ရန်ကုန်တိုင်းရှိ ရွှေလင်ဗန်းစက်မှုဇုန်၌ ဘေးတွဲဆိုင်ကယ်ကိုရှောင်သည့်ကားက လျှပ်စစ်ဓာတ်တိုင်(၂)တိုင်ကိုဝင်တိုက်မိ၍ ဓာတ်တိုင်(၂)တိုင်ကျိုးကျခဲ့မှု ယနေ့ မေ ၉ ရက်နေ့လည် ၃ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ထံမှ သိရသည်။
ဘေးတွဲဆိုင်ကယ်အားတိမ်းရှောင်သည့် KIA BONGO III PICKUP ကားက ရွှေလင်ပန်းစက်မှုဇုန်၊ ကနောင်မင်း သားကြီးလမ်းရှိ 33kV ကနောင်-ဇုန်(၇)နှင့် 33kV ကနောင်-FMI Double Circuit Line ၏ 12M (H) Pole လျှပ်စစ်ကွန်ကရစ်ဓာတ်တိုင်(၂)တိုင်အားဝင်တိုက်မိသဖြင့် ယင်း လျှပ်စစ်ဓာတ်တိုင်(၂)တိုင်လုံးကျိုးကာ လျှပ် စစ်ဓာတ်အားပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဓာတ်အားပြတ်တောက်မှုဧရိယာလျော့နည်းစေရန် လိုင်း section ဖြတ်၍ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)ဘက်သို့ ပုံမှန်အတိုင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားကာပျက်စီးသွားသော လျှပ်စစ်ဓာတ်တိုင် (၂)တိုင်အားအစားထိုးလဲလှယ်ရန် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများကဆောင်ရွက်လျှက်ရှိပါကြောင်း သိရသည်။
လက်ရှိအချိန်၌ ယာဉ်တိုက်မှု့ကြောင့် ရွှေလင်ပန်းစက်မှုဇုန်ရှိ အချို့နေရာများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်လျှက်ရှိသည်ဟု YESC ကအသိပေးထားကြောင်း သိရသည်။
