Sunday, July 5, 2026

ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲအတွက် မြန်မာအားကစားသမား (၂) ဦး...

မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ မသန်စွမ်းတိုက်ကွမ်ဒို အားကစားသမားများဖြစ်သည့် မောင်သိန်းထိုက်အောင်နှင့် မောင်ရွှေထွဋ်ကျော်တို့သည် ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကိုရီးယားနိုင်ငံ၌ လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ...

AML/CFT ညွှန်ကြားချက်များကို လိုက်နာ၍ ယုံကြည်စိတ်ချရသော...

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က အိမ်ခြံမြေအကျိုးဆောင်များအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) ညွှန်ကြားချက်များကို တိကျစွာလိုက်နာကာ...

တရုတ်နှင့် ရုရှား ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု ယခုလကုန်ပိုင်းတွင်...

တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ယခုလကုန်ပိုင်းတွင် တရုတ်နိုင်ငံ၊ ချင်းတောင် (Qingdao) မြို့ ကမ်းလွန်ရေပြင်နှင့် ဝေဟင်ပိုင်နက်၌ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ ထုတ်ပြန်ချက်အရ...

ဒေသတွင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းကုန်းတွင် လယ်ယာနည်းပညာနှင့်...

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်ရှိ GBS လယ်ယာဝန်ဆောင်မှုစခန်း၌ ဒေသတွင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်သည့် လယ်ယာထုတ်ကုန်နှင့် နည်းပညာပြပွဲကို ယနေ့ ဇူလိုင် ၅ ရက်က...
HomeNewsLocal Newsလာအိုနိုင်ငံ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်မှ...

လာအိုနိုင်ငံ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့အား ဂုဏ်ပြုကြိုဆို

လာအိုနိုင်ငံသမ္မတ H.E. Mr. Thongloun Sisoulith ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇူလိုင် ၅ ရက် ညနေပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ဇူလိုင် ၃ ရက်တွင် လာအိုနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့အား တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) များ လဲလှယ်ခြင်း၊ သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်း အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။ ထို့ပြင် လာအိုနိုင်ငံသမ္မတက တည်ခင်းဧည့်ခံသည့် နိုင်ငံတော်ဂုဏ်ပြု ညစာစားပွဲသို့လည်း တက်ရောက်ခဲ့သည်။

ယင်းနေ့တွင်ပင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ဗီယင်ကျန်းမြို့ရှိ အညတရသူရဲကောင်းစစ်သည်ဗိမာန်၌ သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုပန်းခွေချ၍ ဂါရဝပြုအလေးပြုခဲ့ကြသည်။ ထို့အပြင် နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်ကြူကြူလှသည် လာအိုအနုပညာပြတိုက်နှင့် လာအိုရိုးရာပိုးထည်ပြတိုက်တို့ကို သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။

ဇူလိုင် ၄ ရက်တွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် လာအိုနိုင်ငံ၏ အထွတ်အမြတ်ထားရာ သက်လွမ်စေတီတော်မြတ်၌ ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီးနှင့် ဆီမီးများ ဆက်ကပ်ပူဇော်ခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် သက်လွမ်စေတီတော် ဓမ္မခန်းမ၌ လာအိုဗုဒ္ဓဘာသာအသင်းဗဟိုဥက္ကဋ္ဌနှင့် လာအိုနိုင်ငံ သံဃရာဇာဘုန်းတော်ကြီး Maha Ahjan Yai Mahaved Menenai နှင့် သက်တော် (၁၀၆) နှစ်ရှိ Most Ven. Noi Sangvalo တို့အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့အပြင် လာအိုနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ် Patuxai (Victory Gate) အဆောက်အအုံနှင့် အတွင်းရှိ အနုပညာလက်ရာများကိုလည်း လေ့လာကြည့်ရှုခဲ့ကြသည်။ ယင်းနောက် လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ၊ မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ ပညာသင်တပ်မတော်အရာရှိများနှင့် တွေ့ဆုံခဲ့ပြီး လာအိုနိုင်ငံ၏ ရိုးရာပိုးထည်နှင့် လက်မှုပညာအခြေပြု အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ (SMEs) ဖြစ်သည့် Phontong Handicrafts Cooperative နှင့် CAMACrafts တို့ကိုလည်း သွားရောက်လေ့လာခဲ့သည်။

ဇူလိုင် ၅ ရက်တွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် လွန်ပရာဘန်မြို့ရှိ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်နေရာများ၊ တော်ဝင်နန်းတော်ပြတိုက်နှင့် ဒေသထင်ရှားနေရာများကို သွားရောက်လေ့လာခဲ့ပြီး လွန်ပရာဘန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Bounleuam Manivong နှင့် တွေ့ဆုံကာ ဂုဏ်ပြုနေ့လယ်စာအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

သုံးရက်တာ ချစ်ကြည်ရေးခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံခေါင်းဆောင်များ၊ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးကာ နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးမှုများနှင့် အစီအစဉ်အမျိုးမျိုးကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲအတွက် မြန်မာအားကစားသမား (၂) ဦး ကိုရီးယားတွင် လေ့ကျင့်၊ နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ မသန်စွမ်းတိုက်ကွမ်ဒို အားကစားသမားများဖြစ်သည့် မောင်သိန်းထိုက်အောင်နှင့် မောင်ရွှေထွဋ်ကျော်တို့သည် ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကိုရီးယားနိုင်ငံ၌ လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်ရေးအစီအစဉ်ကို မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအားကစားအဖွဲ့ချုပ်၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ် (World Taekwondo) က ကိုရီးယားနိုင်ငံ မူဂျူ (Muju) မြို့တွင် ဖွင့်လှစ်သည့် ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒို လေ့ကျင့်ရေးအစီအစဉ်၌ ပါဝင်လေ့ကျင့်နေခြင်းဖြစ်သည်။ ထို့ပြင် အားကစားသမားနှစ်ဦးသည် ကိုရီးယားနိုင်ငံ ချွန်ချွန် (Chuncheon) မြို့တွင် ကျင်းပမည့် မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းလေ့ကျင့်ရေးနှင့်...

AML/CFT ညွှန်ကြားချက်များကို လိုက်နာ၍ ယုံကြည်စိတ်ချရသော အိမ်ခြံမြေအကျိုးဆောင်များ ဖြစ်လာရန် ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီး တိုက်တွန်း

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က အိမ်ခြံမြေအကျိုးဆောင်များအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) ညွှန်ကြားချက်များကို တိကျစွာလိုက်နာကာ နိုင်ငံတော်နှင့် ပြည်သူကို တစ်ဖက်တစ်လမ်းမှ ကာကွယ်စောင့်ရှောက်ကြရန် တိုက်တွန်းပြောကြားသည်။ ယင်းပြောကြားချက်ကို ဇူလိုင် ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ Sky Star Hotel ၌ ကျင်းပသည့် AML/CFT ညွှန်ကြားချက်ဆိုင်ရာ အသိပညာပေးအခမ်းအနားနှင့် အိမ်ခြံမြေဆိုင်ရာ အဆင့်မြင့်ပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေါက်တာမေသန်းနွယ်က အိမ်ခြံမြေလုပ်ငန်းသည် နိုင်ငံ၏...

တရုတ်နှင့် ရုရှား ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု ယခုလကုန်ပိုင်းတွင် ကျင်းပမည်

တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ယခုလကုန်ပိုင်းတွင် တရုတ်နိုင်ငံ၊ ချင်းတောင် (Qingdao) မြို့ ကမ်းလွန်ရေပြင်နှင့် ဝေဟင်ပိုင်နက်၌ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ ထုတ်ပြန်ချက်အရ ပူးတွဲလေ့ကျင့်မှုများ ပြီးဆုံးပြီးနောက် နှစ်နိုင်ငံရေတပ်ဖွဲ့များသည် ပစိဖိတ်သမုဒ္ဒရာရှိ သတ်မှတ်ထားသော ရေပြင်ဒေသများတွင် ပူးတွဲရေကြောင်းကင်းလှည့်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်မှုများသည် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် နှစ်နိုင်ငံအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန် ရည်ရွယ်သည့် နှစ်စဉ်စစ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071