Monday, September 21, 2026

ICC ကို ပိတ်ဆို့အရေးယူဖို့ ထရမ့်အစိုးရအဖွဲ့...

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) တစ်ခုလုံးကို ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ ပြင်ဆင်ပြီးဖြစ်တာကြောင့် မကြာခင်မှာပဲ ကြေညာဖို့ စီစဉ်နေတယ်လို့ ဒီကိစ္စနဲ့...

မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်ပေးသည့် CEIR...

ရန်ကုန်၊ စက်တင်ဘာ ၂၁ မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် CEIR OSS (YGN) ရုံးကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းနှင့်...

ဂျပန်-အာဆီယံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် သဘောတူ

မနီလာ၊ စက်တင်ဘာ ၂၁ ဂျပန်နိုင်ငံနှင့် အာဆီယံတို့သည် ကုန်စည်ထောက်ပံ့ရေးကွင်းဆက် ခိုင်မာရေးနှင့် AI နည်းပညာ၏ အခန်းကဏ္ဍ မြင့်တက်လာမှုတို့ကို ထည့်သွင်းစဉ်းစားကာ နှစ်ဖက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို...

မြန်မာနိုင်ငံတွင် 5G စနစ်များ မကြာမီ...

ရန်ကုန်၊ စက်တင်ဘာ ၂၁ မြန်မာနိုင်ငံတွင် 5G စနစ်များကို မကြာမီကာလအတွင်း စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးသည် စက်တင်ဘာ...
HomeNewsLocal Newsလယ်ယာကဏ္ဍမှ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေး တန်ဖိုးကွင်းဆက်တစ်လျှောက်...

လယ်ယာကဏ္ဍမှ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေး တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ဖော်ဆောင်ရန် နိုင်ငံတော်သမ္မတမှာကြား

နေပြည်တော်၊ စက်တင်ဘာ ၂၁

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံ့ထုတ်ကုန်တိုးတက်လာစေရေးအတွက် ထုတ်လုပ်မှုမှ ကုန်ကြမ်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် အားလုံးပါဝင်နိုင်ရေး ချိတ်ဆက်ဖော်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားခဲ့သည်။

“လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

စိုက်ပျိုးရေးကဏ္ဍတွင် မိရိုးဖလာစိုက်ပျိုးရေးမှ စီးပွားဖြစ်လယ်ယာစိုက်ပျိုးရေးသို့ ကူးပြောင်းကာ “မျိုး၊ မြေ၊ ရေ၊ နည်း” အခြေခံအချက်များ ပြည့်စုံစေရေး၊ လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအဖြစ်သာ ရောင်းချခြင်းမပြုဘဲ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ရေးနှင့် ဒေသထွက်ကုန်ကြမ်းအခြေခံ MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။

ထို့ပြင် Digital Agriculture၊ Precision Agriculture နှင့် Artificial Intelligence (AI) နည်းပညာများကို လက်တွေ့အသုံးချရန်နှင့် အစိုးရ၊ တောင်သူလယ်သမားများ၊ ပုဂ္ဂလိကကဏ္ဍ၊ စက်မှုလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်နှင့် သုတေသနအဖွဲ့အစည်းများ ပူးပေါင်း၍ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် မူဝါဒနှင့် လုပ်ငန်းစီမံချက်များ ဖော်ထုတ်သွားရန် တိုက်တွန်းခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ICC ကို ပိတ်ဆို့အရေးယူဖို့ ထရမ့်အစိုးရအဖွဲ့ ပြင်ဆင်ပြီးဖြစ်ကြောင်း သတင်းရင်းမြစ်များပြော

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) တစ်ခုလုံးကို ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ ပြင်ဆင်ပြီးဖြစ်တာကြောင့် မကြာခင်မှာပဲ ကြေညာဖို့ စီစဉ်နေတယ်လို့ ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် နှစ်ဦးက ပြောပါတယ်။ ဒါဟာ ICC အပေါ် အမေရိကန်ရဲ့ တို-က်ခိုက်မှုကို ပိုမိုပြင်းထန်လာစေမယ့် ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။ အစ္စရေးခေါင်းဆောင်တွေအပေါ် ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းတွေအပြင် အာဖဂန်နစ္စတန်က အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး အရင်က စုံစမ်းစစ်ဆေးခဲ့တာတွေကိုပါ တရားရုံးအနေနဲ့ ရုပ်သိမ်းပေးဖို့ အမေရိကန် တာဝန်ရှိသူတွေဖြစ်စေချင်နေတာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက...

မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်ပေးသည့် CEIR OSS (YGN) ရုံး နေရာပြောင်းရွှေ့ဖွင့်လှစ်

ရန်ကုန်၊ စက်တင်ဘာ ၂၁ မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် CEIR OSS (YGN) ရုံးကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန E-Service ရုံးသို့ ယနေ့ စက်တင်ဘာ ၂၁ ရက်မှစတင်၍ နေရာပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်း သိရသည်။ ယခင်က အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်) တွင် ဖွင့်လှစ်ထားသည့် CEIR OSS (YGN) ရုံးကို အမှတ် (၅၉/၆၁)၊ မြေညီထပ်၊ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ E-Service ရုံးသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ CEIR...

ဂျပန်-အာဆီယံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် သဘောတူ

မနီလာ၊ စက်တင်ဘာ ၂၁ ဂျပန်နိုင်ငံနှင့် အာဆီယံတို့သည် ကုန်စည်ထောက်ပံ့ရေးကွင်းဆက် ခိုင်မာရေးနှင့် AI နည်းပညာ၏ အခန်းကဏ္ဍ မြင့်တက်လာမှုတို့ကို ထည့်သွင်းစဉ်းစားကာ နှစ်ဖက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို ပိုမိုခိုင်မာအားကောင်းစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ မနီလာမြို့၌ စက်တင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည့် ဂျပန်-အာဆီယံ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးတွင် နှစ်ဖက်က ယင်းသို့ သဘောတူခဲ့ခြင်းဖြစ်ကြောင်း ဂျပန်အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် ကုန်စည်ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်နိုင်ခြေများနှင့် AI နည်းပညာ၏ အခန်းကဏ္ဍ ပိုမိုတိုးတက်လာမှုတို့အပါအဝင် လက်ရှိစီးပွားရေးအခြေအနေများနှင့် ကိုက်ညီစေရန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071