Saturday, May 30, 2026

အာဆီယံ-တရုတ်အဖွဲ့ဝင် ချစ်ကြည်ရေးအသင်းများအစည်းအဝေး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)...

တရုတ်-အာဆီယံနိုင်ငံများအကြား ချစ်ကြည်ရေးဘက်စုံတိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေး တရုတ်နိုင်ငံ ပြည်ပနိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်းက ဦးဆောင်ကျင်းပသည့် အာဆီယံ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဌများ ၅ ကြိမ်မြောက်တွေ့ဆုံပွဲ အစည်းအဝေးကို မေလ...

သင်္ဘောသားများ စီးပွားရေးလုပ်ငန်းရှင်ဖြစ်မြောက်ရေး ကူညီပေးမည်

ပင်လယ်ကူးသင်္ဘောသားမှ စီးပွားရေးလုပ်ငန်းရှင်အဖြစ် အစီအစဉ်တစ်ရပ်ဖော်ဆောင်ပြီး စီးပွားရေးလုပ်ငန်းရှင် ဖြစ်မြောက်ရေးသင်တန်းများ၊ MSME ပြုစုပျိုးထောင်ရေးသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အကြံပေးခြင်း၊ အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီးရရှိအောင် ကူညီခြင်းများ...

ရွှေတိဂုံစေတီတော်၌ မဟာသမယအခါတော်နေ့ မင်္ဂလာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်တွင် ယနေ့ (မေ ၃၀) နယုန်လပြည့်နေ့၌ (မဟာသမယအခါတော်နေ့) မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ယင်းသို့ ကျင်းပရာတွင် နံနက် ၅ နာရီ၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား...

ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန (၃) ထပ်ရုံး...

ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန (၃) ထပ်ရုံး အဆောက်အဦအား ရှေးမူမပျက် အကြီးစားပြင်ဆင်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော အကောက်ခွန်ဦးစီးဌာန (၃) ထပ်ရုံး...
HomeNewsLocal Newsလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီးနှင့်...

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးတို့ တွေ့ဆုံ

မန္တလေးငလျင် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးကိစ္စရပ်များဆွေးနွေး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis တို့သည် ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်နိုင်ရေး ကိစ္စရပ်များ၊ နိုင်ငံခြားသားဝန်ထမ်းများအတွက် ပြည်ဝင်ဗီဇာရရှိရေးနှင့် ပြည်တွင်းခရီးသွားလာခွင့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးငလျင် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ အရာထမ်းများနှင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-တရုတ်အဖွဲ့ဝင် ချစ်ကြည်ရေးအသင်းများအစည်းအဝေး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) တက်ရောက်

တရုတ်-အာဆီယံနိုင်ငံများအကြား ချစ်ကြည်ရေးဘက်စုံတိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေး တရုတ်နိုင်ငံ ပြည်ပနိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်းက ဦးဆောင်ကျင်းပသည့် အာဆီယံ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဌများ ၅ ကြိမ်မြောက်တွေ့ဆုံပွဲ အစည်းအဝေးကို မေလ ၂၅ ရက်မှ ၂၈ ရက်‌ အထိ အန်းဟွေးပြည်နယ် HUAXIAN မြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဌ ဦးတင်ဦးနှင့် အမှုဆောင် (၃) ဦးပါအဖွဲ့က ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးနှင့် ဆက်စပ်ပြီး အာဆီယံ-တရုတ် မိတ်ဘက်ဆက်ဆံရေး (၃၅) နှစ်မြောက်နှင့် တရုတ်-အာဆီယံ...

သင်္ဘောသားများ စီးပွားရေးလုပ်ငန်းရှင်ဖြစ်မြောက်ရေး ကူညီပေးမည်

ပင်လယ်ကူးသင်္ဘောသားမှ စီးပွားရေးလုပ်ငန်းရှင်အဖြစ် အစီအစဉ်တစ်ရပ်ဖော်ဆောင်ပြီး စီးပွားရေးလုပ်ငန်းရှင် ဖြစ်မြောက်ရေးသင်တန်းများ၊ MSME ပြုစုပျိုးထောင်ရေးသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အကြံပေးခြင်း၊ အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီးရရှိအောင် ကူညီခြင်းများ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။ မြန်မာနိုင်ငံမှ ပင်လယ်ကူးသင်္ဘောသားများ အမိမြေပြန်လည်ရောက်ရှိချိန်တွင် MSME များ၌ ပါဝင်ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ MSME ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများ အဖွဲ့ချုပ်အနေဖြင့်...

ရွှေတိဂုံစေတီတော်၌ မဟာသမယအခါတော်နေ့ မင်္ဂလာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်တွင် ယနေ့ (မေ ၃၀) နယုန်လပြည့်နေ့၌ (မဟာသမယအခါတော်နေ့) မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ယင်းသို့ ကျင်းပရာတွင် နံနက် ၅ နာရီ၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲကို စေတီတော်ရင်ပြင်ရှိ ဧည့်ခံတန်ဆောင်း၌ ကျင်းပသည်။ ယင်းနောက် ဂေါပကအဖွဲ့ဝင်များက ရောင်တော်ဖွင့်တန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် မဟာသမယအခါတော်နေ့ ကျင်းပရေးကော်မတီဥက္ကဠ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးမင်းလွင်က ဇယမင်္ဂလာအနုမောဒနာစာတမ်းကိုဖတ်ကြားလျှောက်ထားကာ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ယင်းနောက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071