Tuesday, August 4, 2026

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ –...

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄...

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့်...

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာကိုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ဩဂုတ် ၂ ရက်မှ ၆...
HomeNewsLocal Newsရွှေဈေးဝုန်းဒိုင်းကြဲ မတက်ရေး ထိန်းသိမ်းနေဟုဆို

ရွှေဈေးဝုန်းဒိုင်းကြဲ မတက်ရေး ထိန်းသိမ်းနေဟုဆို

ရွှေဈေးဝုန်းဒိုင်းကြဲ မတက်ရေး ထိန်းသိမ်းနေဟုဆို

ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းလှုပ်ခတ်လာကာအရောင်းရော၊အဝယ်ပါ တက်လာသည်ဟု ရွှေဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။

ယနေ့ ဖေဖော်ဝါရီ ၂၆ရက် နေ့လည်ပိုင်းတွင် ပြည်တွင်းအခေါက်ရွှေ၁ကျပ်သားကို ၁၉ သိန်း၂သောင်းကျော်ရှိနေသည်။

ကမ္ဘာ့ရွှေဈေးက အမေရိကန်ဒေါ်လာ ၁၉၀၀၀န်းကျင်ရှိနေပြီး အမေရိကန်ဒေါ်လာဈေးပါ အနည်းငယ်လှုပ်ခတ်လာ၍ ပြည်တွင်းရွှေဈေးလှုပ်ခတ်လာသည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက မှတ်ချက်ပြုထားသည်။

ယင်းအပြင် လက်ရှိရွှေဈေးကွက်တွင် ယခင်ကကဲ့သို့ ရက်ရွှေ့ဆိုင်းပေးခြင်းမျိုးမဆောင်ရွက်ဘဲ၊ လက်ငင်းငွေချေစနစ်ကို ကျင့်သုံးနေပြီး ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးထက် ရုတ်တရက်ထိုးမတက်အောင် ဆောင်ရွက်နေကာ ဈေးငြိမ်အောင် ထိန်းသိမ်းနေကြောင်းလည်း ပြောဆိုသည်။

ကုန်သည်များ၏ ဝယ်လိုအားအပြင် တစ်ဘက်တွင်လည်း ပဲ၊နှမ်း၊စပါးစသည့် သီးနှံ ပေါ်ချိန်ဖြစ်နေ၍ ရွှေဝယ်လိုအားက ယခင်ထက် ပိုတိုးလာနေသည်။

“အရင်လိုတော့ ဝုန်းဒိုင်းကြဲပြီး ဈေးထိုးမတက်အောင်တော့ ကျွန်တော်တို့တာဝန်ယူပါတယ်”ဟု အသင်းဥက္ကဌဦးမျိုးမြင့်က အင်တာဗျူးတစ်ခုတွင် ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၅ရက်ကလည်း ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရန်ကုန်တိုင်းရွှေအသင်းတွင် အစည်းအဝေးလုပ်ပြီး ရွှေအရောင်းအဝယ်အား ညနေ ၄နာရီနောက်ဆုံး ထားဆောင်ရွက်ရန်၊အသင်းရုံးခန်းပြင်ပတွင် ရွှေအရောင်းအဝယ်ဆောင်ရွက်နေသည့် အသင်းဝင်များအား တစ်လတိတိ အသင်းမှ ယာယီရပ်ဆိုင်းရန် အစရှိသည့် ဆုံးဖြတ်ချက်များအား ချမှတ်ခဲ့ကြောင်း သိရှိရသည်။

Zaw Gyi

ေ႐ႊေဈးဝုန္းဒိုင္းႀကဲ မတက္ေရး ထိန္းသိမ္းေနဟုဆို

ျပည္တြင္းေ႐ႊေဈးကြက္အတြင္း ေဈးႏႈန္းလႈပ္ခတ္လာကာအေရာင္းေရာ၊အဝယ္ပါ တက္လာသည္ဟု ေ႐ႊေဈးကြက္အတြင္းမွစုံစမ္းသိရွိရသည္။

ယေန႔ ေဖေဖာ္ဝါရီ ၂၆ရက္ ေန႔လည္ပိုင္းတြင္ ျပည္တြင္းအေခါက္ေ႐ႊ၁က်ပ္သားကို ၁၉ သိန္း၂ေသာင္းေက်ာ္ရွိေနသည္။

ကမာၻ႔ေ႐ႊေဈးက အေမရိကန္ေဒၚလာ ၁၉၀၀၀န္းက်င္ရွိေနၿပီး အေမရိကန္ေဒၚလာေဈးပါ အနည္းငယ္လႈပ္ခတ္လာ၍ ျပည္တြင္းေ႐ႊေဈးလႈပ္ခတ္လာသည္ဟု ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက မွတ္ခ်က္ျပဳထားသည္။

ယင္းအျပင္ လက္ရွိေ႐ႊေဈးကြက္တြင္ ယခင္ကကဲ့သို႔ ရက္ေ႐ႊ႕ဆိုင္းေပးျခင္းမ်ိဳးမေဆာင္႐ြက္ဘဲ၊ လက္ငင္းေငြေခ်စနစ္ကို က်င့္သုံးေနၿပီး ေဈးကြက္အတြင္း ျဖစ္သင့္ျဖစ္ထိုက္သည့္ေဈးထက္ ႐ုတ္တရက္ထိုးမတက္ေအာင္ ေဆာင္႐ြက္ေနကာ ေဈးၿငိမ္ေအာင္ ထိန္းသိမ္းေနေၾကာင္းလည္း ေျပာဆိုသည္။

ကုန္သည္မ်ား၏ ဝယ္လိုအားအျပင္ တစ္ဘက္တြင္လည္း ပဲ၊ႏွမ္း၊စပါးစသည့္ သီးႏွံ ေပၚခ်ိန္ျဖစ္ေန၍ ေ႐ႊဝယ္လိုအားက ယခင္ထက္ ပိုတိုးလာေနသည္။

“အရင္လိုေတာ့ ဝုန္းဒိုင္းႀကဲၿပီး ေဈးထိုးမတက္ေအာင္ေတာ့ ကြၽန္ေတာ္တို႔တာဝန္ယူပါတယ္”ဟု အသင္းဥကၠဌဦးမ်ိဳးျမင့္က အင္တာဗ်ဴးတစ္ခုတြင္ ေျပာဆိုသည္။

ေဖေဖာ္ဝါရီ ၂၅ရက္ကလည္း ေ႐ႊေဈးႏႈန္းတည္ၿငိမ္ေရးအတြက္ ရန္ကုန္တိုင္းေ႐ႊအသင္းတြင္ အစည္းအေဝးလုပ္ၿပီး ေ႐ႊအေရာင္းအဝယ္အား ညေန ၄နာရီေနာက္ဆုံး ထားေဆာင္႐ြက္ရန္၊အသင္း႐ုံးခန္းျပင္ပတြင္ ေ႐ႊအေရာင္းအဝယ္ေဆာင္႐ြက္ေနသည့္ အသင္းဝင္မ်ားအား တစ္လတိတိ အသင္းမွ ယာယီရပ္ဆိုင္းရန္ အစရွိသည့္ ဆုံးျဖတ္ခ်က္မ်ားအား ခ်မွတ္ခဲ့ေၾကာင္း သိရွိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်၊ ဆင်ဘိုကုန်းရပ်ကွက်၊ စိမ်းမြောက်(ပေ ၆၀ လမ်း)၊ အောင်ချမ်းသာရပ်ကွကနှင့် အုတ်ကျင်းရပ်ကွက်များအတွင်းသို့ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ရင်းချောင်းရေမြင့်တက်ပြီး ချောင်းဘေးတစ်လျှောက်ရှိနေအိမ်များအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေသည့် ရပ် ကွက်များရှိ နေအိမ်များအတွင်းနှင့် နမ့်ရင်းချောင်းဘေးတွင်နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး စည်းညီညွတ်ရေးပါတီ(UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့လာရောက်ဂါရဝပြုတွေ့ဆုံ   တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်နေဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင် နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက နိုင်ငံ တော်အစိုးရသစ်လက်ထက်တွင် တိုင်း ပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ် နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန် သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် UWSP ဒုတိယဥက္ကဋ္ဌဦးဒုတိယဥက္ကဋ္ဌဦးကျောက်ကော်အန်းတိို့သည် နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိ ဋ္ဌာန်ချမှတ်၍ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအားလုံးကိုဖိတ်ခေါ်ဆွေး နွေးလျက်ရှိမှု၊ နိုင်ငံတော်အနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ – ၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိ

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄ ရက် ညနေပိုင်းတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၇ ဂိုး - ၂ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ရန် အလားအလာကောင်းနေကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်၏ ပထမပိုင်း ပွဲချိန်အပြီးတွင် မြန်မာအသင်းက ၄ ဂိုး - ၂ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071