Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeCelebrities' Newsလုပ်ကွက်မပါသည့် အတွက် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို...

လုပ်ကွက်မပါသည့် အတွက် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို ငြင်း ပယ် လို က် တဲ့ မို့မို့မြင့်အောင်

MM-M-A

 သရုပ်ဆောင် မို့မို့မြင့်အောင်က အခုလတ်တလောသူမရဲ့ အနုပညာလှုပ်ရှားမှုတွေမှာ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးဖြစ်နေပြီး ရုပ်ရှင် ဇာတ်ကားကြီးတစ်ကားကိုတော့ ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ အခု ရုပ်ရှင်ဇာတ်ကားကြီးကို ငြင်းပစ်ခဲ့တဲ့အကြောင်းကိုတော့…

“အခုလတ်တလောမှာ အစ်မ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေ တယ်။ တစ်နေ့ကတော့  ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ငြင်းလိုက်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ်လုပ် ကွက်မပါတော့ ရိုက်ရမှာပျင်းတယ်။ ကိုယ့်လုပ်ကွက်ပါတဲ့ ဇာတ်ကားမျိုးပဲ ရိုက်ကူးချင်တယ်” လို့ပြောပါတယ်။အဖေမြင့်အောင်ရဲ့ တာဝန်ကို ကျေခဲ့တဲ့ မို့မို့မြင့်အောင်က တူမ ဖြစ်သူ ဝါဆိုမြင့်အောင် အတွက် တာဝန် ပိုကြီးသွားပြီဖြစ်ကြောင်းကိုလည်း …..

“သူ့ စိတ်ကိုပဲ တွန်းအားပေးတယ်။ အနုပညာကိုချစ် တဲ့စိတ်၊ ပရိသတ်ကိုချစ်ပြီး လေးစားရမယ့် စိတ်တစ်ခုကိုပဲ မမို့ တွန်းအားပေးပါတယ်။ မမို့က ဒီတူ၊ တူမတွေကို သားသမီးလို သဘောထားတယ်။ မိဘကတော့ သားသမီးကိုမျှော်လင့်ကြ တာပဲ။ မမို့က အဖေမြင့်အောင်ရဲ့ တာဝန်ကျေခဲ့တယ်။ အဖေ့ရဲ့ ခြေရာကို အတတ်နိုင်ဆုံး နီးစပ်အောင် ကြိုးစားခဲ့တယ်။ အခုသူ့ မှာ ပိုတာဝန် ကြီးသွားပြီ။ ဒါပေမဲ့ သိပ်တော့အများကြီး မမျှော် လင့်ရဲဘူး။ သူ့ရဲ့ ကံ၊ စန်းတွေကလည်း ရှိသေးတယ်။ သူကြိုး စားအားထုတ်မှပဲ ရမှာပါ။ တစ်ခုပဲ မျှော်လင့်တာက ပရိသတ် သူ့ကိုချစ်ပါစေ၊ ပရိသတ်နှလုံးသားထဲ ရောက်ပါစေဆိုပြီး မျှော် လင့်တာပေါ့။ မို့မို့မြင့်အောင်ရဲ့တူမဆိုတော့ အနုပညာနဲ့ ပတ် သက်ရင် လောဘကြီးမှာပဲ။ တစ်ခါတလေကျရင် ပြောင်းပြန်။ တခြားကလေးတွေက အဒေါ်ဆီမှာလာပြီး အိုက်တင်သင် ချင်ကြ တယ်။ သူကတော့ အဒေါ်ကြောက်တယ်။ အဒေါ်ပါရင် မလုပ်ရဲ၊ မကိုင်ရဲ ဖြစ်နေတယ်။ သူ့ကိုမို့မို့မြင့်အောင် တူမအနေနဲ့တော့ မကြည့် ကြပါနဲ့။ သရုပ်ဆောင်အသစ်တစ်ယောက် အနေနဲ့ကြည့်ရင်တော့ ကောင်းပါတယ်” လို့ ဆိုပါတယ်။

သရုပ်ဆောင်မို့မို့မြင့်အောင်ကတော့ အနုပညာရှင်အသစ်တွေကို “ကိုယ့်ကိုယ်ကိုယ် မင်းသား၊ မင်းသမီးလိုပဲ ခံယူလိုက်ရင်တော့ ရပ်တန့်သွားမှာပဲ။ ကိုယ့်ကိုယ်ကိုယ် သရုပ်ဆောင်တစ်ယောက်လို့ သတ်မှတ်လိုက်ရင် အောင်မြင်မှာပါ”လို့ လည်း အကြံပေးခဲ့ပါတယ်။

ချယ်ရီ၊

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071