Sunday, September 20, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍...

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန်...

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး...

အမြန်လမ်းတွင် “မြတ်မန္တလာထွန်း” အဝေးပြေးခရီးသည်တင်(Express)ကားပေါ် သစ်ပင်လဲကျ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့လယ် ၃ နာရီခွဲကျော်ခန့်က "မြတ်မန္တလာထွန်း" အဝေးပြေးခရီးသည်တင်ကားပေါ်သို့ သစ်ပင်လဲကျခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီး၏...
HomeNewsLocal Newsလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများကို အမြန်အကောင်အထည်ဖော်...

လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများကို အမြန်အကောင်အထည်ဖော် ဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီး တင်အောင်စန်း တိုက်တွန်း

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏ ပိုမိုမြင့်မားလျက်ရှိနေသည့်အတွက် ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy – RE) ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများကို အမြန်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်‌ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက တိုက်တွန်းပြောကြားခဲ့သည်။

တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအပိုင်းတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂၈) ရုံ၊ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (၂၇) ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (၈)ရုံ စုစုပေါင်း တပ်ဆင်အင်အား (၆၃၇၁) မဂ္ဂါဝပ်ရှိကြောင်း သိရသည်။

အဆိုပါ ရေအားလျှပ်စစ်နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ အချို့ဓာတ်အားပေးစက်ရုံ (၁၂) ရုံသည် ဓာတ်အားလိုင်းများ ဖျက်ဆီးခံရခြင်းနှင့် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခြင်း စသည်တို့ကြောင့် လက်ရှိတွင် ဓာတ်အားထုတ်လုပ်မှု ကျဆင်းလျက်ရှိနေကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။

ထို့ပြင် တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းများအနေဖြင့် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် (၄)ခု၊ မန္တလေးတိုင်းဒေသကြီးတွင် (၃) ခု၊ ပဲခူးတိုင်းဒေသကြီးတွင်(၁)ခု၊ ရှမ်းပြည်နယ်တွင်(၁)ခု စုစုပေါင်း တပ်ဆင်အင်အား ၅၃၀ မဂ္ဂါဝပ်ရှိကြောင်း၊ ဆောက်ရွက်ဆဲ Hybrid (Gas Engine + Solar) စီမံကိန်းများအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် (၁)နှင့် မကွေးတိုင်းဒေသကြီးတွင်(၁)ခု စုစုပေါင်း တပ်ဆင်အင်အား (၄၉၆) မဂ္ဂါဝပ်နှင့် တည်ဆောက်ဆဲ ဆိုလာနှင့် Hybrid စီမံကိန်းများ၏ စု စုပေါင်း တပ်ဆင်အင်အားအနေဖြင့် (၁၀၂၆)မဂ္ဂါဝပ်ရှိကြောင်း သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်သည် ပြည်သူတို့၏ နေ့စဉ်လူနေမှုဘဝ တိုးတက်မြင့်မားရေးနှင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်လာခြင်းဖြင့် အခြေခံအဆောက်အဦ (Infrastructure) လိုအပ်ချက်ကို ဖြည့်ဆည်းတည်ဆောက်နိုင်ပြီး လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ (၂) ခုလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နိုင်စေရေး ရ ည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ စက်တင်ဘာ ၂၅ ရက် ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဈာပနကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် (စနေနေ့) နံနက် ၁၁ နာရီ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍ အမျိုးသမီး ၅ ဦး သတိလစ်

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မြောသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းရှိ လက်သည်းအလှပြင်ဆိုင်တစ်ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ အမျိုးသမီး ၅ ဦး အသက်ရှူကြပ်ပြီး သတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မေ့မြောသူ အမျိုးသမီး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန် ဆွေးနွေး

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့တော်ဝန် မစ္စတာ စွန်းကျီယန်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးအပြင် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်မှုနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဒုတိယသမ္မတ ဦးညိုစောသည် ယခုခရီးစဉ်အတွင်း တရုတ်နိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံအကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071