Tuesday, August 4, 2026

လေးမျက်နှာ ရေဘေးကူညီရေး အကြောင်းပြ လိမ်လည်အလှူခံသူများရှိနေ၍...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများကို ကူညီမည်ဟု ဆိုကာ လိမ်လည် အလှူခံနေမှုများ ရှိနေသဖြင့် ပြည်သူများ သတိပြုကြရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က သတိပေးချက်...

လေးမျက်နှာတွင် ငဝန်တာ တာတမံနိမ့်ကျမှုကြောင့် လူ...

​ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သရက်ချောင်းကျေးရွာအုပ်စု၊ ဂျမ်းကုန်းကျေးရွာအနီး ငဝန်ရေကာတာ တာမိုင် (၂၅/၃) ၌ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျကာ...

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မော်လိုက်မြို့ကို ဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၉ နာရီ ၂၆...

ရေကြည်မြို့နယ်မှ ရေဘေးသင့်နေသူများအားကူညီရွှေ့ပြောင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ တောင်လဟာကျေးရွာအုပ်စုတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ယနေ့ သြဂုတ် ၄ ရက်နံနက် ၈ နာရီခွဲခန့်မှစတင်ကာ ရေဝင်ရောက်လျက်ရှိသော တောင်လဟာကျေးရွာအုပ်စုရှိ...
HomeMoviesလျှပ်စစ်နှင့် ပတ်သက်သည့် ဘာသာရပ်...

လျှပ်စစ်နှင့် ပတ်သက်သည့် ဘာသာရပ် ၁၉ မျိုးကို လျှပ်စစ်စစ်ဆေးရေးဌာနမှ သင်ကြားပေးမည်

ရန်ကုန်၊ ဩဂုတ် ၄
လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ လျှပ်စစ်စစ်ဆေးရေး သင်တန်းခန်းမ၌ ဩဂုတ် ၃ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် ဘာသာရပ် ၁၉ မျိုးကို လျှပ်စစ်စစ်ဆေးရေးဌာနမှ အတွေ့အကြုံရှိ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများက သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။

ယခုသင်တန်းတွင် ဆိုလာဓာတ်အားပေးစနစ်နှင့် ပတ်သက်သည့် အခြေခံနည်းပညာနှင့် ဗဟုသုတများကိုပါ သီးခြားခေါင်းစဉ်တစ်ခုအနေဖြင့် ထည့်သွင်းသင်ကြားပေးမည် ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် MSME များ ဖွံ့ဖြိုးရန် လိုအပ်ကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းများ အဆင်ပြေစေရန် လျှပ်စစ်စက်ပစ္စည်းများ အန္တရာယ်ကင်းရှင်းစွာ လည်ပတ်နိုင်ရေး၊ စနစ်တကျ ကိုင်တွယ်တပ်ဆင်ပြင်ဆင်နိုင်ရေးတို့အတွက် အဆင့်မီမီ တတ်ကျွမ်းသော လျှပ်စစ်ကျွမ်းကျင်သူများ ပေါ်ထွက်လာရန် အရေးကြီးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို လျှပ်စစ်အခြေခံသဘောတရားများ၊ လျှပ်စစ်ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်လာစေရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။
သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၈၅ ဦး တက်ရောက်နေပြီး သင်တန်းကာလမှာ ဩဂုတ် ၃ ရက်မှ စက်တင်ဘာ ၁၁ ရက်အထိ ရက်သတ္တ ၆ ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာ ရေဘေးကူညီရေး အကြောင်းပြ လိမ်လည်အလှူခံသူများရှိနေ၍ သတိထားကြရန် တိုင်းအစိုးရ ထုတ်ပြန်

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများကို ကူညီမည်ဟု ဆိုကာ လိမ်လည် အလှူခံနေမှုများ ရှိနေသဖြင့် ပြည်သူများ သတိပြုကြရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်သည်။ ငဝန်တာ တာတမံ နိမ့်ကျကျိုးပေါက်မှုကြောင့် ဒုက္ခရောက်နေရသည့် ရေဘေးသင့် ပြည်သူများအတွက်ဟု အကြောင်းပြကာ မသမာသော နည်းလမ်းများဖြင့် ငွေကြေး လိုက်လံ ကောက်ခံနေသည့် ဖြစ်စဉ်များ တွေ့ရှိနေရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။ စေတနာရှင် အလှူရှင်များ၏ ဖြူစင်သော သဒ္ဓါတရားဖြင့် လှူဒါန်းသည့် ငွေကြေးနှင့် ထောက်ပံ့ပစ္စည်းများမှာ ဘေးသင့်ပြည်သူများထံ အမှန်တကယ် မရောက်ရှိဘဲ...

လေးမျက်နှာတွင် ငဝန်တာ တာတမံနိမ့်ကျမှုကြောင့် လူ ၂ သောင်းကျော် ရေဘေးသင့်၊ ထောက်ပံ့ရေးနှင့် တာပိတ်ဆို့ရေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိ​လေးမျက်နှာ၊ ဩဂုတ် ၄

​ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သရက်ချောင်းကျေးရွာအုပ်စု၊ ဂျမ်းကုန်းကျေးရွာအနီး ငဝန်ရေကာတာ တာမိုင် (၂၅/၃) ၌ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျကာ ရေကျော်စီးဝင်မှု ဖြစ်ပွားခဲ့သဖြင့် ကျေးရွာနှင့် ရပ်ကွက်များမှ ပြည်သူ ၂ သောင်းကျော် ရေဘေးသင့်လျက်ရှိကြောင်း သိရသည်။ ​အဆိုပါ ရေကျော်စီးဝင်မှုကြောင့် ဩဂုတ် ၄ ရက်နေ့အထိ စာရင်းများအရ ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာ ၅၇ ရွာမှ အိမ်ခြေ ၅,၀၄၆ လုံး၊ အိမ်ထောင်စု ၅,၁၃၄ စု၊...

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မော်လိုက်မြို့ကို ဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၉ နာရီ ၂၆ မိနစ် ၃၅ စက္ကန့်က မော်လိုက်မြို့၏ အနောက်မြောက်ဘက်(၁၄)မိုင်ခန့် အကွာ၊ အနက်(၅၀) ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၇)အဆင့်ရှိ အင်းအားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071