Saturday, September 19, 2026

ပြည်ခိုင်ဖြိုးပါတီ သတ္တမအကြိမ် ဗဟိုကော်မတီအစည်းအဝေး (၂၀၂၆)...

နေပြည်တော်၊ စက်တင်ဘာ ၁၈ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သတ္တမအကြိမ် ဗဟိုကော်မတီအစည်းအဝေး (၂၀၂၆) ကို စက်တင်ဘာ ၁၈ ရက်က နေပြည်တော်၌ ကျင်းပခဲ့ကြောင်း...

ကျိုက္ခမီမြို့လုံးကျွတ် ပျားရည်ဆွမ်းလောင်းလှူပွဲ စက်တင်ဘာ ၂၅...

မွန်ပြည်နယ်၊ ကျိုက္ခမီမြို့တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းနှင့် ပျားရည်ဆွမ်းများ လောင်းလှူပူဇော်ပွဲကို လာမည့် စက်တင်ဘာ ၂၅ ရက် ညနေ ၄နာရီတွင် ကျင်း...

သီပေါတွင် ရိုးရာယဉ်ကျေးမှုပွဲများ ယခုနှစ်မှစ၍ ပြန်လည်ကျင်းပမည်

သီပေါမြို့နယ်၏ လူမှုဘဝပြန်လည်တိုးတက်လာစေရေးနှင့် ဒေသယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးအတွက် ရိုးရာယဉ်ကျေးမှုပွဲလမ်းသဘင်များကို ယခုနှစ်မှစတင်၍ သင့်လျော်သည့်ပုံစံဖြင့် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သီပေါမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ဆိုသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးစိုင်းကောင်းသက်စံနှင့်...

ဖလမ်းမြို့သို့ပြန်လည်ဝင်ရောက်နေထိုင်သည့် ဒေသခံ (၂၁)ရာခိုင်နှုန်းကျော်ရှိလာ

တပ်မတော်က ချင်းပြည်နယ်၊ ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ စစ်ဘေးရှောင်များအဖြစ်တိမ်းရှောင်နေကြရသော ဖလမ်းဒေသခံများမှာနေရပ်များသို့ မေ ၆ ရက်မှစတင်၍ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။ ထိုသို့...
HomeCelebrities' Newsရွှေတိဂုံစေတီပုံရိပ်ကို နင်းပြီးဖျော်ဖြေခဲ့တယ်ဆိုပြီး ဆန္ဒပြခံရတဲ့...

ရွှေတိဂုံစေတီပုံရိပ်ကို နင်းပြီးဖျော်ဖြေခဲ့တယ်ဆိုပြီး ဆန္ဒပြခံရတဲ့ Project K ဘက်က ရပ်တည်လိုက်တဲ့ မောင်မောင်အေး

#Zawgyi

Asia Song Festival 2020 မွာ ပါဝင္ေဖ်ာ္ေျဖခဲ့ၿပီး ေအာက္တိုဘာ ၁၃ရက္ေန႔က ျပန္လည္ေရာက္ရွိခဲ့တဲ့ Project K အဖြဲ႕ကို ေလဆိပ္နားမွာ ဆႏၵလာျပခဲ့ၾကပါတယ္။ Project K အဖြဲ႕ ဟာ ေဖ်ာ္ေျဖစဥ္မွာ ေရႊတိဂုံေစတီပုံရိပ္ကို နင္းခဲ့တဲ့အတြက္ေၾကာင့္ မေက်နပ္ၾကတဲ့အတြက္ အခုလိုဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။ ဒီလိုဆႏၵျပမႈေတြနဲ႔ပတ္သက္ၿပီး ေမာင္ေမာင္ေအးက Project K ဘက္က ရပ္တည္ၿပီး အခုလိုေရးသားခဲ့ပါတယ္

ဘုရားသူခိုး ေထာင္ထြက္ ေၾကးစားလူသတ္ေကာင္ ကိုက်ေတာ့ လြတ္ေျမာက္ပါေစေၾကာင္း ဘုရားမွာ ဆုေတာင္းေပးရတာနဲ႔….ကယ္တင္ရွင္သူရဲေကာင္းအျဖစ္ ငါတို႔သည္ၾကည္လင္းမ်ားသာ ဆိုတဲ့ပရိုဖိုင္းေတြခ်ိန္းၾကရတာနဲ႔….သူ႔ပုံပါတဲ့အကၤ်ီေတာင္ရိုက္ၿပီး ဝတ္လိုက္ၾကေသးတာေနာ္…

ဘုရားေပါင္းမ်ားစြာကိုလက္ခ်ိဳးပူေဇာ္ထားခဲ့ၾကေတာ့လည္း သားတို႔ သမီးတို႔အဲ့ေန႔က ေက်ာင္းမတက္တဲ့႐ုပ္ေတြနဲ႔….

ေရႊဝါေရာင္အေရးအခင္းမွာ ဘုန္းႀကီးေက်ာင္းေတြထဲအထိဝင္ၿပီး နံပါတ္တုတ္ဆြမ္းကပ္ခဲ့ၾကတာတို႔… လယ္တီသိမ္ ဘူဒိုဇာနဲ႔ အၿဖိဳခံရတာတို႔… လက္ပန္းေတာင္းေတာင္ မွာ မီးေလာင္ဗုံးေၾကာင့္ ဆရာေတာ္ေတြ တကိုယ္လုံး မီးသင့္ခဲ့ရတာေတြက အေမရိကားမွာပဲ ျဖစ္ခဲ့လို႔ ကိုယ္နဲ႔မဆိုင္သလိုလို….

အခု Project K အဖြဲ႕ရဲ့ ရည္ရြယ္ခ်က္လုံးဝမရွိခဲ့ေသာ …ဘယ္လိုနည္းနဲ႔မွ ဒါမ်ိဳးနင္းျပၾကမယ္ေဟ့ ဆိုၿပီး ႀကံစည္ရဲၾကမွာမဟုတ္ဆိုတာ အသက္ေၾကးေတာင္ေလာင္းရဲသလို ပိုက္ဆံေတြေတာင္းသေလာက္ပုံေပးမယ္ .. အခုလို ဘုရားပုံထိုးၿပီးနင္းျပၾကလို႔ ခိုင္းရင္ေတာင္ က်ိန္းေသ ျငင္းၾကမဲ့ကေလးေတြ …. သူတို႔တေယာက္ခ်င္းစီရဲ့ လိမၼာယဥ္ေက်းတဲ့ ေနထိုင္ေျပာဆိုဆက္ဆံမႈေတြ…. သူတို႔တေယာက္ခ်င္းစီရဲ့ FB account ေတြမွာ ဘာသာေရးေစာ္ကားဖို႔မေျပာနဲ႔…hate speech ေတြေတာင္ မရွိခဲ့တာေတြက သူတို႔ရဲ့ရပ္တည္မႈေတြကို ေဖာ္ျပေနခဲ့တာ…

တဖြဲ႕လုံးလည္း ေသေသခ်ာခ်ာ တိုင္းသိျပည္သိေတာင္းပန္ၿပီးသြားၿပီ…

သူတို႔ကိုယ္တိုင္ စင္ေပၚမွာ ဘယ္လိုမွ မသိနိုင္လိုက္တဲ့ အမွားတခု… ( သင္ခန္းစာယူစရာဆိုလို႔ ေနာက္ဆို full rehearsal လုပ္ၿပီးတာနဲ႔ မန္ေနဂ်ာကေနၿပီး ေဖ်ာ္ေျဖမႈ အစအဆုံးကို Video ျပန္ၾကည့္ရင္း အေသးစိတ္ေထာင့္ေပါင္းစုံကေန final ျပန္စစ္ေဆးရမယ္ .. ၿပီးရင္ တကယ့္ပြဲမွာ အဲ့အတိုင္းပဲ ေနာက္ခံျပသမႈ – မီး – အသံ အကုန္ ျဖစ္ရမယ္ ဆိုတဲ့ သတိကပ္ေနေပးနိုင္တဲ့သူကို ေခၚသြားရမဲ့ သင္ခန္းစာ ) ဒါကို ေသခ်ာရွင္းၿပ ေတာင္းပန္ေနခဲ့တာေတာင္ အခဲမေက်နိုင္ဘဲ မန႔္ေတြမွာ မေအ ႏွမေတြမႊန္ထူေနေအာင္ဆဲၿပီး သတ္ပစ္ဖို႔ေတြပါ ႀကိမ္းေမာင္းၾကတဲ့ ကီးဘုတ္ဖိုက္တာေတြ… သူ႔အသက္ကိုရန္ရွာတာေတာင္ခြင့္လႊတ္ေပးေတာ္မူတဲ့ ဗုဒၶရဲ့ တရားေတာ္ကို လက္ကိုင္ထားၾကသူေတြဆိုၿပီး ေလဆိပ္မွာ အဖြဲ႕ရဲ့ စာလုံးေပါင္းေတာင္မွန္ေအာင္မေပါင္းနိုင္ရွာဘဲ ဆန႔္က်င္ၾက .. ကန႔္ကြက္ၾက.. တိုင္းျပည္ကေတာင္ႏွင္ထုတ္ခ်င္ၾကသတဲ့…

ခြင့္လႊတ္တတ္ၾကပုံမ်ား…ပုံေတြၾကည့္ၿပီး မ်က္လုံးအဝိုင္းသားျဖစ္ရတယ္….

သည္းခံျခင္း နားလည္ခြင့္လႊတ္ျခင္း နဲ႔ ႏူးညံ့ၾကင္နာသနားတတ္ျခင္းဆိုတဲ့အရာေတြဟာ သင္ယူ က်င့္ႀကံ ပြားမ်ားစရာ မဟုတ္ဘူးလား… ဆိုတာ အဲ့လို အပူေဒါသေတြအုံႂကြတဲ့အခါေတြမွာ ပါပါလာတတ္တဲ့ ဘုရားသားေတာ္ေတြကိုလည္း ေသခ်ာေမးၾကည့္ခ်င္ေတာ့တယ္…

အေမွာင္တကာ့အေမွာင္ဆုံးထဲမွာ ဉာဏ္ပညာ နဲ႔ ခ်စ္ျခင္းတရား အေမွာင္ဖုံးခံရမွာ အေၾကာက္ဆုံးမို႔လို႔ အေမွာင္ထဲကသူေတြလာဆဲၾကမွာသိသိႀကီးနဲ႔ ဒီပို႔စ္ကိုေရးပါတယ္…

ဟိုလူဖ်က္မွာ ​စိုးလို႔ ဒီလူ လာဖ်က္မွာေၾကာက္လို႔ ဆိုတဲ့သူေတြအေနနဲ႔ ဘယ္သူမွ လာဖ်က္လို႔မရနိုင္တဲ့ ကိုယ့္ႏွလုံးသားထဲမွာ ဘုရားတည္နိုင္ၾကသူေတြ ျဖစ္ၾကပါေစသား……

#Unicode

Asia Song Festival 2020 မှာ ပါဝင်ဖျော်ဖြေခဲ့ပြီး အောက်တိုဘာ ၁၃ရက်နေ့က ပြန်လည်ရောက်ရှိခဲ့တဲ့ Project K အဖွဲ့ကို လေဆိပ်နားမှာ ဆန္ဒလာပြခဲ့ကြပါတယ်။ Project K အဖွဲ့ ဟာ ဖျော်ဖြေစဥ်မှာ ရွှေတိဂုံစေတီပုံရိပ်ကို နင်းခဲ့တဲ့အတွက်ကြောင့် မကျေနပ်ကြတဲ့အတွက် အခုလိုဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး မောင်မောင်အေးက Project K ဘက်က ရပ်တည်ပြီး အခုလိုရေးသားခဲ့ပါတယ်။

ဘုရားသူခိုး ထောင်ထွက် ကြေးစားလူသတ်ကောင် ကိုကျတော့ လွတ်မြောက်ပါစေကြောင်း ဘုရားမှာ ဆုတောင်းပေးရတာနဲ့….ကယ်တင်ရှင်သူရဲကောင်းအဖြစ် ငါတို့သည်ကြည်လင်းများသာ ဆိုတဲ့ပရိုဖိုင်းတွေချိန်းကြရတာနဲ့….သူ့ပုံပါတဲ့အင်္ကျီတောင်ရိုက်ပြီး ဝတ်လိုက်ကြသေးတာနော်…

ဘုရားပေါင်းများစွာကိုလက်ချိုးပူဇော်ထားခဲ့ကြတော့လည်း သားတို့ သမီးတို့အဲ့နေ့က ကျောင်းမတက်တဲ့ရုပ်တွေနဲ့….

ရွှေဝါရောင်အရေးအခင်းမှာ ဘုန်းကြီးကျောင်းတွေထဲအထိဝင်ပြီး နံပါတ်တုတ်ဆွမ်းကပ်ခဲ့ကြတာတို့… လယ်တီသိမ် ဘူဒိုဇာနဲ့ အဖြိုခံရတာတို့… လက်ပန်းတောင်းတောင် မှာ မီးလောင်ဗုံးကြောင့် ဆရာတော်တွေ တကိုယ်လုံး မီးသင့်ခဲ့ရတာတွေက အမေရိကားမှာပဲ ဖြစ်ခဲ့လို့ ကိုယ်နဲ့မဆိုင်သလိုလို….

အခု Project K အဖွဲ့ရဲ့ ရည်ရွယ်ချက်လုံးဝမရှိခဲ့သော …ဘယ်လိုနည်းနဲ့မှ ဒါမျိုးနင်းပြကြမယ်ဟေ့ ဆိုပြီး ကြံစည်ရဲကြမှာမဟုတ်ဆိုတာ အသက်ကြေးတောင်လောင်းရဲသလို ပိုက်ဆံတွေတောင်းသလောက်ပုံပေးမယ် .. အခုလို ဘုရားပုံထိုးပြီးနင်းပြကြလို့ ခိုင်းရင်တောင် ကျိန်းသေ ငြင်းကြမဲ့ကလေးတွေ …. သူတို့တယောက်ချင်းစီရဲ့ လိမ္မာယဉ်ကျေးတဲ့ နေထိုင်ပြောဆိုဆက်ဆံမှုတွေ…. သူတို့တယောက်ချင်းစီရဲ့ FB account တွေမှာ ဘာသာရေးစော်ကားဖို့မပြောနဲ့…hate speech တွေတောင် မရှိခဲ့တာတွေက သူတို့ရဲ့ရပ်တည်မှုတွေကို ဖော်ပြနေခဲ့တာ…

တဖွဲ့လုံးလည်း သေသေချာချာ တိုင်းသိပြည်သိတောင်းပန်ပြီးသွားပြီ…

သူတို့ကိုယ်တိုင် စင်ပေါ်မှာ ဘယ်လိုမှ မသိနိုင်လိုက်တဲ့ အမှားတခု… ( သင်ခန်းစာယူစရာဆိုလို့ နောက်ဆို full rehearsal လုပ်ပြီးတာနဲ့ မန်နေဂျာကနေပြီး ဖျော်ဖြေမှု အစအဆုံးကို Video ပြန်ကြည့်ရင်း အသေးစိတ်ထောင့်ပေါင်းစုံကနေ final ပြန်စစ်ဆေးရမယ် .. ပြီးရင် တကယ့်ပွဲမှာ အဲ့အတိုင်းပဲ နောက်ခံပြသမှု – မီး – အသံ အကုန် ဖြစ်ရမယ် ဆိုတဲ့ သတိကပ်နေပေးနိုင်တဲ့သူကို ခေါ်သွားရမဲ့ သင်ခန်းစာ ) ဒါကို သေချာရှင်းပြ တောင်းပန်နေခဲ့တာတောင် အခဲမကျေနိုင်ဘဲ မန့်တွေမှာ မအေ နှမတွေမွှန်ထူနေအောင်ဆဲပြီး သတ်ပစ်ဖို့တွေပါ ကြိမ်းမောင်းကြတဲ့ ကီးဘုတ်ဖိုက်တာတွေ… သူ့အသက်ကိုရန်ရှာတာတောင်ခွင့်လွှတ်ပေးတော်မူတဲ့ ဗုဒ္ဓရဲ့ တရားတော်ကို လက်ကိုင်ထားကြသူတွေဆိုပြီး လေဆိပ်မှာ အဖွဲ့ရဲ့ စာလုံးပေါင်းတောင်မှန်အောင်မပေါင်းနိုင်ရှာဘဲ ဆန့်ကျင်ကြ .. ကန့်ကွက်ကြ.. တိုင်းပြည်ကတောင်နှင်ထုတ်ချင်ကြသတဲ့…

ခွင့်လွှတ်တတ်ကြပုံများ…ပုံတွေကြည့်ပြီး မျက်လုံးအဝိုင်းသားဖြစ်ရတယ်….

သည်းခံခြင်း နားလည်ခွင့်လွှတ်ခြင်း နဲ့ နူးညံ့ကြင်နာသနားတတ်ခြင်းဆိုတဲ့အရာတွေဟာ သင်ယူ ကျင့်ကြံ ပွားများစရာ မဟုတ်ဘူးလား… ဆိုတာ အဲ့လို အပူဒေါသတွေအုံကြွတဲ့အခါတွေမှာ ပါပါလာတတ်တဲ့ ဘုရားသားတော်တွေကိုလည်း သေချာမေးကြည့်ချင်တော့တယ်…

အမှောင်တကာ့အမှောင်ဆုံးထဲမှာ ဉာဏ်ပညာ နဲ့ ချစ်ခြင်းတရား အမှောင်ဖုံးခံရမှာ အကြောက်ဆုံးမို့လို့ အမှောင်ထဲကသူတွေလာဆဲကြမှာသိသိကြီးနဲ့ ဒီပို့စ်ကိုရေးပါတယ်…

ဟိုလူဖျက်မှာ ​စိုးလို့ ဒီလူ လာဖျက်မှာကြောက်လို့ ဆိုတဲ့သူတွေအနေနဲ့ ဘယ်သူမှ လာဖျက်လို့မရနိုင်တဲ့ ကိုယ့်နှလုံးသားထဲမှာ ဘုရားတည်နိုင်ကြသူတွေ ဖြစ်ကြပါစေသား……

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071