Tuesday, August 4, 2026

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို...

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂)...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့၏ မြွေအန္တရာယ်သတိပေးနှိုးဆော်လွှာ 

ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများ ၌ မြွေအန္တရာယ်သတိပြုလိုက်နာဆောင်ရွက်ရမည့် သတိပေးစာလွှာကို တိုင်းအစိုးရအဖွဲ့က အရေးပေါ်အသိပေးစာအဖြစ်ထုတ်ပြန်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မြွေများကျက်စားရာနေရာများရေနစ်မြုပ်ကာ သစ်ပင်များ၊ အမိုးအကာများ၊...

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New...
HomeMoviesဆိုးလ်တွင် အပူလှိုင်းကြောင့် လူ...

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆ ဦး သေဆုံး၊ ထောက်ပံ့မှုများ မြှင့်တင်ရန် အာဏာပိုင်များကို လီ တိုက်တွန်း

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆ ဦးအထိ များလာကြောင်းနှင့် ပြင်းထန်လွန်ကဲသော ရာသီဥတုအခြေအနေသည် မကြာခဏပိုမို ဖြစ်လာနေကြောင်း သတိပေးခဲ့သည်။
      
ပြည်သူများ၏ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများကို အကာအကွယ်ပေးရန်အတွက် လိုအပ်သော အစီအမံများ ကို လုပ်ဆောင်ရန်နှင့် အဲရ်ကွန်းဝယ်လိုအား မြင့်တက်လာသည်နှင့်အမျှ ဓာတ်အားစနစ်များကို စစ်ဆေးရန် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားရာ၌ လီက တောင်းဆိုခဲ့သည်။
       
“လွန်ကဲတဲ့ ရာသီဥတုအခြေအနေက ပုံမှန်လိုဖြစ်လာနေတာကြောင့် နိုင်ငံတော် အကျပ်အတည်းစနစ်ကို အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့ရာ လုပ်ငန်းစဉ်တွေချမှတ်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
      
အရှေ့တောင်ပိုင်း ကုန်းတွင်းမြို့ဖြစ်သော ယန်ဆန်တွင် သြဂုတ်လ ၂ ရက်နေ့က အပူချိန် ၄၂ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်အထိ ဖြစ်ပေါ်ခဲ့ပြီး ယင်းသည် နှစ်ပေါင်း ၁၂၂ နှစ်အတွင်း အမြင့်ဆုံးအပူချိန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
        
ကိုရီးယား မိုးလေဝသစီမံခန့်ခွဲရေးဌာနက သြဂုတ်လ ၃ ရက်နေ့တွင် မြို့တော်ဆိုးလ်နှင့် အိမ်နီးချင်း ဂျောင်ဂီမြို့ ဒေသများတွင် ၎င်း၏ ပထမဆုံး အပူလှိုင်းသတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး သြဂုတ်လ ၄ ရက်တွင်မူ သတိပေးချက်ကို မြို့တော်တခွင်လုံးအတွက် တိုးချဲ့ထုတ်ပြန်ခဲ့သည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်လာစေ

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေဟာ ပိုပြီး မြင့်တက်လာပါတယ်။ ဒီကနေ့ခေတ်လို အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ လူနေမှုပုံစံတွေက ကြိုးစားမှုနဲ့ အခွင့်အလမ်းကောင်းတွေအတွက် အလုပ်ဖြစ်ပေမဲ့ တစ်ဖက်မှာတော့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိလာနေပါတယ်။ ကြာရှည်တဲ့ အလုပ်ချိန်တွေ၊ တစ်ခုပြီး တစ်ခုဆက်နေတဲ့ အလုပ်အစည်းအဝေးတွေကြား အလျင်စလိုနဲ့ ကြုံသလို စားလိုက်ရတာတွေ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မရှိတာတွေနဲ့ အာဟာရပြည့်စုံအောင်...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့၏ မြွေအန္တရာယ်သတိပေးနှိုးဆော်လွှာ 

ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများ ၌ မြွေအန္တရာယ်သတိပြုလိုက်နာဆောင်ရွက်ရမည့် သတိပေးစာလွှာကို တိုင်းအစိုးရအဖွဲ့က အရေးပေါ်အသိပေးစာအဖြစ်ထုတ်ပြန်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မြွေများကျက်စားရာနေရာများရေနစ်မြုပ်ကာ သစ်ပင်များ၊ အမိုးအကာများ၊ အ ထက်စီးနေရာများနှင့် လူနေအိမ်များအတွင်းသို့ မြွေများပုန်းအောင်းဝင်ရောက်လာနိုင်၍ ရေဘေးသင့်သူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် အမှောင်ထဲတွင်သွားလာခြင်းမှရှောင်ကြဉ်ကြရန်၊ မဖြစ်မနေသွားလာရပါက မီးအိမ်၊ လက်နှိပ်ဓာတ်မီးသေချာစွာ အသုံးပြုရန် အသိပေးခဲ့သည်။ ရေပေါ်မျောနေသော သစ်ကိုင်း၊ သစ်တုံးများနှင့် အိမ်အတွင်းရှိ အဝတ်အထည်၊ စောင်၊ မွေ့ယာများကို ကိုင်တွယ်ရာတွင်သေချာစွာမီးထွန်းကြည့်ရှုရန်၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ရေထဲ၌ကူးခတ်ရှာဖွေစဉ်နှင့် အပျက်အစီးများဖယ်ရှားစဉ်တို့တွင် ခြေစွပ်၊ လက်စွပ်(သို့)ဘုဖိနပ် (Rubber Boots)များဝတ်ဆင်၍...

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း ကုန်သွယ်ရေးညှိနှိုင်းရေးဌာန၏ အဆိုအရ သိရသည်။          ဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ် အူမာပွန် ဖူထရာကူလ်သည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်သည့် ဇူလိုင်လ ၂၃ ရက် နေ့နှင့် ၂၄ ရက် နေ့တို့တွင် ကျင်းပခဲ့သော ၁၇ ကြိမ်မြောက် အက်ဖ်တာ ပူးတွဲကော်မတီ အွန်လိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။        ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071