လက်ရှိအခြေအနေတွင် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA)အနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင် ရွက်ရန်လိုအပ်ချက်များကို လဝက ၏ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်နှင့် UNFPA ၏မြန်မာနိုင်ငံဆိုင် ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig တို့ သြဂုတ် ၂၅ ရက်မွန်းလွဲ ၂ နာရီက နေပြည် တော်၌တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံစဉ် လဝက ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူပြီးစီးမှု၊ ရှေ့ပြေးလူဦးရေစာရင်းထုတ်ပြန်ပြီးစီးမှုနှင့် မကြာမီ ပြည် ထောင်စုအဆင့် ပင်မအစီရင်ခံစာထုတ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် လဝက ဝန်ကြီးဌာနနှင့် UNFPA တို့ကြား ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအပါအဝင် လူဦးရေဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများပူးပေါင်းဆောင်ရွက်ခဲ့မှု၊ လက်ရှိအခြေအနေတွင် UNFPA အနေဖြင့် ဝန် ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ ထပ်မံပူးပေါင်းဆောင်ရွက်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ UNFPA ၏ နိုင်ငံခြားသားဝန်ထမ်းများ ပြည်ဝင်ဗီဇာနှင့် နေခွင့်ဆိုင်ရာများ အဆင်ပြေစေရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီခွင့်ပြုဆောင်ရွက်ပေးမှု၊ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေအား UNFPA ရုံးချုပ်သို့ အ သိပေးပြောကြားနိုင်ရေးနှင့် UNFPA အနေဖြင့် လာမည့်ကာလများအတွင်း လဝက ဝန်ကြီးဌာနနှင့် ဆက်လက်လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
