Friday, May 1, 2026

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်...

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု...

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊...
HomeNewsLocal Newsလာမည့် ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိသူအားလုံး...

လာမည့် ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိသူအားလုံး နို င်ငံသား ကတ်တစ်မျိုးမျိုး ကိုင်ဆောင်ကာ မဲပေးနိုင်ရေး ဆောင်ရွက်နေကြောင်း လဝကဝန်ကြီးပြော

လာမည့် ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိသူအားလုံး နိုင်ငံသား ကတ်တစ်မျိုးမျိုး ကိုင်ဆောင်ကာ မဲပေးနိုင်ရေး ဆောင်ရွက်နေကြောင်း လဝကဝန်ကြီးပြော

လာမည့်ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး နိုင်ငံသားဖြစ်မှု အရည်အချင်းအရ နိုင်ငံသားကတ်တစ်မျိုးမျိုး ကိုင်ဆောင် မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်နေကြောင်း လဝကဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။

စက်တင်ဘာလ (၉) ရက်နံနက်ပိုင်းက နေပြည်တော်ရှိ လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစ ည်းအဝေးခန်းမ၌ ကျင်းပသည့် ပန်းခင်းစီမံချက် (၁/၂) နှင့် မဲစာရင်းမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

” နောင်ကျင်းပမယ့် ရွေးကောက်ပွဲများမှာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး ၎င်းတို့၏ နိုင်ငံသားဖြစ်မှု အ ရည်အချင်းအရ ကိုင်ဆောင်သင့်တဲ့ ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မိမိတို့ဝန်ကြီး ဌာနမှ ပန်းခင်းစီမံချက်ရေးဆွဲကာ နိုင်ငံတစ်ဝန်း နိုင်ငံသားစိ စစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။

အဆိုပါ ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် မေ (၃) ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ (၃) ရက်အထိ (၁၈) လတာကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေပမာဏ (၃ ဒသမ ၄) သန်းကျော်ကို ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လျာထားဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ယင်းသို့ လျာထားဆောင်ရွက်ခဲ့ရာတွင် လက်ရှိအချိန်၌ တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုတွင် ရာနှုန်းပြည့် ပြီး စီးနေပြီ ဖြစ်ပြီး မြို့နယ်အချို့တွင်သာ လုံခြုံရေးအခြေ အနေ ကန့်သတ်ချက်များကြောင့် ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အတွက် ရာနှုန်းပြည့်ပြီးစီးရန် အ နည်းငယ်သာ ကျန်ရှိနေကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

လတ်တလောတွင် ယခင်လျာထား သတ်မှတ်ချက်၌ မပါ ဝင်သည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ နိုင်ငံအတွ င်း အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်လာခြင်း၊ ကျူး ကျော်အိမ်ရာများတွင် နေထိုင်သည့် အသက်(၁၆)နှစ်နှင့်အထက် အထောက်အထား မရှိသူများ စာရင်းကောက်ယူခြင်းတို့ကြောင့် နိုင်ငံသားကတ်ပြားမရှိသေးသူများ ကျန်ရှိသေးသည့် အတွက် ပန်းခင်းစီမံချက် အဆင့်(၂) အဖြစ်သတ်မှတ်ကာ ယင်းကာလအတွင်း (၁၈) နှစ်ပြည့် လာမည့်လူဦးရေကို ခန့်မှန်း တွက်ချက်၍ လူဦးရေ(၁ ဒသမ ၇) သန်းကျော်ကို နိုင်ငံသားကတ်ပြား ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ထို့ပြင် အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးမှုအရ နိုင်ငံသားကတ်နံပါတ် လွဲမှားမှုများ၊ အချက်အလက်မပြ ည့်စုံသူများ၊ နိုင်ငံသားကတ်ပြား အမှတ်တစ်ခုကို လူတစ်ဦးထက်ပိုမို ကိုင်ဆောင်ခြင်းများ၊ လူတစ်ဦး (သို့မဟုတ်) အိမ်ထောင်စုတစ်ခုသည် တစ်နေရာထက် ပိုမိုနေထိုင်သ ည့်အချက် အလက်များကို စိစစ်တွေ့ရှိရသဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး အချက်အလက် မပြည့်စုံသူများအား ရနိုင်သမျှနည်းလမ်းများဖြင့် ဖြည့်သွင်းဆောင်ရွက်သွားမည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် အင်းတော်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်သိမ်းပိုက်PDF အဖွဲ့ဝင်များ ယာယီစိုးမိုးထားသည့် အင်းတော်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တပ်မတော်စစ်ကြောင်းများက စစ်ကြောင်းခွဲ၍ ထိုးဖောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယနေ့တွင် အင်းတော်မြို့နှင့် ပတ်ဝန်းကျင်ဒေသများကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ကန်းနီ၊ နားရခေါင်၊ ကြာအင်း၊ ကျွန်းတောနှင့် ကူဆိပ်ကျေးရွာတို့ကို အဆင့်ဆင့် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ တစ်ပတ်တာအတွင်း တိုက်ပွဲကြီး/ငယ် (၁၇) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လက်ရှိတွင် အင်းတော်မြို့အတွင်း၌ တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်များ၊ လမ်းတံတားများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများတက်ရောက်၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ယနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှဘုရားလာသူများ၊ ညောင်ရေသွန်းလောင်းပူဇော်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများနှင့် စည်ကားများပြားလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071