Tuesday, September 15, 2026

အင်္ဂလန်နဲ့ စကော့တလန်ကြား ‘ဝီစကီစစ်ပွဲ’ စတင်ဖြစ်ပွားလာ

​အင်္ဂလန်ရဲ့ Single Malt ဝီစကီကို နိုင်ငံတော်က အကာအကွယ်ပေးထားတဲ့ အမျိုးအစားအဖြစ် သတ်မှတ်ပေးဖို့ ဗြိတိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာကျော် စကော့ချ် (Scotch)...

AI ကို ထိန်းချုပ်ဖို့အတွက် IQ...

​AI နည်းပညာအပေါ် အကန့်အသတ်အသစ်တွေ ထိန်းချုပ်ပေးဖို့ ထိပ်တန်း AI ကုမ္ပဏီအရာရှိတွေရဲ့ တောင်းဆိုမှုကို သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ပယ်ချလိုက်ပါတယ်။ AI...

(၅)နှစ်ခန့်အတွင်း အလင်းဝင်လာသူ(၆,၀၀၀)ဦးခန့်ရှိပြီဖြစ်

နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ၌ပူးပေါင်းဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အထိ အလင်းဝင်လာသူ(၆,၀၀၀)ဦးခန့်ရှိပြီဖြစ်ကြောင်း စာရင်းဇယားများအရ သိရသည်။ နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင်(၂၆)ဦး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၁၃၇)ဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင်(၈၉၄)ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာ နချုပ်တွင်(၃၂၅)ဦး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၄)ဦး၊...

သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)စတင်စမ်းသပ်လည်ပတ်

သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)ကို စက်ရုံလည်ပတ်မှုနည်းစဥ် တစ်ဆင့်ချင်းစီအလိုက်စတင်စမ်းသပ်လည်ပတ်နေပြီဖြစ်ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က စက်တင်ဘာ ၁၄ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ စက်မောင်းဆီကို...
HomeEntertainmentBusinessလူငယ်တွေအတွက် လူရွှင်တော်သင်တန်းတွေ ဖွင့်လှစ်ချင်တဲ့...

လူငယ်တွေအတွက် လူရွှင်တော်သင်တန်းတွေ ဖွင့်လှစ်ချင်တဲ့ ဒါရိုက်တာ မောင်သီ

လူရွှင်တော်အသင်း(ရန်ကုန်)အနေနဲ့ လူငယ်မျိုးဆက်သစ်တွေ အတွက် လူရွှင်တော်သင်တန်းတွေ ဖွင့်လှစ်သွားဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။ ဝါရင့်လူရွှင်တော်ကြီး တွေကနေ လူငယ်လူရွှင်တော်လေး တွေကို ပြန်လည်သင်ပြပေးတဲ့သင်တန်းမျိုးလေးတွေ ပြုလုပ်သွားမှာဖြစ် ကြောင်း လူရွှင်တော်အသင်း (ရန် ကုန်)ရဲ့ နာယကတစ်ဦးဖြစ်တဲ့ ဒါ ရိုက်တာမောင်သီက ပြောပါတယ်။

“သင်တန်းစစဖွင့်ချင်းကတော့ ၂ လ ၃ လသင်တန်းတော့ မဟုတ်ဘူး ပေါ့။ ၁ လသင်တန်းလောက်ပေါ့။အဲဒီလိုလေးတွေလုပ်ဖို့ ကြံစည်နေ တယ်။ ဒါပေမဲ့ အခုအချိန်ထိတော့ ဖြစ်မလာသေးဘူ။ ဖြစ်လာမှာပါ” လို့ ဒါရိုက်တာမောင်သီကပြောပါတယ်။ ဟာသဆိုတဲ့ ပညာရပ်တစ်ခုကအသက်မွေးဝမ်းကျောင်းရပ်တည်မှုတစ်ခုအထိ ထောက်ပံ့ပေးနိုင်တာ သေချာပါတယ်လို့ သူက ပြောပါ တယ်။

ဒါရိုက်တာမောင်သီအနေနဲ့ လူ ရွှင်တော်တွေကို အခွင့်အလမ်းတွေများစွာပြုလုပ်ပေးခဲ့ပါတယ်။ ဒါ့အ ပြင် လူရွှင်တော်အသင်း (ရန်ကုန်)ကိုလည်း ဖွဲ့စည်းခဲ့ကာ သူ့အနေနဲ့ လည်း နာယကအဖြစ် တာဝန်ထမ်း ဆောင်နေပါတယ်။ လူရွှင်တော် အသင်းအပေါ် သူ့အနေနဲ့ ဖြစ်စေ ချင်တဲ့ ဆန္ဒကိုတော့ …

“စာရေးဆရာဆိုရင်လည်း ဟာ သစာရေးဆရာအနေနဲ့ ဘဝရပ်တည် လို့ ရသလို လူရွှင်တော်တွေ ဆိုရင် လည်း ဟာသတွေပြော ပြက်လုံးတွေ ပြက် ပြဇာတ်တွေက ရုပ်ရှင်တွေ ဝင်ရိုက်၊ ဒီလိုနဲ့မိသားစုတစ်ခု ဘဝ တစ်ခုကို ထောက်ပံ့ပြီးတော့ရပ်တည် နိုင်တယ်လေ။ အဲဒီတော့ အဲဒီပညာ ရပ်နဲ့ အဲဒီလူတွေက ရှိနေဦးမှာပဲ။ သူတို့ရဲ့ဘဝတွေက လူရွှင်တော်မှ မဟုတ်ပါဘူး။ တော်တော်များများ ဘယ်လူမဆို ကိုယ့်ရဲ့ အသက်မွေး ဝမ်းကျောင်းကို လုပ်ကိုင်နေတဲ့အ ချိန်မှာတော့ မိသားစုအရေးကိစ္စ ပြေ လည်တာပေါ့။ ကိုယ်ဒီအလုပ်ကို မ လုပ်နိုင်ဘူး။ ရပ်ပြီဟေ့ဆိုရင်တော့ အနည်းအများတော့ အကုန်လုံးက ဒုက္ခရောက်ကြမှာပဲလေ။ အဲဒီတော့ ကျွန်တော်နဲ့ပတ်သက်ရင်းနှီးတဲ့ အတိုင်းအတာလေးပေါ့။လူရွှင်တော် တွေနဲ့ ပတ်သက်ပြီး ကျွန်တော်ဟာသ ဇာတ်ကားတွေ ရိုက်ကူးခဲ့တယ်၊ ဟာ သအလုပ်တွေ လုပ်ခဲ့တယ်ဆိုတော့ အဲဒီအလွှာလေးတစ်လွှာအတွက်ပဲ တတ်နိုင်သလောက်လေး ကျွန်တော် လုပ်နိုင်တာပေါ့။ အကုန်လုံးကိုတော့လိုက်လုပ်ပေးဖို့ ကျွန်တော်ဘယ်လွယ် လိမ့်မလဲ။ ဒါကြောင့်ရနိုင်သလောက် လေး လုပ်ခဲ့တယ်။ လက်ဆင့်ကမ်း အမွေတွေလည်း ပေးခဲ့တယ်။ လူရွှင် တော်အသင်းတွေ ဖွဲ့ပေးခဲ့တယ်။ အဲ ဒီအခါမှာ ကျွန်တော်လည်းမရှိကော ပြီးသွားတာမျိုးကို မဖြစ်ချင်ဘူး။ နောက်ထပ်မျိုးဆက်သစ် လူရွှင်တော် တွေလက်ထဲကို တာဝန်လွှဲပြောင်းပြီး တော့ သူတို့ကနေ ဆက်လက်ပြီးတော့ထမ်းဆောင်သွားဖို့ အရေးကြီးတယ်။ လူရွှင်တော်လောကကြီးအတွက် ဒီ အဖွဲ့အစည်းက ဆက်လက်ပြီးတော့ ရှင်သန်နေမှလည်း အဓိပ္ပာယ်ရှိမှာ လေ” လို့ ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

အင်္ဂလန်နဲ့ စကော့တလန်ကြား ‘ဝီစကီစစ်ပွဲ’ စတင်ဖြစ်ပွားလာ

​အင်္ဂလန်ရဲ့ Single Malt ဝီစကီကို နိုင်ငံတော်က အကာအကွယ်ပေးထားတဲ့ အမျိုးအစားအဖြစ် သတ်မှတ်ပေးဖို့ ဗြိတိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာကျော် စကော့ချ် (Scotch) ဝီစကီ ထုတ်လုပ်သူတွေရှိတဲ့ စကော့တလန်မှာ မကျေနပ်မှုတွေ ဖြစ်ပေါ်လာခဲ့ပြီး အဲဒီထုတ်လုပ်သူတွေကလည်း တုံ့ပြန်ဖို့ ပြင်ဆင်နေကြပြီလို့ The Telegraph သတင်းစာက ဖော်ပြခဲ့ပါတယ်။ ​ပြီးခဲ့တဲ့အပတ်က ဗြိတိန်အစိုးရဟာ အင်္ဂလိပ် single malt ဝီစကီကို ဒေသဆိုင်ရာ အကာအကွယ်ပေးမှုအဆင့် သတ်မှတ်ပေးခဲ့တာပါ။ အဲဒီလို သတ်မှတ်လိုက်တာဟာ အင်္ဂလိပ်ဝီစကီကို သီးသန့်အမျိုးအစားတစ်ခုအနေနဲ့ အသိအမှတ်ပြုလိုက်တာဖြစ်ပြီး စကော့ချ်၊...

AI ကို ထိန်းချုပ်ဖို့အတွက် IQ မြင့်တဲ့ သမ္မတတစ်ယောက်ရှိရင် ရပြီလို့ ထရမ့်ပြော

​AI နည်းပညာအပေါ် အကန့်အသတ်အသစ်တွေ ထိန်းချုပ်ပေးဖို့ ထိပ်တန်း AI ကုမ္ပဏီအရာရှိတွေရဲ့ တောင်းဆိုမှုကို သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ပယ်ချလိုက်ပါတယ်။ AI လုပ်ငန်းအတွက် လိုအပ်တဲ့ တစ်ခုတည်းသော စည်းကမ်းဘောင်ဆိုတာဟာ "ကြံ့ခိုင်ပြီး ဉာဏ်ကောင်းတဲ့ IQ မြင့်တဲ့ သမ္မတတစ်ယောက်"ပဲလိုအပ်တာဖြစ်ပြီး အမေရိကန်မှာ အဲဒီလိုသမ္မတမျိုး ရှိပြီးသားလို့ Truth ဆိုရှယ်မီဒီယာမှာ သူကရေးခဲ့တာပါ။ ​အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ ဒီ AI နည်းပညာကြောင့် အလုပ်အကိုင်တွေ အများကြီး ဆုံးရှုံးတာ၊ ဇီဝလက်နက်အသစ်တွေ ထွက်ပေါ်လာတာနဲ့ အလိုအလျောက် တိုက်ခိုက်နိုင်တဲ့...

(၅)နှစ်ခန့်အတွင်း အလင်းဝင်လာသူ(၆,၀၀၀)ဦးခန့်ရှိပြီဖြစ်

နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ၌ပူးပေါင်းဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အထိ အလင်းဝင်လာသူ(၆,၀၀၀)ဦးခန့်ရှိပြီဖြစ်ကြောင်း စာရင်းဇယားများအရ သိရသည်။ နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင်(၂၆)ဦး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၁၃၇)ဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင်(၈၉၄)ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာ နချုပ်တွင်(၃၂၅)ဦး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၄)ဦး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တွင်(၁၃) ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင်(၁၅၄)ဦး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တွင်(၈၀)ဦးတို့ အလင်းဝင်လာခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင်(၁၉၈)ဦး၊ အ နောက်တောင်တိုင်းစစ်ဌာနချုပ်တွင်(၁၅၂)ဦး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၁၂)ဦး၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်တွင်(၅၈၀)ဦး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၂,၉၂၆)ဦး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၁၇၁)ဦးတို့လည်း အလင်းဝင်လာခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် (၅)နှစ်ခန့်အတွင်း အလင်းဝင်လာသူ (၅,၆၇၂)ဦးရှိကာ ၎င်းတို့နှင့်အတူ လက်နက်ခဲယမ်းမျိုးစုံ(၆၉၂)လက်လည်းပါရှိခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071