Tuesday, August 4, 2026

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို...

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂)...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့၏ မြွေအန္တရာယ်သတိပေးနှိုးဆော်လွှာ 

ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများ ၌ မြွေအန္တရာယ်သတိပြုလိုက်နာဆောင်ရွက်ရမည့် သတိပေးစာလွှာကို တိုင်းအစိုးရအဖွဲ့က အရေးပေါ်အသိပေးစာအဖြစ်ထုတ်ပြန်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မြွေများကျက်စားရာနေရာများရေနစ်မြုပ်ကာ သစ်ပင်များ၊ အမိုးအကာများ၊...

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း...

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆...

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆...
HomeNewsLocal Newsလုံခြုံရေးနှင့် တည်ငြိမ်ရေးကို ရာနှုန်းပြည့်ထိန်းချုပ်ထားနိုင်သည်ဟု...

လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ရာနှုန်းပြည့်ထိန်းချုပ်ထားနိုင်သည်ဟု South China Morning Postကို ပြန်ကြားရေးဝန်ကြီး ဖြေကြား

(Unicode)

လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ရာနှုန်းပြည့်ထိန်းချုပ်ထားနိုင်သည်ဟု South China Morning Postကို ပြန်ကြားရေးဝန်ကြီး ဖြေကြား

နိုင်ငံ၏ နေရာဒေသအားလုံးတွင် လုံခြုံတည်ငြိမ်ရေးကို လုံးဝထိန်းချုပ်ထားနိုင်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ ရပ်ကွက်/ကျေးရွာအုပ်စု (၁၆၃၇၀)တွင် အုပ်ချုပ်ရေးမှူး (၁၅၇၄၂)ဦး ခန့်အပ်ပြီးဖြစ်ပါကြောင်းတရုတ်နိုင်ငံ South China Morning Post သတင်းဌာနအား ပြန်ကြားရေးဝန်ကြီးဦးမောင်မောင်အုန်းက ဖြေကြားသည်

တိုက်ပွဲ များ ဖြစ်ပွားနေသည့် ရခိုင်၊ ချင်းနှင့် ကယားပြည်နယ်တို့ကဲ့သို့သော နိုင်ငံ၏အစွန်အဖျား ဒေသများ ၌ ထိန်းချုပ်မှု စိုးမိုးမှု ဆုံးရှုံးနေပါသလားဟုတရုတ်နိုင်ငံ South China Morning Post သတင်းဌာန၏​မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အချို့ဒေသ များတွင် အကြမ်းဖက်မှုလုပ်ရပ်များကို မကြာခဏလုပ်ဆောင်ပြီး လူမှုကွန်ယက်စာမျက်နှာ များမှတစ်ဆင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုမရှိကြောင်း ဝါဒဖြန့် ဆောင်ရွက်နေကြ သည်ကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အစရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ရရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို အချိန်ပြည့် ဆောင် ရွက် ပေးလျက် ရှိကာ နစကအနေဖြင့်လည်း လူမှုဘဝများ ပုံမှန်ရှင်သန်လည်ပတ် နိုင် အောင် လုံခြုံရေးရှုထောင့်က အလေးထားဆောင်ရွက်နေသောကြောင့် ထိန်းချုပ်နိုင်မှု၊ နိုင်ငံ့ လုံခြုံရေးစိုးမိုးနိုင်မှု ဆုံးရှုံးခြင်းမျိုး မဖြစ်ကြောင်း ဝန်ကြီးဦးမောင်မောင်အုန်းက ရှင်းပြသည်။

ယင်းအပြင် အချိန်တိုအတွင်း ဥပဒေဘောင်အတွင်းက လူအ ခွင့် အရေးဆုံးရှုံးမှုမရှိစေရေး အလေးထား ဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံလုံခြုံရေးနှင့် တည်ငြိမ်ရေးကို ရာနှုန်းပြည့်ထိန်းချုပ်ထားနိုင်သည်ဟု ဖြေကြားခဲ့သည့်အပြင် ပြည်သူလူထုကို အပြည့်အဝ ကာကွယ်စောင့်ရှောက် ပေးနေပါကြောင်းလည်း ထည့်သွင်းဖြေကြားခဲ့သည်။

နှုတ်ထွက်သွားသည့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး (၃၁၇၆)ဦးရှိခဲ့ရာမှ (၂၆၁၉)ဦး ပြန်လည်ခန့်အပ်ထားနိုင်ပြီ ဖြစ်ပြီး မြို့ရွာ လုံခြုံရေးကို အပြည့်အဝ ဆောင်ရွက်နိုင်ပါကြောင်းပါ ထည့်သွင်း ဖြေကြားခဲ့သည်။

(Zawgyi)

လုံၿခဳံေရးႏွင့္ တည္ၿငိမ္ေရးကို ရာႏႈန္းျပည့္ထိန္းခ်ဳပ္ထားႏိုင္သည္ဟု South China Morning Postကို ျပန္ၾကားေရးဝန္ႀကီး ေျဖၾကား

ႏိုင္ငံ၏ ေနရာေဒသအားလုံးတြင္ လုံၿခဳံတည္ၿငိမ္ေရးကို လုံးဝထိန္းခ်ဳပ္ထားႏိုင္ၿပီး တိုင္းေဒသႀကီး/ ျပည္နယ္မ်ားမွ ရပ္ကြက္/ေက်း႐ြာအုပ္စု (၁၆၃၇၀)တြင္ အုပ္ခ်ဳပ္ေရးမႉး (၁၅၇၄၂)ဦး ခန႔္အပ္ၿပီးျဖစ္ပါေၾကာင္းတ႐ုတ္ႏိုင္ငံ South China Morning Post သတင္းဌာနအား ျပန္ၾကားေရးဝန္ႀကီးဦးေမာင္ေမာင္အုန္းက ေျဖၾကားသည္

တိုက္ပြဲ မ်ား ျဖစ္ပြားေနသည့္ ရခိုင္၊ ခ်င္းႏွင့္ ကယားျပည္နယ္တို႔ကဲ့သို႔ေသာ ႏိုင္ငံ၏အစြန္အဖ်ား ေဒသမ်ား ၌ ထိန္းခ်ဳပ္မႈ စိုးမိုးမႈ ဆုံးရႈံးေနပါသလားဟုတ႐ုတ္ႏိုင္ငံ South China Morning Post သတင္းဌာန၏​ေမးခြန္းႏွင့္ စပ္လ်ဥ္း၍ ျပည္ေထာင္စုဝန္ႀကီးက လမ္းပန္းဆက္သြယ္ေရး ခက္ခဲသည့္ ခ်င္းျပည္နယ္၊ ကယားျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး အတြင္းရွိ အခ်ိဳ႕ေဒသ မ်ားတြင္ အၾကမ္းဖက္မႈလုပ္ရပ္မ်ားကို မၾကာခဏလုပ္ေဆာင္ၿပီး လူမႈကြန္ယက္စာမ်က္ႏွာ မ်ားမွတစ္ဆင့္ ႏိုင္ငံအတြင္း တည္ၿငိမ္ေအးခ်မ္းမႈမရွိေၾကာင္း ဝါဒျဖန႔္ ေဆာင္႐ြက္ေနၾက သည္ကို တပ္မေတာ္၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ အစရွိသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ေဒသတြင္းတည္ၿငိမ္ေအးခ်မ္းမႈ ရရွိေစေရးႏွင့္ တရားဥပေဒစိုးမိုးမႈရွိေစေရးအတြက္ လိုအပ္သည့္လုံၿခဳံေရးလုပ္ငန္းမ်ားကို အခ်ိန္ျပည့္ ေဆာင္ ႐ြက္ ေပးလ်က္ ရွိကာ နစကအေနျဖင့္လည္း လူမႈဘဝမ်ား ပုံမွန္ရွင္သန္လည္ပတ္ ႏိုင္ ေအာင္ လုံၿခဳံေရးရႈေထာင့္က အေလးထားေဆာင္႐ြက္ေနေသာေၾကာင့္ ထိန္းခ်ဳပ္ႏိုင္မႈ၊ ႏိုင္ငံ့ လုံၿခဳံေရးစိုးမိုးႏိုင္မႈ ဆုံးရႈံးျခင္းမ်ိဳး မျဖစ္ေၾကာင္း ဝန္ႀကီးဦးေမာင္ေမာင္အုန္းက ရွင္းျပသည္။

ယင္းအျပင္ အခ်ိန္တိုအတြင္း ဥပေဒေဘာင္အတြင္းက လူအ ခြင့္ အေရးဆုံးရႈံးမႈမရွိေစေရး အေလးထား ေဆာင္႐ြက္ခဲ့သည့္အတြက္ ႏိုင္ငံလုံၿခဳံေရးႏွင့္ တည္ၿငိမ္ေရးကို ရာႏႈန္းျပည့္ထိန္းခ်ဳပ္ထားႏိုင္သည္ဟု ေျဖၾကားခဲ့သည့္အျပင္ ျပည္သူလူထုကို အျပည့္အဝ ကာကြယ္ေစာင့္ေရွာက္ ေပးေနပါေၾကာင္းလည္း ထည့္သြင္းေျဖၾကားခဲ့သည္။

ႏႈတ္ထြက္သြားသည့္ ရပ္ကြက္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး (၃၁၇၆)ဦးရွိခဲ့ရာမွ (၂၆၁၉)ဦး ျပန္လည္ခန႔္အပ္ထားႏိုင္ၿပီ ျဖစ္ၿပီး ၿမိဳ႕႐ြာ လုံၿခဳံေရးကို အျပည့္အဝ ေဆာင္႐ြက္ႏိုင္ပါေၾကာင္းပါ ထည့္သြင္း ေျဖၾကားခဲ့သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်လာစေ

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေဟာ ပိုပြီး မြင့်တက်လာပါတယ်။ ဒီကနေ့ခေတ်လို အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ လူနေမှုပုံစံတွေက ကြိုးစားမှုနဲ့ အခွင့်အလမ်းကောင်းတွေအတွက် အလုပ်ဖြစ်ပေမဲ့ တစ်ဖက်မှာတော့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိလာနေပါတယ်။ ကြာရှည်တဲ့ အလုပ်ချိန်တွေ၊ တစ်ခုပြီး တစ်ခုဆက်နေတဲ့ အလုပ်အစည်းအဝေးတွေကြား အလျင်စလိုနဲ့ ကြုံသလို စားလိုက်ရတာတွေ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မရှိတာတွေနဲ့ အာဟာရပြည့်စုံအောင်...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့၏ မြွေအန္တရာယ်သတိပေးနှိုးဆော်လွှာ 

ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများ ၌ မြွေအန္တရာယ်သတိပြုလိုက်နာဆောင်ရွက်ရမည့် သတိပေးစာလွှာကို တိုင်းအစိုးရအဖွဲ့က အရေးပေါ်အသိပေးစာအဖြစ်ထုတ်ပြန်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မြွေများကျက်စားရာနေရာများရေနစ်မြုပ်ကာ သစ်ပင်များ၊ အမိုးအကာများ၊ အ ထက်စီးနေရာများနှင့် လူနေအိမ်များအတွင်းသို့ မြွေများပုန်းအောင်းဝင်ရောက်လာနိုင်၍ ရေဘေးသင့်သူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် အမှောင်ထဲတွင်သွားလာခြင်းမှရှောင်ကြဉ်ကြရန်၊ မဖြစ်မနေသွားလာရပါက မီးအိမ်၊ လက်နှိပ်ဓာတ်မီးသေချာစွာ အသုံးပြုရန် အသိပေးခဲ့သည်။ ရေပေါ်မျောနေသော သစ်ကိုင်း၊ သစ်တုံးများနှင့် အိမ်အတွင်းရှိ အဝတ်အထည်၊ စောင်၊ မွေ့ယာများကို ကိုင်တွယ်ရာတွင်သေချာစွာမီးထွန်းကြည့်ရှုရန်၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ရေထဲ၌ကူးခတ်ရှာဖွေစဉ်နှင့် အပျက်အစီးများဖယ်ရှားစဉ်တို့တွင် ခြေစွပ်၊ လက်စွပ်(သို့)ဘုဖိနပ် (Rubber Boots)များဝတ်ဆင်၍...

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း ကုန်သွယ်ရေးညှိနှိုင်းရေးဌာန၏ အဆိုအရ သိရသည်။          ဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ် အူမာပွန် ဖူထရာကူလ်သည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်သည့် ဇူလိုင်လ ၂၃ ရက် နေ့နှင့် ၂၄ ရက် နေ့တို့တွင် ကျင်းပခဲ့သော ၁၇ ကြိမ်မြောက် အက်ဖ်တာ ပူးတွဲကော်မတီ အွန်လိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။        ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071