomeNewsLocal Newsလျှပ်စစ်ပစ္စည်းဈေးကွက်အတွင်း ဝယ်လိုအားမြင့်တက်

လျှပ်စစ်ပစ္စည်းဈေးကွက်အတွင်း ဝယ်လိုအားမြင့်တက်

လျှပ်စစ်ပစ္စည်းအပါအဝင် ဆိုလာ ရောင်းဝယ်ရေးဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားတက်နေသည်ဟု လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များထံမှ စုံစမ်းသိရသည်။

ယခု ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းအချိန်မှ စတင်၍ လျှပ်စစ်မီးပြတ်တောက်ချိန် ပိုမိုများပြားလာသည့်အတွက် မီးစက် ၊ ဆိုလာ၊ အင်ဗာတာ၊ အခြားအားသွင်းမီးသီးများမှအစ ဓာတ်မီးအဆုံး ဝယ်ယူသူနှစ်ဆကျော်မြင့်တက်လာခဲ့ကြောင်း သိရသည်။

” လျှပ်စစ်မီး ပြတ်ချိန်ပိုများလာတဲ့အတွက် အိမ်သုံးဆိုင်သုံး ဘက်ထရီတို့ ၊ မီးသီးတို့ ၊အင်ဗာတာတို့ အရင်ထက်ရောင်းအားတက်လာတယ်။ နှစ်ဆကျော်လောက်တက်တယ်။ တစ်ခါတလေ ဆိုင်မှာတောင်အရောင်းပြတ်တဲ့အထိ ဝယ်လို အားများနေတာ။”ဟု လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး ဆိုင်ရှင်တစ်ဦးက ဆို သည်။

လက်ရှိ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးပေးဝေမှုမှာ တစ်ရက်လျှင် နှစ်ကြိမ်၊ တစ်ကြိမ်လျှင် (၄)နာရီခန့်သာ ပေးဝေနေခြင်းကြောင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများလည်းအခက်ကြုံတွေ့နေခြင်းဖြစ်ပြီး လျှပ်စစ်အစားထိုးရန် နည်းလမ်းအမျိုးမျိုးဖြင့် လျှပ်စစ်အသုံးပြုနိုင်ရန် ကြိုးပမ်းလာကြသည်။

” ကျွန်မတို့က အိမ်တွင်းအထည်ချုပ်လုပ်ငန်းက မီးမရရင်ကို အဆင်‌မပြေတဲ့ လုပ်ငန်းလေ။ မီးစက်ရှိတာကလည်း ဓာတ်သုံးဆီစရိတ်နဲ့က အဆင်မပြေပြန်ဘူး။ ဒါကြောင့် ဆိုလာ တပ်လိုက်ရတယ်။ ဒီလိုပဲ အရစ်ကျသွင်းပြီးဝယ်တပ်ရတာပေါ့။”ဟု လှိုင်သာယာမြို့နယ်မှ အိမ်တွင်း တစ်ပိုင်တနိုင် အထည်ချုပ်လုပ်ငန်းလုပ်ဆောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

မီးစစ်မီးပြတ်တောက်ချိန်နှင့် ရရှိချိန် သည် မည်သို့မျှအဆင်ပြေခြင်းမရှိသဖြင့် နေအိမ်ထမင်းဟင်းချက်ပြုတ်ရန်ပင် လျှပ်စစ်မီးလာချိန်ကို စောင့်၍ချက်ပြုတ်စားသောက်နေရသည်ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်းနေထိုင်သူတစ်ဦးကပြောသည်။

“ကျွန်မတို့က အုပ်စု အေမှာပါတာ။ တစ်ခါတလေ မီးလာချိန်က ညသန်းခေါင်လောက်ဆိုရင်လည်း မနက်အလုပ်သွားမယ့်သူတွေရှိတာကြောင့် လာတဲ့အချိန်ထချက်နေရတာ၊ ဆွမ်းမီအောင်လည်း ချက်ရပြုတ်ရ အိပ်ရေးတွေလည်းပျက်တယ်။ ကိုယ်တိုင်ကလည်း အလုပ်ရှိရင် ချက်ရင်းနဲ့ အလုပ်တစ်ဖက်လုပ်ရတာပေါ့”ဟု ညည်းတွားပြောဆိုသည်။

ဆိုလာတပ်ဆင်မှုမှာလည်း အခြေခံလူတန်းစားများတပ်ဆင်ရန်မတတ်နိုင်သည့်အတွက် အားသွင်းမီးလုံးများဖြင့်သာနေ ထိုင်ကြရပြီး၊ ဖုန်းအားသွင်းရန်ပင် အခက်အခဲရှိ‌နေရသည်ဟု ဖြည့်စွက်ပြောသည်။

ယခင်က ဆိုလာနှင့် ဆက်စပ်ပစ္စည်းများကို ကျေးလက်နေပြည်သူများကသာ အများဆုံး ဝယ်ယူအသုံးပြုခဲ့ကြသော် လည်း လျှပ်စစ်မီးပြတ်တောက်မှု များလာသည့်နောက်ပိုင်း မြို့ပေါ်နေသူများပါ ဝယ်ယူအသုံးပြုလာနေကြောင်း ဆိုလာအရောင်းဆိုင်ပိုင်ရှင်တို့က ပြောသည်။

လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု လျော့နည်းနေသည့်အတွက် ယခုကာလတွင် တစ်ရက်ပျမ်းမျှ (၂၂၀၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှု၏ (၅၀) ရာခိုင်နှုန်းခန့်သာ ဖြန့်ဖြူးပေးနိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဇန်နဝါ ရီ (၆) ရက်တွင် ထုတ်ပြန်ထားသည်။

လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်မှုအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးကို (၄၈) ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးကို (၁၇) ရာခိုင်နှုန်းနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များကို (၃၅) ရာခိုင်နှုန်းဖြင့် အချိုးကျ ဓါတ်အားခွဲဝေပေးနေကြောင်းလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ စက်တင်ဘာ ၂၅ ရက် ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဈာပနကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် (စနေနေ့) နံနက် ၁၁ နာရီ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍ အမျိုးသမီး ၅ ဦး သတိလစ်

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မြောသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းရှိ လက်သည်းအလှပြင်ဆိုင်တစ်ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ အမျိုးသမီး ၅ ဦး အသက်ရှူကြပ်ပြီး သတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မေ့မြောသူ အမျိုးသမီး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန် ဆွေးနွေး

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့တော်ဝန် မစ္စတာ စွန်းကျီယန်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးအပြင် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်မှုနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဒုတိယသမ္မတ ဦးညိုစောသည် ယခုခရီးစဉ်အတွင်း တရုတ်နိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံအကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071