Saturday, May 9, 2026

၂၀၂၆ ကမ္ဘာ့ဖလားသီချင်း ‘Dai Dai’...

ကမ္ဘာ့ဖလားသီချင်းများ၏ ဘုရင်မဟု တင်စားရမည့် ကိုလံဘီယာအဆိုတော် ရှာကီရာ (Shakira) သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်းဖြစ်လာမည့် “Dai Dai"...

မြန်မာနိုင်ငံဒေသအချို့၌ မြင်တွေ့ခဲ့ရသည့် အလင်းတန်းမှာ အိန္ဒိယဒုံးပျံလွှတ်တင်မှုကြောင့်...

ယမန်နေ့ မေလ (၈) ရက် မြန်မာစံတော်ချိန် ည (၇) နာရီခွဲဝန်းကျင်ခန့်တွင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရာအချို့၌ ကောင်းကင်ယံတွင် ထူးခြားသော...

ရန်ကုန်စတော့အိတ်ချိန်းတွင် မေလပထမပတ်အတွင်း ရှယ်ယာစောင်ရေ ၆၇,၀၀၀...

ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ မေလပထမပတ်အတွင်း စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုမှာ ကျပ်သန်း ၃၄၀ ကျော် တန်ဖိုးရှိသည့် ရှယ်ယာအစောင်ရေ ၆၇,၀၀၀ ကျော်အထိ...

မန္တလေးရှိ သုသာန်များတွင် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်

မန္တလေးမြို့ရှိ သုသာန်များတွင် စက်သုံးဆီအခက်အခဲများကြောင့် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ထိုသို့တိုးမြှင့်ကောက်ခံမှုသည် ယနေ့ (မေ ၉) တွင် စတင်ခဲ့ပြီ ဖြစ်ကြောင်းလည်း...
HomeCelebrities' Newsလူရွှင်တော်တွေရဲ့ အတွေးအခေါ်လေးတွေ...

လူရွှင်တော်တွေရဲ့ အတွေးအခေါ်လေးတွေ မြင့်မားစေချင်တယ် ဦးကျော်ထူး

ခါးအောက်ပိုင်းပြက်လုံးပြက်မှ ရယ်ရမယ်ဆိုရင်တောင် အဲဒီ့ပြက်လုံးမျိုးကို မပြက်စေချင်ဘူးလို့ ဝါရင့်လူရွှင်တော်တစ်ဦဖြစ်တဲ့ ဦးကျော်ထူးက ပြောပါတယ်။ခါးအောက်ပိုင်းပြက်လုံးပြက်မှ ရယ်ရမယ်ဆိုရင်တောင် အဲဒီ့ပြက်လုံးမျိုးကို မပြက်စေချင်ဘူးလို့ ဝါရင့်လူရွှင်တော်တစ်ဦဖြစ်တဲ့ ဦးကျော်ထူးက ပြောပါတယ်။ လက်ရှိလူရွှင်တော်လောကထဲကိုဝင်ရောက်လာကြတဲ့ လူရွှင်တော်တွေက အလွှာအသီးသီးကနေ ရောက်ရှိလာခဲ့ကြတဲ့ လူတွေဖြစ်တာမို့ သူတို့ဖြတ်သန်းလာခဲ့ကြတဲ့ဘဝတွေက မတူကြတဲ့အတွက် သူ့အနေ နဲ့ကတော့ ပြက်လုံးတွေနဲ့ပတ်သက်လို့ မဝေဖန်ချင်ဘူးလို့ ပြောပါတယ်။ “တချို့က တက္ကသိုလ်နယ်ပယ်က လာကြတယ်။ တချို့က ဇာတ်သဘင်နယ်ပယ်က လာကြတယ်။ တချို့က ဆိုင်းလောကက လာကြတယ်။ တချို့က အငြိမ့်က လာကြတယ်။ အဲဒီတော့ သူတို့ရဲ့ ဖြတ်သန်း လာခဲ့တဲ့ ဘဝတွေက မတူကြဘူး လေ။ ဒါပေမဲ့တစ်ခုရှိတာက ကာလံဒေသံဆိုတဲ့ စကားကတော့ရှိတယ် လေ။ ခါးအောက်ပိုင်းပြက်မှကြိုက်တဲ့ နေရာမျိုးတွေကျမှ ခါးအောက်ပိုင်းပြက် လုံးပြက်စေချင်တယ်။ ဒါပေမဲ့ အကောင်းဆုံးကတော့ ချက်အောက်ပိုင်း ပြက်လုံးပြက်မှ ရယ်ရမယ်ဆိုရင်တောင်မှ ဦးကျော်ထူးက မပြက်စေချင်ဘူး။

လူရွှင်တော်တွေရဲ့ အတွေးအခေါ်လေးတွေ မြင့်စေချင်တယ်။ အဲဒီလိုလေးတော့ အကြံပေးချင်တယ်” လို့ ဦးကျော်ထူးက ပြောပါတယ်။ ရုပ်ရှင်အနုပညာပိုင်းမှာလည်း ဟာသသရုပ်ဆောင် တစ်ဦးအနေနဲ့ ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်နိုင်တဲ့ သူတစ်ဦးဖြစ်တဲ့ သူ့ကိုအကယ်ဒမီနဲ့ ပတ်သက်လို့ မျှော်လင့်ထားပါသလားလို့ မေးခဲ့ပါသေးတယ်။ ဒီအပေါ်မှာတော့ သူက ….

“အကယ်ဒမီကတော့ မမှန်းပါဘူး။ မှန်းရအောင်လည်း ကျွန်တော်တို့က နေရာလုပ်ကွက်မှ မရှိဘဲ။ နောက်ပြီးတော့ ခေတ်အဆက်ဆက်မှာ ဦးဖိုးပါကြီးတို့ ကိုမော့စ်တို့ ကိုမိုးဒီတို့ရတဲ့ အကယ်ဒမီက ဇာတ်ဝင် ခန်းအရ ငိုပြီးတော့မှ ရတာလေ။ ရှင်းရှင်း ပြောရရင်တော့ ငိုလို့ရတာပေါ့။ တအားရယ်ရလို့ကွာဆိုပြီး တော့ ပေးလိုက်တဲ့အကယ်ဒမီမျိုးပဲ ကျွန်တော်တို့ကတော့ လိုချင်တယ်။ အဲဒီတော့ ဟာသဇာတ်ကားလေးနဲ့ပဲ မျှော်လင့်ပါ တယ်။ ထူးချွန်ဆုအနေနဲ့ကတော့ ဟာသဇာတ်ကားလေးနဲ့ရမယ်ဆိုရင်တော့ လိုချင်တယ်” လို့ ဦးကျော်ထူးက ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071