Home Movies လာအိုတွင်ဂူထဲပိတ်မိသူများထံ ကယ်ဆယ်ရေးသမားများ ရောက်လုနီးလာ

လာအိုတွင်ဂူထဲပိတ်မိသူများထံ ကယ်ဆယ်ရေးသမားများ ရောက်လုနီးလာ

0
106

လာအိုနိုင်ငံရှိ ဂူတစ်ခုအတွင်း ရက်များစွာ ပိတ်မိနေခဲ့သူ ခုနစ်ဦးထံသို့ ကယ်ဆယ်ရေးအဖွဲ့ရောက်ရှိရန် နီးကပ်လာပြီဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့အကြီးအကဲက ပြောကြားခဲ့သည်။ တစ်ရက်အတွင်း ၁၅ မီတာခန့်ရှိ အတားအဆီးများကို ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် ထိုအခြေအနေရောက်လာခြင်းဖြစ်သည်။
         
ဗီယန်ကျင်းမြို့၏ အရှေ့ဘက် ၁၂၅ ကီလိုမီတာအကွာ အလယ်ပိုင်း Xaisomboun ပြည်နယ်ရှိ ဂူထဲသို့ မေလ ၂၀ ရက်နေ့တွင် ၎င်းတို့ ခုနစ်ဦး ဝင်ရောက်ခဲ့ခြင်းဖြစ်သော်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုချိန်တွင် ပိတ်မိသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံကယ်ဆယ်ရေးအဖွဲ့နှင့် အစိုးရပိုင် Laophatana သတင်းဌာနက ပြောကြားခဲ့သည်။
        
အဖွဲ့ဝင် ၂၆ ဦးပါ ထိုင်းကယ်ဆယ်ရေးအဖွဲ့သည် တနင်္ဂနွေနေ့တွင် ကယ်ဆယ်ရေးလုပ်ငန်းစဉ်သို့ ပူးပေါင်းပါဝင်လာခဲ့ပြီး ပိတ်မိနေသူများရှိရာ အပိုင်းသို့ ရောက်ရှိရန် သိသာထင်ရှားသော တိုးတက်မှုရှိလာကြောင်း သတင်းပို့ခဲ့သည်။
         
“ဒီအချိန်ကစလို့ ကျွန်တော်တို့ရဲ့ အောင်မြင်မှုက မဝေးတော့ဘူးလို့ ယုံကြည်ပါတယ်” ဟု အဖွဲ့ခေါင်းဆောင် ကန်ကတ် ဘွန်းကဝေါင်က တနင်္လာနေ့တွင်တင်ခဲ့သော ဆိုရှယ်မီဒီယာပို့စ်တွင် ပြောကြားခဲ့သည်။
        
ပိတ်မိခဲ့သူ ခုနစ်ဦးသည် ရွှေရှာရန် ဂူထဲဝင်ခဲ့ခြင်းဖြစ်ကြောင်း လာအို ဆစတနာ့ဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့က ပြောကြားခဲ့ပြီး ထိုင်းကယ်ဆယ်ရေးအဖွဲ့သည် ထိုအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နေခြင်းဖြစ်သည်။
        
ထိုင်းကယ်ဆယ်ရေးအဖွဲ့တွင် ၂၀၁၈ ခုနှစ်က ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ရေကြီးနေသော တောင်ပေါ်ဂူတစ်ခုအတွင်း ပိတ်မိနေခဲ့သည့် တောဝက်ဘောလုံးအသင်းဝင်များကို ကယ်တင်ခဲ့သည့် ၁၇ ရက်ကြာ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သော ရေငုပ်သမားနှစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

Ref: ဘန်ကောက်ပို့စ်

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here