မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့် ပေးအပ်ပွဲဟာ ခေတ်ရေစီးကြောင်း နဲ့အတူ အသွင်မတူ တမူ ကွဲပြား ဆန်းသစ် ထူးခြားမှု ပြည့်နှက်စွာ ကျင်းပပြုလုပ် လာခဲ့ကြကာ ဒီနေ့ထိတိုင် လည်းဖြစ်ပါတယ်။ သူ့ခေတ်သူ့အခါ အကယ်ဒမီ အခမ်းအနားမှာ မြန်မာ့ရုပ်ရှင် လောကသား များအနေ နဲ့ ရင်ခုန် ကြည်နူးစရာ ကောင်းဖွယ်၊ ပြန်ပြောင်းအောင်မေ့ဖွယ် ထူးခြားဖြစ်စဉ် များရော အတွေ့ အကြုံအမှတ်တရ ပါရှိနေကြတာမို့ လူကြမ်း သရုပ် ဆောင် တို့ရဲ့ တစ်ခေတ် တစ်ခါက အကယ်ဒမီ အတွေ့ အကြုံ ရင်ခုန် စကားသံများကို မေးမြန်းကာ စုစည်း ဖော်ပြလိုက်ရပါတယ်။
ဦးဇော်မှိုင်း
ဟိုတုန်းကတော့ တိတိကျကျနဲ့ ဇာတ်ကောင်ရဲ့ စရိုက်ကို သရုပ်ဖော် နိုင်မှ အကယ်ဒမီ ပေးတဲ့ စာရင်းထဲ မှာ ပါတာ။ အဲဒီလောက် နက်နဲတာ။ အကယ်ဒမီက သိပ် ခက်ခဲတယ်။ နက်နဲတယ်။ လွယ် တာ မဟုတ်ဘူးဆို တာကို ခံယူချက် ထားပါတယ်။ ဟို တုန်း ကတော့ ပေးတဲ့ စနစ်နဲ့ ဆိုရင် တော်တော် ခက်ခဲတယ်။ ဦးကျော် ဆွေလို လူမျိုးတောင် သေသွားတဲ့ အထိ အကယ်ဒမီ တစ်ခုလေး မရ လိုက်ပါဘူး။ ဒီတော့ ဒီအကယ်ဒမီ ဟာ တော်တော့်ကို တော်မှတန်ဖိုး ရှိတဲ့ အကယ်ဒမီကို ရမယ်လို့ ဦးတို့တွက် တယ်။ အခုပရိ သတ်တွေ က ဦးတို့နယ် ဇာတ်ကား ရိုက်ကူးရေး သွားတဲ့အခါ လာမေးတယ်။ ဒီနှစ် အကယ်ဒမီ ဘယ်သူက ပေးတာလဲ၊ ဟိုမင်းသမီးရမယ် ဆိုတာ ဟုတ်လား။ မင်းသားက ဟိုတစ် ယောက်ရ မယ် ဆို စသဖြင့်မေးကြတယ်။ မသိဘူး ပဲဖြေရတယ်။ မသိတာ အမှန်ပဲလေ။ အခုခေတ် ပေးတဲ့ပုံစံ ကိုတော့ ဘယ် လိုပေးတာလဲ ဆိုတာ ဦးတို့လည်း မသိနိုင်ဘူး။
ဦးအောင်စည်ဟိန်း
အကယ်ဒမီ အကြောင်း ပြောရ မယ်ဆိုရင် ဒါရိုက်တာ မောင်ဗေဒါ ရယ်၊ မောင်နီလွင် (သပြု)ရယ် ရိုက်ကူးတဲ့ “ချစ်မွေး” ဆိုတဲ့ ဇာတ် ကားပေါ့။ အဲဒီ ဇာတ်ကားမှာ ဦးအောင်စည်ဟိန်း သရုပ်ဆောင်ရ တယ်။ အဲဒီခေတ် ကသာ ပေးမယ် ဆိုရင် အဲ့ဒီကားမှာ အကယ်ဒမီရ သင့်တယ်ပေါ့။ ဦးရဲ့ရုပ်ရှင် အသိုင်း အဝိုင်းကလည်း ပြောကြတယ်။ အောင်စည်ကွာ၊ မင်း အဲဒီဇာတ်ကား မှာ လူကြီးတွေ မျက်စိ လျှမ်းသွားတာ၊ ငါတို့ပြောလိုက် မယ်တဲ့။ တကယ်ကို ရသင့်တယ်တဲ့။ ဦးအောင်စည်တို့ အတွက်က ဒီလို ဇာတ်ကားမျိုး၊ ဒီလိုလုပ်ကွက်မျိုး ရဖို့က ရှားပါး တယ်။ အခုခေတ် မှာဆို မင်းသား တွေပေါ့နော်။ လုပ်ကွက်ရမယ် ဆို သူတို့ချည်းပဲ ယူထားတော့ ဦးတို့ လုပ်ပိုင်ခွင့်တွေ မရှိတော့ဘူး။ လူဆိုး လည်း သူဝင်လုပ်မယ်။ မင်းသား လည်းလုပ်မယ်။ လုပ်ကွက် မရှိတဲ့ အခါကျ တော့ ဦးတို့က ဘာမှ ခံစား ချက်မရှိတော့ဘူး။ အကယ် ဒမီ မျှော်လင့်ချက် မရှိ တော့ဘူး။ အလှမ်း ကွာဝေး သွားတာပေါ့။
ဦးဇော်ကြီး
ရုပ်ရှင်လောကမှာ ရိုက်ကူးနေ ကြတဲ့ သရုပ်ဆောင်တွေ အားလုံးက အကယ်ဒမီ ဆိုတဲ့အရာကို လိုချင်ကြ တယ်။ ရူးသွပ်ကြတယ်။ ရချင်ကြ တယ်ပေါ့။ ကျွန်တော်လည်း အကယ် ဒမီရချင်တဲ့ အထဲမှာ ပါတာပေါ့။ အဲဒီလို ရချင်လို့လည်း ကျွန်တော် သရုပ်ဆောင်ခဲ့ တာတွေလည်း ရှိပါ တယ်။ ဒါပေမဲ့လည်း ကြမ်းကြမ်း ရမ်းရမ်း သရုပ်ဆောင်ပြခဲ့တော့ ခေတ် အဆက်ဆက် ကလည်း ပြည် သူတွေ အထင်မှားမှာ စိုးလို့ဆိုပြီး ကျွန်တော်တို့ ဘယ်တော့မှလည်း အကယ်ဒမီ မရခဲ့ဘူး။ နောက်တစ်ခါ ကိုယ်ပါတဲ့ အခန်းကို ပီပီပြင်ပြင် သရုပ်ဆောင် ပြတော့လည်း အဲဒါ ကိုလည်း လူကြီးတွေက အကယ် ဒမီပေးရ ကောင်းမှန်း မသိတော့ အကယ်ဒမီဆုကို ကျွန်တော့် အနေနဲ့ ရင်မခုန်တော့ပါဘူး။ မရူးသွပ်တော့ ပါဘူး။ ကျွန်တော့် အနေနဲ့ ရုပ်ရှင် အစည်းအရုံးက ပေးတဲ့ အကယ်ဒမီ မရခင်ကတည်းက ကျွန်တော်က အကယ်ဒမီ ရပြီးပါပြီ။ အဲဒီအကယ် ဒမီက ဘာလဲ ဆိုတော့ ပြည်သူက နေပြီးတော့ ပေးခဲ့တဲ့ ဇော်ကြီး ဆိုတဲ့ နာမည် တစ်လုံးပါပဲ။ အဲဒီ ဇော်ကြီး ဆိုတဲ့နာမည် တစ်လုံးနဲ့ ကျွန်တော် ထမင်းစားနေတာပါ။
