Saturday, September 19, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeActivitiesလူငယ်တွေအနေနဲ့ သရုပ်ဆောင်သင်တန်းနဲ့ ဒါရိုက်တာသင်တန်းကို...

လူငယ်တွေအနေနဲ့ သရုပ်ဆောင်သင်တန်းနဲ့ ဒါရိုက်တာသင်တန်းကို ပေါ်ပြူလာဖြစ်ချင်လို့ တက်တာမျိုး မဖြစ်စေချင်ဘူး

မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးက ဦးစီးပြီး နှစ်စဉ်ဖွင့်လှစ်နေကျ ဖြစ်တဲ့ သရုပ်ဆောင်သင်တန်းနဲ့ ဒါ ရိုက်တာ သင်တန်းကို ဇူလိုင် ၉ ရက် နေ့က ဖွင့်လှစ်ခဲ့ပြီး နာမည်ကျော် ဒါရိုက်တာများနဲ့ သရုပ်ဆောင် အတတ်ပညာရှင်များက သင်တန်းပို့ ချလျက်ရှိပါတယ်။

အရင်ကာလတွေတုန်းက မြန် မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဦးစီး ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ ရုပ်ရှင် သရုပ်ဆောင်သင်တန်းတွေကနေ နာ မည်ကျော်ကြားတဲ့ သရုပ်ဆောင်တွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီတုန်းက သင် တန်းသားတွေဟာ အနုပညာကို အတော် စိတ်ပါဝင်စားကြပြီး အနု ပညာရှင်ဖြစ်ချင်လို့ အနုပညာ လော ကထဲကို ရောက်ချင်လွန်းလို့ စိတ် အားထက်သန်စွာနဲ့ ဝင်ရောက်လာ ကြသူတွေ ဖြစ်တယ်လို့ ရုင်ရှင် အစည်းအရုံး နာယကကြီးတစ်ဦးဖြစ် သူ ဒါရိုက်တာ မောင်နှင်းမိုးက ပြော ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒီ သင်တန်းတွေကနေ ထင်ထင်ရှားရှား ထွက်ပေါ်လာတဲ့ သရုပ်ဆောင်တွေ ထပ်မတွေ့ရတော့တဲ့အပေါ်ကိုတော့ …

“အခုလိုမျိုး သရုပ်ဆောင်သင် တန်းနဲ့ ဒါရိုက်တာ သင်တန်းတွေကို တကယ်ဝါသနာပါပြီး မရမက လာ တက်တဲ့ သူတွေ ရှိတယ်။ ပေါ်ပြူလာ ဖြစ်ချင်လို့ လာတက်တဲ့သူတွေ ရှိ တယ်။ နောက်ပြီးတော့ အနုပညာ လောကမှာ အဆက်အသွယ်ရ ကောင်းရနိုင်မလား ဆိုပြီးတော့ လာ တက်တဲ့သူတွေလည်း ရှိတယ်။ သူတို့ မှာ စိတ်ကူးအမျိုးမျိုး ရှိနိုင်ပါတယ်။ အဲဒီတော့ ပေါ်ပြူလာဖြစ်ချင်လို့ အနုပညာလောကထဲ ဝင်ရောက်ချင် တဲ့သူက သင်တန်းကို တကယ်စိတ်ဝင် စားလို့ လာတက်တာမဟုတ်တော့ဘူး ဆိုတာ သိသာထင်ရှားသွားပြီလေ။ အနုပညာနဲ့ပတ်သက်ပြီး သင်ပြပေးတဲ့ အရာတွေကို သူတို့သင်တန်းမှာ ဂရု တစိုက် သင်ကြားမှာ မဟုတ်တော့ဘူး လေ။ အဲဒီလို လူမျိုးတွေကတော့ အိယောင်ဝါးနဲ့ပဲ ပြီးသွားကြမှာ ဖြစ် တယ်”လို့ ဒါရိုက်တာမောင်နှင်းမိုးက မှတ်ချက်ပြုဆိုပါတယ်။ဒါ့အပြင် ဒါရိုက်တာ မောင်နှင်း မိုးက လက်ရှိမှာ အနုပညာမျိုးဆက် သစ်လေးတွေဖြစ်လာမယ့် သင်တန်း သူ၊ သင်တန်းသားတွေအတွက် ဆုံးမ စကားလည်း ပြောပြပေးခဲ့ပါတယ်။ အခုနောက်ပိုင်း လူတွေက ပေါ်ပင် လေးတွေ ပါလာကြတယ်။ ပေါ်ပင် လေးတွေ ရှိနေတော့ သင်တန်းလာ တက်ပြီဆိုရင် ဟေးလားဝါးလားနဲ့ပဲ ပြီးဆုံးသွားကြတယ်။ တစ်ခုပြောချင် တာက ရုပ်ရှင်အစည်းအရုံးက ဖွင့် လှစ်တဲ့ သရုပ်ဆောင်သင်တန်း ဆို တာက တကယ့်ကို ဖြစ်စေချင်လွန်း လို့ ဖွင့်လှစ်ပေးထားတဲ့ သင်တန်းဖြစ် ပါတယ်။ အပြင်မှာလည်း ဒီ့ထက် ကောင်းတွေ သင်တန်းတွေလည်း ရှိ ပါတယ်။ သို့သော် အပြင်သင်တန်းမှာ တချို့သင်တန်းတွေသည် ညာသွား တာမျိုး ရှိတယ်။ ရုပ်ရည်ရှိတဲ့ အမျိုး သမီးလေးတွေကို မင်းသမီးတင် ရိုက် မယ် ဘာညာဆိုပြီး ပိုက်ဆံတွေကို လိမ်သွားတာမျိုးတွေ ရှိခဲ့ဖူးတယ်။ ရုပ်ရှင်အစည်းအရုံးသင်တန်းဆိုတာ က အနုပညာရပ်ဝန်းက အနုပညာ ရှင်တွေ နဲ့ သင်ပြတာ ဖြစ်တဲ့အတွက် လာတက်ကြတဲ့ လူငယ်လေးတွေ ဟာလည်း ယုံကြည်ကိုးစားမှုများစွာ ရှိကြတယ်။ အဲဒီတော့ အနုပညာ လောကထဲကို ဝင်ရောက်ချင်တဲ့သူ တကယ်ဖြစ်ချင်သူတွေအတွက် အ ခွင့်အလမ်းတွေ ရှိနေပါတယ်။ ပေါ် ပြူလာဖြစ်ချင်လို့ လာတက်ရောက် တာမျိုးတော့ တကယ်ကို မဖြစ်စေ ချင်ပါဘူး” လို့ ဒါရိုက်တာ မောင်နှင်း မိုးက ပြောပြပေးခဲ့ပါတယ်။

ထက်လူ

Ads Space Available


Continue reading

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီမှ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးအတွက် ဒုတိယနေ့အဖြစ်တွေ့ဆုံစဥ် ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က NSPNC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးမည့်အခြေအနေများ၊ ဆွေးနွေးညှိနှိုင်းမည့် အကြောင်းအရာများ၊ ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအားဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့ ရွေးချယ်ရေးသဘာပတိအဖွဲ့ဖွဲ့စည်းပြီး နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆)ဦးအတွက် နိုင်ငံရေးပါတီကိုယ်စားလှယ်များက မဲပေးရွေးချယ်ကြကာ အမြဲတမ်းအလုပ်အဖွဲ့ကိုယ်စားလှယ်(၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုအတည်ပြုခဲ့ကြောင်း သိရသည်။ ထို့ပြင်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် အရည်အသွေးကောင်း ဝါမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သင်ကြားပို့ချဆွေးနွေး​ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် မြို့နယ်စိုက်ပျိုရေးဦးစီးဌာနမှ ဝါသီးနှံမျိုးသန့်စံပြစိုက်အကျိုးဆောင်တောင်သူများအား ကွန်ပေါင်းမြေဩဇာ GBS 15:15:15+TE (၁၁၇)အိတ်ကိုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက မှာကြားခဲ့ကြောင်း သိရသည်။ ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်လာစေရန်နှင့် ရထားလမ်းအသုံးပြုသွားလာသည့် ဒေသခံပြည်သူများနှင့် ခရီးသွားများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဝန်ကြီး ဦးဇေယျာဦးက စက်တင်ဘာ ၁၇ ရက်တွင် ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် ရထားလမ်းကူး (Level Crossing) များ၏ အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထိုသို့စစ်ဆေးရာတွင် ရထားလမ်းကူးများ၌ မောင်းတံဂိတ်များ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071