Monday, September 21, 2026

လယ်ယာကဏ္ဍမှ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေး တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ဖော်ဆောင်ရန်...

နေပြည်တော်၊ စက်တင်ဘာ ၂၁ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံ့ထုတ်ကုန်တိုးတက်လာစေရေးအတွက် ထုတ်လုပ်မှုမှ ကုန်ကြမ်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် အားလုံးပါဝင်နိုင်ရေး ချိတ်ဆက်ဖော်ဆောင်ရန်...

မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်ပေးသည့် CEIR...

ရန်ကုန်၊ စက်တင်ဘာ ၂၁ မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် CEIR OSS (YGN) ရုံးကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းနှင့်...

မြန်မာနိုင်ငံတွင် 5G စနစ်များ မကြာမီ...

ရန်ကုန်၊ စက်တင်ဘာ ၂၁ မြန်မာနိုင်ငံတွင် 5G စနစ်များကို မကြာမီကာလအတွင်း စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးသည် စက်တင်ဘာ...

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကြီးတွင် ကျောက်တုံးကြီးလိမ့်ကျပြီး သတ္တုတွင်းဦးစီးဌာနရုံး...

တောင်ကြီး၊ စက်တင်ဘာ ၂၁ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကမ်းပါးမှ ကျောက်တုံးကြီးတစ်တုံး လိမ့်ကျလာပြီး သတ္တုတွင်းဦးစီးဌာနရုံးကို ဝင်ရောက်တို-က်မိရာ ရုံးအဆောက်အအုံနှင့် ရုံးသုံးပစ္စည်းများ ပျ-က်စီးခဲ့ကြောင်း...
HomeNewsLocal Newsဂျပန်-အာဆီယံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန်...

ဂျပန်-အာဆီယံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် သဘောတူ

မနီလာ၊ စက်တင်ဘာ ၂၁

ဂျပန်နိုင်ငံနှင့် အာဆီယံတို့သည် ကုန်စည်ထောက်ပံ့ရေးကွင်းဆက် ခိုင်မာရေးနှင့် AI နည်းပညာ၏ အခန်းကဏ္ဍ မြင့်တက်လာမှုတို့ကို ထည့်သွင်းစဉ်းစားကာ နှစ်ဖက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို ပိုမိုခိုင်မာအားကောင်းစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မနီလာမြို့၌ စက်တင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည့် ဂျပန်-အာဆီယံ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးတွင် နှစ်ဖက်က ယင်းသို့ သဘောတူခဲ့ခြင်းဖြစ်ကြောင်း ဂျပန်အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် ကုန်စည်ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်နိုင်ခြေများနှင့် AI နည်းပညာ၏ အခန်းကဏ္ဍ ပိုမိုတိုးတက်လာမှုတို့အပါအဝင် လက်ရှိစီးပွားရေးအခြေအနေများနှင့် ကိုက်ညီစေရန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ပြန်လည်သုံးသပ်သွားမည်ဖြစ်သည်။

ထို့ပြင် အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် စွမ်းအင်သယ်ယူပို့ဆောင်ရေးအပေါ် သက်ရောက်လာနိုင်သည့်အခြေအနေများကို ထည့်သွင်းစဉ်းစားကာ ရေနံထောက်ပံ့မှုဖူလုံစေရေးဆိုင်ရာ အစီအမံများကိုလည်း ဆွေးနွေးခဲ့ကြပြီး အာဆီယံနိုင်ငံများ၏ ရေနံသိုလှောင်မှုဆိုင်ရာ ကြိုးပမ်းမှုများကို ဂျပန်နိုင်ငံက ဆက်လက်ပံ့ပိုးသွားမည့်အကြောင်း ထပ်မံအတည်ပြုခဲ့သည်။

ကမ္ဘာ့စီးပွားရေး မသေချာမရေရာမှုများ မြင့်တက်နေချိန်တွင် စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲနိုင်ရန် အာဆီယံနှင့် ဂျပန်တို့ ပူးပေါင်းဆောင်ရွက်ရမည့်အချိန်ဖြစ်ကြောင်း ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ရိုင်ယိုဆေး အာကာဇဝါက အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (AJCEP) သည် ၂၀၀၈ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့ပြီး ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြဋ္ဌာန်းချက်များကို နောက်ပိုင်းတွင် တိုးချဲ့ပြင်ဆင်ခဲ့သည်။ ဂျပန်အစိုးရ၏ ယခင်ထုတ်ပြန်ချက်များတွင်လည်း AJCEP အပါအဝင် ရှိပြီးသား စီးပွားရေးသဘောတူညီချက်များကို လက်ရှိစီးပွားရေးလုပ်ငန်းများနှင့် ကိုက်ညီစေရန် မွမ်းမံနိုင်ခြေကို ဆွေးနွေးထားသည်။

အာဆီယံနှင့် ဂျပန်တို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုအရေးပါလာနေကြောင်း ဖိလစ်ပိုင် ကုန်သွယ်ရေးဝန်ကြီး မာရီယာ ခရစ်စတီးနား ရိုကွေးကလည်း ပြောကြားခဲ့သည်။

Ref: Bangkok Post

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လယ်ယာကဏ္ဍမှ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေး တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ဖော်ဆောင်ရန် နိုင်ငံတော်သမ္မတမှာကြား

နေပြည်တော်၊ စက်တင်ဘာ ၂၁ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံ့ထုတ်ကုန်တိုးတက်လာစေရေးအတွက် ထုတ်လုပ်မှုမှ ကုန်ကြမ်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် အားလုံးပါဝင်နိုင်ရေး ချိတ်ဆက်ဖော်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားခဲ့သည်။ “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍတွင် မိရိုးဖလာစိုက်ပျိုးရေးမှ စီးပွားဖြစ်လယ်ယာစိုက်ပျိုးရေးသို့ ကူးပြောင်းကာ “မျိုး၊ မြေ၊ ရေ၊ နည်း” အခြေခံအချက်များ ပြည့်စုံစေရေး၊ လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအဖြစ်သာ ရောင်းချခြင်းမပြုဘဲ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ရေးနှင့် ဒေသထွက်ကုန်ကြမ်းအခြေခံ MSME...

မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်ပေးသည့် CEIR OSS (YGN) ရုံး နေရာပြောင်းရွှေ့ဖွင့်လှစ်

ရန်ကုန်၊ စက်တင်ဘာ ၂၁ မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် CEIR OSS (YGN) ရုံးကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန E-Service ရုံးသို့ ယနေ့ စက်တင်ဘာ ၂၁ ရက်မှစတင်၍ နေရာပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်း သိရသည်။ ယခင်က အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်) တွင် ဖွင့်လှစ်ထားသည့် CEIR OSS (YGN) ရုံးကို အမှတ် (၅၉/၆၁)၊ မြေညီထပ်၊ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ E-Service ရုံးသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ CEIR...

မြန်မာနိုင်ငံတွင် 5G စနစ်များ မကြာမီ စတင်အသုံးပြုနိုင်မည်

ရန်ကုန်၊ စက်တင်ဘာ ၂၁ မြန်မာနိုင်ငံတွင် 5G စနစ်များကို မကြာမီကာလအတွင်း စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးသည် စက်တင်ဘာ ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ ဟံသာဝတီရုံး၌ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် မိုဘိုင်းတယ်လီဖုန်းအော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများကို တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရန်ကုန်မြို့အတွင်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကေဘယ်ကြိုးများကို အဆင့်လိုက် ရှင်းလင်းဆောင်ရွက်နေသည့် လုပ်ငန်းများတွင် သက်ဆိုင်ရာအော်ပရေတာနှင့် ကုမ္ပဏီများက ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း ဒုတိယဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071