Saturday, September 19, 2026

CNN, MS NOW နဲ့...

CNN, MS NOW နဲ့ Politico သတင်းဌာနတွေကို အိမ်ဖြူတော် ဝင်ခွင့်"ပိတ်လိုက်ပြီ" လို့ သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ မွန်းလွဲပိုင်းမှာ...

သာသနာ့အာဇာနည် ချမ်းမြေ့ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချုပ် ငြိမ်းချုပ်၍...

အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ချမ်းမြေ့ရိပ်သာ နာယကချုပ်၊ မဟာစည်နာယက ပဓာနနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသသည် ယနေ့ နံနက် (၁၁:၄၅) နာရီအချိန်တွင် ရန်ကုန်မြို့ရှိ...

UFC ဖလိုင်းဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ဂျိုရှုဝါဗန်နှင့်...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ယူအက်ဖ်စီ (UFC) ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် လက်ရှိချန်ပီယံ မြန်မာဖိုက်တာ ဂျိုရှုဝါဗန် (Joshua Van) နှင့် ချန်ပီယံဟောင်း...

AML/CFT ၁၈ ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာ...

နေပြည်တော်၊ စက်တင်ဘာ ၁၉ မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုအစီအမံ (Action Plan) များ တိုးတက်အောင်မြင်စေရေး...
HomeNewsLocal Newsရှမ်းပြည်နယ်ထွက် တန်ဖိုးမြှင့် ဟင်းသီးဟင်းရွက်အခြောက်ခံထုတ်ကုန်များ...

ရှမ်းပြည်နယ်ထွက် တန်ဖိုးမြှင့် ဟင်းသီးဟင်းရွက်အခြောက်ခံထုတ်ကုန်များ ဂျပန်ဈေးကွက်သို့ အဓိကတင်ပို့

ရှမ်းပြည်နယ်၊ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်မှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များကို တန်ဖိုးမြှင့်အခြောက်ခံထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်ကာ ဂျပန်နိုင်ငံဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။

ကလောခရိုင်၊ ဟဲဟိုးမြို့နယ်ရှိ မြန်မာဘဲလ် ဟင်းသီးဟင်းရွက်အခြောက်ခံစက်ရုံသည် ဒေသတွင်းထွက်ရှိသည့် ဂေါ်ဖီထုပ်၊ မုန်လာဥရွက်၊ မုန်လာဥနီ၊ မုန်လာဥဖြူနှင့် ဟင်းနုနွယ်ရွက် စသည့်သီးနှံများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်၍ ဂျပန်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။

ဂျပန်ဈေးကွက်သို့ တင်ပို့နိုင်ရန် ကုန်ကြမ်းရရှိသည့် စိုက်ခင်းအဆင့်မှစ၍ အရည်အသွေးစစ်ဆေးခြင်း၊ ရိတ်သိမ်းခြင်း၊ သန့်စင်ခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ အခြောက်ခံခြင်းနှင့် ထုပ်ပိုးခြင်းအထိ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် Food Safety Guideline နှင့်အညီ စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“စိုက်ခင်းကနေ ရရှိလာတဲ့ ကုန်ကြမ်းတွေကို အရည်အသွေးစစ်ဆေးပြီးမှ သုံးစွဲပါတယ်။ ရိတ်သိမ်းတာ၊ သန့်စင်တာ၊ ပြုပြင်ထုတ်လုပ်တာ၊ အခြောက်ခံတာနဲ့ ထုပ်ပိုးတာဆိုတဲ့ ထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံးကို Food Safety Guideline အတိုင်း ဆောင်ရွက်နေတာပါ။ နိုင်ငံတကာအသိအမှတ်ပြု GAP၊ GMP၊ HACCP စတဲ့ စံချိန်စံညွှန်း အသိအမှတ်ပြုလက်မှတ်တွေလည်း ရရှိထားပါတယ်” ဟု ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ခေတ္တပြည်နယ်မှူး ဦးကျော်စိုးက ပြောသည်။

ဒေသထွက်စိုက်ပျိုးရေးထွက်ကုန်များကို ယင်းကဲ့သို့ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲ၍ ဂျပန်ကဲ့သို့ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍအပြင် Processing၊ Packing နှင့် Logistics လုပ်ငန်းများပါ ချိတ်ဆက်ဖွံ့ဖြိုးလာပြီး ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာကြောင်း သိရသည်။

ထို့ပြင် လူငယ်များအတွက် Food Technology၊ Quality Control၊ Packing နှင့် Export လုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ကြောင်း သိရသည်။

ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေဖြင့်လည်း MSME လုပ်ငန်းရှင်များ ဈေးကွက်နှင့် အရင်းအနှီးချေးငွေ ရရှိနိုင်ရေးအတွက် ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသထွက် ပြောင်း၊ အာလူးနှင့် ခရမ်းချဉ်သီးတို့အတွက် နိုင်ငံတကာအဆင့်မီဈေးကွက်များ ပိုမိုရရှိလာစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

CNN, MS NOW နဲ့ Politico သတင်းဌာနတွေ အိမ်ဖြူတော်ကို ဝင်ခွင့်မပြုတော့ဟု ထရမ့်ပြောကြား

CNN, MS NOW နဲ့ Politico သတင်းဌာနတွေကို အိမ်ဖြူတော် ဝင်ခွင့်"ပိတ်လိုက်ပြီ" လို့ သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ မွန်းလွဲပိုင်းမှာ ပြောကြားလိုက်ပါတယ်။ ဒီပိတ်ပင်မှုဟာ "ချက်ချင်း အသက်ဝင်တယ်" လို့ သူက ပြောပေမဲ့၊ သူ့အစိုးရအဖွဲ့အနေနဲ့ ဒါကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတဲ့ အရိပ်အယောင်တော့ မတွေ့ရသေးပါဘူး။ အရှေ့ပိုင်းစံတော်ချိန် မွန်းလွဲ ၃ နာရီလောက်မှာ ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်ကနေ ဒီ "ပိတ်ပင်မှု" ဟာ "သူတို့အနေနဲ့ 'သတင်းတု'...

သာသနာ့အာဇာနည် ချမ်းမြေ့ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချုပ် ငြိမ်းချုပ်၍ ပျံလွန်တော်မူ

အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ချမ်းမြေ့ရိပ်သာ နာယကချုပ်၊ မဟာစည်နာယက ပဓာနနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသသည် ယနေ့ နံနက် (၁၁:၄၅) နာရီအချိန်တွင် ရန်ကုန်မြို့ရှိ ဂရန်းဟံသာ အပြည်ပြည်ဆိုင်ရာ ဆေးရုံကြီး၌ ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ရာ သာသနာတော်အတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်ခဲ့ရပါသည်။ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို ယနေ့ မွန်းလွဲ (၃:၃၀) နာရီအချိန်တွင် ဂရန်းဟံသာ ဆေးရုံကြီးမှ မရမ်းကုန်းမြို့နယ်ရှိ ချမ်းမြေ့ရိပ်သာ စံကျောင်းတော်သို့ ပင့်ဆောင်မည်ဖြစ်ပြီး၊ တပည့်သံဃာတော်များနှင့် သာသနာ့ဒါယကာ၊ ဒါယိကာမများက စံကျောင်းတော်၌ ဆရာတော်ကြီးအား နောက်ဆုံးအကြိမ်...

UFC ဖလိုင်းဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ဂျိုရှုဝါဗန်နှင့် ပန်တိုဂျာ မနက်ဖြန် မကျေပွဲထိုးသ-တ်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၉ ယူအက်ဖ်စီ (UFC) ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် လက်ရှိချန်ပီယံ မြန်မာဖိုက်တာ ဂျိုရှုဝါဗန် (Joshua Van) နှင့် ချန်ပီယံဟောင်း အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre Pantoja) တို့၏ မကျေပွဲ (Rematch) ကို မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။ အဆိုပါ ချန်ပီယံလုပွဲကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ ကျင်းပမည့် UFC 331 ပြိုင်ပွဲ၏ ခေါင်းတွဲဆိုင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071